သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

မြန်မာပြည်မှာ မီးလာရန် အကြံပေးချက်များ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၇၊ ၂၀၁၄

 

မြန်မာနိုင်ငံကြီး လျှပ်စစ်ဓါတ်အားပေးရန် ဆည်တာတမံကြီးတွေဆောက်တာ ရေရှည်စီမံကိန်းများ စီစစ်လုပ်ဆောင်ရာတွင် လျှပ်စစ်ရောင်း စားဖို့ဆိုပါက အပြင်းထန်ကန့်ကွက်ရပါမည်။ ဥပမာ.. ကချင်ပြည်နယ်၊ တာပိန်ဓါတ်အားစက်ရုံလို ရောင်းစားနေဆဲများမှ ၂၅%ခန့်၊  မြန်မာပြည်တွင်း ရတနာ၊ရွှေ ဓါတ်ငွေလိုင်းများမှ ၂၅% ခန့်၊ ပြည်တွင်းလျှပ်စစ်ရရှိရန် ဖောက်ယူ ပြန်ရဖို့ ပြည်သူလူထုက ကြိုးစားရပါမည်။ 

 

ရေရှည်အတွက် နိုင်ငံခြားကုမ္ပဏီများကို ၁၀၀% ပေးပြီး (ဥပမာ သီလဝါလျှပ်စစ်ဓါတ်အား Korea/Japan လို စမ်းသပ်နေတာ ကောင်းပါ သည်။ ရေတိုအတွက်တော့ ပုဂ္ဂလိက ဒေသခံကုမ္ပဏီလေးများကို UN, WorldBank, ADB, UNIDO, JICA Japan တို့လို အဖွဲ့အစည်း အကူညီများနှင့် စီမံကိန်းများကို ချမှတ်အကောင်ထည်နေဆဲ ဖြစ်သည်။

 

Myanmar Report ကို 2013 Yangon မှာထုတ်ပြန်ခဲ့ပါသည်။ မြန်မာ့ စွမ်းအင် ကဏ္ဍ အတွက် အကြံပြုချက် ၁၇ ခုကို ရှိပြီး စွမ်းအင် ဝန်ကြီးဌာန နှင့် အာရှ ဖွံဖြိုးရေး ဘဏ် ၊ Acceရntor’s Energy (UK) ၃ခုပေါင်း နည်းလမ်းများဖြစ်ပါသည်။ ဆက်လက်ပြီး မြန်မာတတ်ကြွမ်းသူ ပညာရှင်၊ လုပ်ငန်းရှင်များကို ဖိတ်ခေါ် အကောင်ထည်ဖေါ်ဖို့ ရှိပါသည်။ (နွေးကွေးနေဆဲ)

 

ကမ္ဘာ့ဘဏ်မှ US$ 1000 million လျှပ်စစ်မီးရရှိရေး စီမံကိန်း Jan2014 တွင် ထုတ်ပြန်ကြေငြာသည်။ အလားတူ နေရောင်ခြည်စွမ်းအင် Solar System များဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဒေသခံကုမ္ပဏီလေးများနှင့် အာဏာပိုင်များ လုပ်ဆောင်လျှက်ရှိရာ၊ ငွေ/အာဏာ ရှင်များ အမြတ်မထုတ်ရန် ဒေသခံ၊ တတ်ကြွမ်းနားလည်သူများ စုပေါင်းကာကွယ်ရပါမည်။ ဥပမာ ဆားလင်းကြီးမြို့နယ် လျှပ်စစ်မီးရရှိရေး အဖွဲ့…။  ကျေးလက်၊ ရပ်ကွက်များတွင် 20w lighting တည၅နာရီ ၊ တစ်လ ကျပ် ၃၀၀၀ (တစ်ယူနစ် ကျပ်၁၅၀နှုန်း) စသဖြင့် လျှပ်စစ်ဓါတ်အား ရောင်းချသော ဒေသခံလုပ်ငန်းရှင်လေးများကို အားပေး၊ ကာကွယ်ပေးရပါမည်။

 

အစိုးရဆိုသည်မှာ ကုမ္ပဏီ အကြီး၊ အလတ် များကို အခွန်ကောက်ဖို့ပဲဖြစ်ပါသည်။ စီးပွားရေးလုပ်ရင် Corruption ဖြစ်လေ့ရှိစမြဲ နည်းပါးအောင် ခေါင်းဆောင်များ စာရိတ္တသာမက၊ နည်းပညာလည်း အသင့်တင့် ကြွမ်းကျင်ရပါမည်။  အခုချိန်မှာ နိုင်ငံအတွက် အရေးကြီးသော လုပ်ငန်း၂ခု  ဆက်သွယ်ရေး Communication နှင့် လျှပ်စစ် Electricity တွေကိုတော့ အစိုးရက မလုပ်သင့်တော့ပါ။ ဆက်သွယ်ရေး ကဲ့သို့၊ ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ရပါမည်။ ဆက်သွယ်ရေး SIM card ကို မြန်မာ့ဆက်သွယ်ရေးနှင့်အကျိုးတူစီးပွားရေးကုမ္ပဏီများက နောက်ထပ် တနှစ်အထက် တစ်ဦးတည်း ကိုင်ထားဦးမည်ဟု ဆိုသည် Jan 2014 News).

 

ဧရာဝတီ၊ သံလွင်တွေမှာ ဆည်ဆောက်၊ အိမ်နီးချင်းနိုင်ငံကို ဓါတ်အား အားလုံး ၁၀၀% ရောင်းတာတော့ အပြင်းထန်ကန့်ကွက်ပါသည်။

 

ဥပမာ.. လောလောဆည် မလေးရှားအစိုးရ 2000MW Project 2B ဆောက်ဖို့ ကုမ္ပဏီကြီးများကို တင်ဒါခေါ်နေပါသည်။ မြန်မာအစိုးရမှာ ကုမ္ပဏီတင်ဒါကို နားလည်နိုင်သူ နည်းပါးပါသည်။ ရှိတဲ့ ပညာရှင်တွေ အစည်းဝေး၊ အလုပ်များစွာနဲ့ ပိနေကြပါသည်။ တခြားတတ်ကြွမ်း၊ အတွေ့ကြုံရှိသူ မြန်မာများကိုလည်း အစိုးရက ခေါ်ယူတာဝန်ပေးခြင်း အားနည်းနေပါသည်။

 

Malaysia Gov , Project 2B,  2000mW

(US$ 3.3 billion Power Project)

Quotation bids (31 Jan 2014)

1. YTL Power  7.5 US cents/Kwh

2. 1MDB 7.6 cent/Kwh

3. Malakoff & TNB  8.55 cent/kwh

(1 US$ = RM 3.35)

Source:

Energy Commission EC

 

New Energy Architecture

Myanmar Report  (Jun 2013) ကို ထုတ်ပြန်လိုက်ပြီး မြန်မာ့ စွမ်းအင် ကဏ္ဍ အတွက် အကြံပြုချက် ၁၇ ခုကို တင်ပြ ထားသည်။ စွမ်းအင် ဝန်ကြီးဌာန နှင့် အာရှ ဖွံဖြိုးရေး ဘဏ် ၊ Accentor’s Energy စက်မူ လုပ်ငန်းစုတို့ ပူးပေါင်းရေးဆွဲသည့် အစီရင်ခံစာကို လက်တွေ့ အကောင်ထည် ဖေါ်မည့် မြန်မာ့ ပညာရှင်များစွာ လိုအပ်ပါသည်။ Accenture အကြံပေး အဖွဲ့သည်၊ ကန်ဒေါ်လာ ၂၅ဘီလျှံ ကုမ္မဏီကြီးဖြစ် သည်။) အိုင်ယာလန် အခြေပြု တကမ္ဘာလုံး ၀န်ထမ်း ၂ သိန်းခွဲ ရှိသည်။ အာရှဖွံ့ ဖြိုးရေးဘဏ် ADB အပါ အ၀င် အကြံ ဥာဏ် များက အလွန် ကောင်းမည် ဖြစ်သည်။

 

Fortune 500  ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီ ပေါင်း ၅၀၀ မလေးရှား နိုင်ငံ Patronas ပိုင်ဆိုင်မှု  ၉၇.၃ ဘီလျှံ၊ အဆင့် ၆၈။  ထိုင်း PTT company  ပိုင်ဆိုင်မှု ၇၉.၆ ဘီလျှံ ကမ္ဘာ့မှာ အဆင့် ၉၅ ဖြစ်သည်။ စင်ကာပူ ကုမ္မဏီများထက် ကြီးမားလှပါသည်။ ထို၂ခု စလုံး အစိုးရက ရှယ်ယာ အများစု ပိုင်ဆိုင်သည်။ အစိုးရ သည် နိုင်ငံခြား အကြံပေး အဖွဲ့များ ပေးသည့်အကြံ အတိုင်းလုပ်ရန် အရေးကြီး လှသည်။ ကမ္ဘာကို ထိုးဖောက် ရန် မြန်မာ့နည်း မြန်မာ့ ဟန် နည်းစနစ် များ.. စွန့်လွှတ် ဘို့ အစိုးရ ပေါ်လစီ ရှိသော် လည်း Hardliner များနှင့် သမ ရိုးစွဲ၊ အာဏာ၊ ငွေ အင်အား သုံး ခြေမှုန်း လိုသူ အုပ်စု သည်  အကြိတ် အနယ် ပြိုင်ဆိုင် လျှက်ရှိသည်။ မြန်မာ့ စွမ်းအင် ၀န်ကြီးဌာန MOGE၊ လျှပ်စစ် ၀န်ကြီး ဌာန EPC တို့ ခေါင်းဆောင်သူများ အရေး ပါလှသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts