Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

NLD ၏ အမျိုးသားကျန်းမာရေးကွန်ရက် ရန်ပုံငွေ ဂီတပွဲ ကျင်းပ

 

NLD ၏ အမျိုးသားကျန်းမာရေးကွန်ရက် ရန်ပုံငွေ ဂီတပွဲ ကျင်းပ

ရန်နောင် (ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄

 ဖေဖော်ဝါရီ ၈ ရက်နေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ်လည် ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

လူထုခေါင်းဆောင်၏မိန့်ခွန်းတွင် … ကျန်းမာရေးကွန်ရက်အောင်မြင် ထိရောက်နိုင်ရန်  ပြည်သူတွေကို အားကိုးရမည်ဖြစ်ကြောင်း ၊ ကျန်းမာရေးသည်အရေးကြီးကြောင်း ၊ကျမကိုယ်တိုင် ကတော့ ဆေးပညာကိုနားမလည်တော့ နားလည်တတ်ကျွမ်းသော ဆရာဝန်များကိုအားကိုးပြီး ပြုလုပ်နေရပါကြောင်း အကျယ်တဝင့်ပြောကြားခဲ့ပါသည် ။

”  မိမိကိုယ်တိုင်မကျန်းမာရင် ကိုယ့်ကိုဝိုင်းပြီးကူညီပေးစေချင်သလို အခြားသူတွေလည်း သူတို့မကျန်းမာတဲ့ အခါမှာ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြမှာကို လိုလားကြမယ်ဆိုတာခန့်မှန်းလို့ရပါတယ် ။ဒါကြောင့် ကျန်းမာရေးကွန်ရက်ကိုကူညီတာဟာ နိုင်ငံရဲ့ တိုးတက်မှုအနာဂတ်ကိုထောက်ပံ့ကူညီတယ်လို့သတ်မှတ်လို့ရပါတယ်” ဟုပြောကြားခဲ့ပါသည် ။

ကျန်းမာရေးကွန်ရက်အတွက် အလှူရှင်များမှ လှူဒါန်းသောအလှူငွေများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ကွန်ရက်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းတို့က လက်ခံရယူခဲ့သည် ။ အရေးပေါ်လူနာတင် ကားတစီးနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေမှာ သိန်းရှစ်ရာကျာ် ရရှိခဲ့ပါသည် ။

တေးဂီတဖျော်ဖြေပွဲတွင် Rဇာနည်၊ ဟန်ထွန်း ၊လင်းလင်း ၊ဂျီလတ် ၊သအို ၊ထွန်းအိန္ဒြာဗို ၊ချစ်သုဝေ ၊ဆုန်သင်းပါရ် နှင့် သီးလေးသီးအဖွဲ့တို့ သီဆိုဖျော်ဖြေခဲ့ပ်ါသည် ။

အမျိုးသားကျန်းမာရေးကွန်ရက်ကို ဒေါ်အောင်ဆန်းစုကြည်၏လမ်းညွှန်မှုဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဆက်လက်၍လည်း အရေးပေါ်ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်မည့်  ဆေးကိရိယာ ၊ ပစ္စည်းကိရိယာ များပါဝင်သည့် မော်တော်ယာဉ်တစ်စီး ရရှိနိုင်ရေးအတွက်လည်း အလှူရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည် ။ ‘ကျန်းမာခြင်းဖြင့်ချမ်းသာခြင်းကိုဆောင်ကြဉ်းမည်’ ဟူသော လူထုခေါင်းဆောင်၏အဆိုအမိန့်ဖြင့် အမျိုးသားကျန်းမာရေးကို တိုးမြှင့်စောင့်ရှောက်သွားမည်ဟု ဆိုသည်။

တေးဂီတဖျော်ဖြေပွဲသို့ နာယက ဦးတင်ဦး နှင့် လွှတ်တော်ကိုယ်စားလှယ်များ  ၊တေးချစ်ပရိတ်သတ်အင်အား နှစ်ထောင်ခန့်တက်ရောက်ကြည့်ရှုခဲ့သည် ။

 

ဖျော်ဖြေပွဲဝင် ကြေးမှာ သုံးသောင်း ၊နှစ်သောင်း ၊တစ်သောင်း ဖြစ်ပြီး ရန်ပုံငွေဆိုင်ခန်းများ ဖွင့်လှစ်၍လည်း ရောင်းချသည်ကိုတွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts