ခိုင်အောင်ကျော် (နယူးယောက်) မှတ်စုမှတ်တမ်း သူတို့အာဘော်
သူတို့  စွန့် လွှတ်ခဲ့  အနစ်နာခံခဲ့ ကြဖူးသည် -ခု သူတို့  ပြည်သူများရှိရာ လာခဲ့ ကြပြီ (Khaing Aung Kyaw)
သူတို့  စွန့် လွှတ်ခဲ့  အနစ်နာခံခဲ့ ကြဖူးသည် -ခု သူတို့  ပြည်သူများရှိရာ လာခဲ့ ကြပြီ
ခိုင်အောင်ကျော် (နယူးယောက်)၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
ရခိုင်အမျိုးသားကောင်စီက ခုဆိုမြန်မာနိုင်ငံ ရန်ကုန်မြို့ မှာ ရောက်နေပြီ ။ သူတို့ ကို ရခိုင်လူမျိုးများနှင့် တွေ့ ဆုံပြီး ဟောပြောပွဲ ပြုလုပ်ရန်အတွက် ရခိုင်လူငယ်အဖွဲ့  က ဘဏ္ဍာရေးမှူးး ကိုဖိုးသားခေါ် ကိုခင်မောင်လင်းက ပြောပြသည် ။ ယခုပြည်တော်ကို ခဏအလည်လာကြသော ပုဂ္ဂိုလ်တို့ ကို ကျွန်တော်က ဖေါက်သည်ချပေးချင်စိတ် ပေါ်လာသည် ။ ယနေ့ လူငယ်များတို့ သည် ရခိုင်လူကြီးများ၏ ဘ၀ဖြတ်သန်းမှုများကို တနည်းအားဖြင့် မသိတစ်ဝက် သတိတစ်ဝက် ဖြစ်နေကြရသည် ။ ၄င်းမှာ ရခိုင်နိုင်ငံရေးလောကက ပုဂ္ဂိုလ်များ၏ ဖြတ်သန်းလာသော ဘ၀အခြေအနေများကို သမိုင်းတင်မှတ်တမ်းမတင်ထားကြ၍ြ
ဖစ်သည် ။ အားနည်းချက်တစ်ခုမှာလည်း ပုဂ္ဂိုလ်ကြီးများက သူတို့ ၏ အတ္ထုပတ္တိကိုယ်ရေးအချက်အလက်များကို ပြုစုရေးသားထားရန် စာပေအားဖြင့် အားမသန်ကြခြင်းလည်းပါသည်ဟုထင်သည် ။
အိန္ဒိယနိုင်ငံတွင်-၂၀၁၄-ခုနှစ် ဒုတိယအကြိမ်မြောက် ကျင်းပနိုင်ခဲ့ ကြပြီး နောက်ပိုင်း၌ ဂိုဏ်းဂဏဆန်သွားကြကာ ရခိုင်ပြည်အမျိုးသားကောင်စီကား ၄င်းအချိန်မှစပြီး နှစ်ခြမ်းကွဲသွားကြသည် ။ တစ်ခြမ်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် ရှိသော်လည်း ၄င်းအဖွဲ့ ကို မလေးရှားမှ -ANC-S-အဖွဲ့ က ငွေကြေးထောက်ပံ့ ကာ ရုံးခမ်းဖွင့်လှစ်ပေးနေခဲ့ ကြသည် ။ နောက်တစ်ခြမ်းက ဘင်္ဂလားဒေ့င်္ရှတွင်  ဒေါက်တာခင်မောင်တို့ ကအခြေစိုက်ကာ ရပ်တည်နေခဲ့ ကြသည် ။ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ တွင် ရခိုင်ပြည်အမျိုးသားကောင်စီညီလာခံကို ကျင်းပကြသလို ထိုင်းနိုင်ငံတွင်လည်း ရခိုင်ပြည်အမျိုးသားကောင်စီညီလာခံကို ကျင်းပကြသည် ။ ယခုမြန်မာနိုင်ငံသို့ လာရောက်ကြသော ရခိုင်ပြည်အမျိုးသားကောင်စီသည်  ထိုင်းနိုင်ငံက ညီလာခံတွင်  ဖွဲ့ စည်းထားသော အဖွဲ့ အစည်းဖြစ်ပြီး -UNFC-အဖွဲ့ အစည်း၌  အသိအမှတ်ပြု ခံရသော -ANC-ဖြစ်သည် ။ မလေးရှားက ကြောထောက်နောက်ခံပြုပေးထားသော အဖွဲ့ အစည်းကိုမူ -UNFC-မှ အသိအမှတ်မပြုကြောင်း သိရသည် ။
ယခုမြန်မာနိုင်ငံသို့ လာရောက်ကြသော ရခိုင်ပြည်အမျိုးသားကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဆရာတော်ကြီး ဦးသီဟမှာ မြောက်ဦးဇါတိဖြစ်ပြီး  အိန္ဒိယနိုင်ငံ ဗာရာဏသီတက္ကသိုလ်က ကျေးဇူးရှင်ဆရာတော်ဦးဥတ္တမဘ၀ကို စာတမ်းတင်ကာ ဘွဲ့ ယူခဲ့ သော ဒေါက်တာဦးသီဟဖြစ်သည် ။ ဒေါက်တာအရှင် ဦးသီဟမှာ မည်သည့်အခါမှ ဒေါက်တာဘွဲ့ ရရှိထားသူဖြစ်သည်ဟု တစ်လုံးတစ်ပါဒမျှ ထုတ်ဖေါ်ပြောဆိုသူလည်း မဟုတ်ရာ ရင်းနှီးခင်မင် သိကျွမ်းသူအနည်းငယ်ခန့် သာ သိရှိကြရသူဖြစ်သည် ။
ဒေါက်တာအရှင် ဦးသီဟမှာ -၁၉၈၈-ခုနှစ် ဒီမိုကရေစီအရေးအခင်းဖြစ်ပြီးနောက်   ဘင်္ဂလားဒေ့ရှင်္နိုင်ငံသို့  ထွက်ခွာလာပြီးနောက် ရခိုင်တော်လှန်ရေးအဖွဲ့ အစည်းများ- ရခိုင်နိုင်ငံရေးအဖွဲ့ အစည်းများကို ဦးဆောင်ညွှန်ကြားကာ တစ်ပါးတည်းသော ရခိုင်တော်လှန်ရေးသမားကြီး ဖြစ်သည်ဟု ပြည်ပ၌ မှတ်တမ်းတင် ဂုဏ်ပြုခံထားရသည့် -Phd -ဆရာတော်ကြီးဖြစ်သည် ။ စင်စစ်အားဖြင့် ပြောရလျှင် ရခိုင်တော်လှန်ရေး ရခိုင်နိုင်ငံရေးလောကမှာ ဒေါက်တာအရှင် ဦးသီဟကား တစ်ဂူတည်း၌ အောင်းနေသော ခြင်္သေ့တစ်ကောင် ဖြစ်နေသူဟု ပြော၍ရနိုင်ကောင်းသည် ။ မနေ့ က ဖုံးဆက်ပြောဖြစ်ရာ မြောက်ဦးမြို့ ကို သွားရောက်ပြီး မိဖများကို သွားရောက်တွေ့ ဆုံရန် သွားလိုက်ပါလားဟု ပြောတော့ မိဖများမှာ ကွယ်လွန်သွားခဲ့ ပြီဖြစ်ကြောင်းနှင့် အခွင့်သာလျှင် စစ်တွေ-မြောက်ဦးမြို့ သို့  ကြွချီမည်ဖြစ်ကြောင်း မိန့် တော်မူခဲ့ သည် ။  နှစ်ပေါင်း-၂၆-နှစ်တိုင်တိုင် မရောက်နိုင်ခဲ့ သော ဒေါက်တာအရှင်ဦးသီဟ၏ ဦးဆောင်မှုဖြင့် ဤနိုင်ငံရေးခရီးကို စတင်သည်ဟု ပြော၍ရသည် ။
ရခိုင်ပြည်အမျိုးသားကောင်ဒီ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခင်မောင်ကား ရခိုင်တော်လှန်ရေးသမားများ-ရခိုင်နိုင်ငံတော်လှန်ရေးသမားများလောကမှာပါနှင့် အခြားတိုင်းရင်းသားလူမျိုးလောကမှာရော မသိသူမရှိ ဆရာဝန်တော်လှန်ရေးသမား တစ်ယောက်ဖြစ်သည် ။  ရန်ကုန်ဆေးတက္ကသိုလ်ကို စတုတ္ထနှစ် တက်ရောက်သင်ကြားနေချိန် -၁၉၆၈-ခုနှစ်ကပင် ရခိုင်ပြည်တော်လှန်ရေးအဖွဲ့ –AIO-ကို စစ်ဦးစီးချုပ်ထွန်းရွှေမောင်က ဖွဲ့ စည်းစဉ် ကချင်တော်လှန်ရေးနယ်မြေသို့ သွားရောက်တောခိုခဲ့ သူဖြစ်သည် ။ ၄င်းအချိန်ကပင် ကချင်မှသည် ရခိုင်ပြည်သို့  တော်လှန်ရေးခရီးရှည်ကို ဖြတ်ကျော်လာပြီးနောက် -AIO-အဖွဲ့  ပျက်စီးသွားသော်လည်း ဆက်တိုက်ရခိုင်တော်လှန်ရေးကို တပ်ဦးမှ ပါဝင်ခဲ့ နေသူဖြစ်သည် ။ ဗိုလ်ချုပ်ခိုင်ရာဇါ၏ ရခိုင့်တပ်မတော်တွင် နိုင်ငံခြားရေးတာဝန်ကို ထမ်းဆောင်ခဲ့ သူဖြစ်သည် ။ ယခုလက်ရှိအချိန်တွင် -UNFC-၌ အဖွဲ့ ဝင်အဖြစ် ပါဝင်ပြီး နှစ်ပေါင်း-၄၀-ခန့်  ခြေချ မရောက်နိုင်ခဲ့ သော ရခိုင်ပြည်သို့  ပထမဦးဆုံးခြေချသူဖြစ်သည် ။
ရခိုင်ပြည်အမျိုးသားကောင်စီကို စတင်ဖွဲ စည်းစဉ်ကပင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ဦးမောင်မောင်မှာ စစ်တွေမြို့ သားစစ်စစ်ဖြစ်သည် ။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တစ်ယောက်တည်းသော လက်နက်မချ-အလံမလှဲသူ တော်လှန်ရေးသမားဖြစ်သည် ။  မြန်မာနိုင်ငံလွပ်လွပ်ရေးရရှိပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ တောခိုကြသည့်အခါ စည်းရုံးရေး-လက်နက်တောင့်တင်းရေးတွင် အဖက်ဖက်မှ သာလွန်သောကြောင့် ၄င်းအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီသို့ ခေတ်ပညာတတ် ရခိုင်လူငယ်များစွာ တောခိုသွားကြသည် ။ ဦးမောင်မောင်မှာ ၄င်းအချိန်ကပင် ဗမာပြည်ကွန်မြူနစ်ပါတီ ( ရခိုင်ပြည် ) တွင် ဗဟိုကော်မီတီ၌ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည် ။ ဗမာပြည်ကွန်မြူနစ်ပါတီ ( ရခိုင်ပြည်  ) မှ ဥက္ကဋ္ဌဖြစ်သူ ဦးစောထွန်းဦးက ပြည်တွင်းဝင်ရောက်သွားသော်လည်း ဦးမောင်မောင်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဦးတည်း တော်လှန်ရေးသမားအဖြစ် ရပ်တည်နေခဲ့ သည် ။ ရခိုင်ပြည်အမျိုးသားကောင်စီကို စတင်ဖွဲ့ စည်းစဉ် တစ်သီးပုဂ္ဂလအဖြစ် တက်ရောက်လာသော်လည်း အတွင်းရေးမှူးးအဖြစ် ရွေးချယ်ခံရကာ ယခုအချိန်ထိ ကျန်းမာရေးမကောင်းသည့်ကြားမှ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်လျှက်ပင် ရှိနေသေးသည် ။ နှစ်ပေါင်း-၆၀လောက် ရခိုင်ပြည်သို့ ခြေမချသေးသော ရခိုင့်တော်လှန်ရေးသမားတဦးဖြစ်သည် ။
(  အဝေးရောက်သံတမန်တစ်ဦး ) ဟု လူသိများသော စာရေးဆရာတစ်ဦးဖြစ်သည့်  ဦးခင်မောင်ကြည်မှာ ရခိုင်ပြည်အမျိုးသားကောင်စီ၏ နာယကအဖြစ် ယခုခရီးစဉ်၌ ပါဝင်သည် ။ ဦးခင်မောင်ကြည်မှာ မန်အောင်သားစစ်စစ်ဖြစ်ပြီး လန်ဒန်မြို့ တွင် မြန်မာသံအရာရှိ အဖြစ် အမှုထမ်းနေစဉ်-၁၉၈၈-ခုနှစ် ဒီမိုကရေစီအရေးအခင်းဖြစ်သည်နှင့် ချက်ချင်း နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည် ။ မဆလပါတီမှ၎င်း-အစိုးရ၏ သံကိုယ်စားလှယ်အဖြစ်မှ၎င်း တာဝန်မှ ထွက်ခွာသွားသူဖြစ်သည် ။ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်သောလည်း ရခိုင်နိုင်ငံရေးနှင့် ပါတ်သက်လျှင် ထိုင်နေ၍မရသော ရခိုင်မျိုးချစ် ပု၈္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူ့ ခရီးစဉ်က သက်သေပြခြင်းပင်ဖြစ်သည် ။ နှစ်ပေါင်း-၃၀-ကျော်ခန့်  မရောက်တာကြာပြီဖြစ်သော ( အဝေးရောက်သံတမန်တစ်ဦး ) ဟု ကလောင်နာမည်ဖြင့် ပြည်ပ၌ ထင်ရှားကျော်ကြားသည့် ဦးခင်မောင်ကြည်၏ ခရီးစဉ်ကား ရခိုင်လူမျိုးများအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်လိမ့်မည်ဟု ထင်မှတ်ရသည် ။
ကိုထွန်းဇေါ်မှာ -AASYC- ကျောင်းသားအဖွဲ့ မှ ပါဝင်သူဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရခိုင်ပြည်အမျိုးသားကောင်စီကို ညီလာခံပြုလုပ်စဉ်  အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရသူဖြစ်သည် ။ ကိုထွန်းဇေါ်သည် အမေရိပြည်ထောင်စု နယူးယောက်မြို သို့  နိုင်ငံရေးတာဝန်ဖြင့် ရောက်ရှိခဲ့ သူဖြစ်သည် ။
ယခုအချိန်တွင် မြန်မာနိုင်ငံတွင်းမှ ရခိုင်လူမျိုးတို့ ရော တိုင်းရင်းသားလူမျိုးပါမကျန် သက်ကြီးရွယ်ကြီး ရခိုင်တော်လှန်ရေးသမား-နိုင်ငံရေးသမားတို့ ၏ လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ- လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့် ခိုးဝင်ဘင်္ဂလီကုလားများအရေးကို သူတို့  တင်ပြကြမည်မို့  ထိတွေ့ ကြားနာကြရမည်ဖြစ်သည် ။  ။ သူတို့ သည် စွန့် လွှတ်အနစ်နာခဲ့ ကြပြီးဖြစ်သည် ။ ယခုသူတို့ ပြည်သူများရှိရာ လာခဲ့ ကြပြီ ။  ရင်ဘတ်ထဲမှ အနာများနှင့် ပြည်တော်ပြန်သွားကြသော သူတို့ ၏ သမိုင်းဝင်မည့် အဖြေများကို ပြည်သူလူထုများမှ နွေးထွေးစွာ ရှိကြလိမ့်မည်ဟု လုံးဝဥသုံ ယုံကြည်မိပါကြောင်း ။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts