သတင်းဆောင်းပါး

မြန်မာ-တရုပ်လူကုန်ကူးမှု တိုက်ဖျက်ရေးတိုးမြှင့်မှု သုံးသပ်ခြင်း (Wit Hmone)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မြန်မာ-တရုပ်လူကုန်ကူးမှု တိုက်ဖျက်ရေးတိုးမြှင့်မှု သုံးသပ်ခြင်း

ဝတ်မှုန်၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၃

ဘီဘီစီသတင်းဖြစ်ပါတယ်။ တရုပ်ပြည်မှာ လူဦးရေထိန်းချုပ်မှုကြောင့် မိန်းကလေးဦးရေ ရှားပါးလာတဲ့အတွက် မြန်မာပြည်က မိန်းကလေးများကို ကျပ်ငွေ ၂၆သိန်း နှုန်းနဲ့ ၀ယ်ယူ ပေါင်းသင်းတဲ့ တရုပ်အမျိုးသားများကြောင့်တစ်ကြောင်း၊ မြန်မာအမျိုးသမီးများကိုယ်နှိုက် လိုလားစွာ ငွေအလိုရှိတာကြောင့်၎င်း .. လူကုန်ကူးမှုလုပ်ငန်း ကြီးကျယ်လာခြင်းဖြစ်ပါတယ်။ တချို့အမျိုးသား၊အမျိုးသမီးများလည်း တရုပ်ပြည်မှာ အလုပ်ကြမ်းများလုပ်ဖို့ ရောင်းစားခံရပါတယ်။

Problem Description  ပြသနာအခြေအနေ

အိမ်ထောင်ပြုဖို့ ရောင်းစားခံရတဲ့ မိန်းကလေး (သို့မဟုတ်) မိန်မကြီး တစ်ဦးဟာ လူပွဲစားနဲ့တွေ့ပြီး ငွေကို ကိုယ်တိုင်ရယူ၊ လိုက်သွားတာများပါတယ်။ မိန်းကလေးများဟာ မသိပဲ ရောင်းစားခံသူများရှိသလို၊ ကိုယ်တိုင်လိုလားစာ ငွေလက်ခံပြီး အရောင်းစားခံသူများလည်း ရှိပါတယ်။ ထိုမိန်းကလေးကို ဂိုဏ်အဖွဲ့များက ၀ယ်လိုသူများကို ရှေးခေတ်ကျွန်အရောင်းအ၀ယ် လုပ်သကဲ့သို့ ပြသ ရောင်းချရပါတယ်။ မိန်းကလေးက ယောင်္ကျားတရုပ်အမျိုးသားနဲ့ အဆင်ပြေရင် ကိစ္စမရှိသော်လည်း အဆင်မပြေတာများပါတယ်။

ခေတ်သစ် လူကုန်ကူးကျွန်များမှာ စင်ကာပူကို လာရောက်တဲ့ အိမ်ဖော်အလုပ်များကို ငွေ သိန်း၂၀လောက် အရင်းအနှီးရှိသူများက လာရောက်လုပ်ကိုင်ရင်း၊ စင်ကာပူအိမ်ရှင်များထံ ကျွန်ခံသလို လုပ်ရပါတယ်။ တရုပ်၊ ယူနန်ပြည်နယ်မှာတော့ ငွေလုံးဝမရှိတဲ့ မြန်မာပြည်မှ အမျိုးသမီးငယ်များစွာ အရောင်းစားခံဘ၀နဲ့ ကျွန်ခံရင်း၊ ဇနီးသည်အဖြစ် ရောင်းစားရသလို ဖြစ်နေပါတယ်။

ဂိုဏ်းအဖွဲ့ဟာ တောင့်တင်းလှတဲ့အတွက် မိန်းကလေး ထွက်ပြေးရင် တရုပ်ရဲများ လပ်စားမှု၊ ဂိုဏ်းသားများ ပြန်လည်ဖမ်းချုပ်မှုများကြောင့် နောက်ဆုံး ၀ယ်ယူသူ ယောင်္ကျားလက်ထဲ ပြန်ရောက်သွားပါတယ်။ အချို့ အဆင်လုံးဝ မပြေရင် ယောင်္ကျားအသစ် ရှာပေးပါတယ်။ အမျိုးသမီးကို အချုပ်ထောင်လို နေရာမျိုးမှာ ချုပ်နှောင်ပြီး၊ အသေတော့ မသတ်ပါဘူး။ မျှော့၊ကျွတ်အကောင်များ ထည့်ပြီး သွေးစုတ်၊ ရက်စက်စွာ အမိန့်နာခံ၊ သူတို့ပေးတဲ့ ယောင်္ကျားနဲ့ ပေါင်းသင်းစေပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည့်တံဆာအဖြစ် ရောင်းစားခံရတာထက်တော့ တော်သေးပေမဲ့ မြန်မာအမျိုးသမီးများစွာ ငွေကြေးရဲ့ ကြေးကျွန်အဖြစ် ရှက်ဖွယ်လိလိ အခြေအနေပါ။

Possible Root Cause ဖြစ်ရသောအကြောင်းရင်း

ငွေကြေးလိုချင်မှုကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းရင်းကတော့ စားဝတ်နေရေး လုံလောက်တဲ့ အလုပ်ကိုင်ရှားပါးတဲ့အတွက် ဖြစ်ပါတယ်။

Containment Action ယာယီဖြေရှင်းချက်

၁။ မတရားရောင်းစားမှုများမှ ထွက်ပြေးလာတဲ့ မိန်းမငယ်လေးများ၊ မိန်းမအကြီးများ အားလုံးကို မြန်မာနဲ့တရုပ် လူမှုရေးအဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများ (ရဲအဖွဲ့များ) ပူးပေါင်းပြီး မြန်မာပြည်ပြန်ပို့ရေး ဖြစ်ပါတယ်။

၂။ လူကုန်ကူးတဲ့ ဂိုဏ်းများကို ဖမ်းဆီး ထောင်ချခြင်းဖြစ်ပါတယ်။ သေဒဏ် (သို့မဟုတ်) ဒဏ်ငွေ သိန်းထောင်ဂဏန်း ပေးခိုင်းခြင်း မရှိသေးပါဘူး (သူတို့ပိုင်ဆိုင်မှုတွေ ကို လေလံတင်ရောင်းချပြီး ဒဏ်ငွေဆောင်စေခြင်း အပြစ်ဒဏ်ပေးဖို့လိုအပ်နေပါတယ်)။

Solution အဖြေရှာဖွေခြင်း

အဓိကတော့ စားဝတ်နေရေးလုံလောက်တဲ့အလုပ်ကိုင် ရှားပါးခြင်းကြောင့် ဖြစ်တာကြောင့် အမျိုးသားရေး ကိစ္စကြီးဖြစ်နေပါတယ်။ တိုင်းပြည်ဆင်းရဲမွဲတေမှုကြောင့် ရှိသမျှသယံဇာတများကို ရောင်းစားရင်း လူကိုရောင်းစားခံရတဲ့ဘ၀ ရောက်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ပြည်ပမှာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ အလုပ်သွားလုပ်နေရပါတယ်။ အခုတော့ တရုပ်ပြည်ကို လူကုန်ကူးခံရတဲ့အထိ ဆိုးဝါလာခြင်းဟာ မြန်မာနိုင်ငံသားများ၊ အိမ်နီးချင်း တရုပ်အမျိုးသားများထက် အလွန်ဆင်းရဲမွဲတေ၊ အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့်ပါ။

ဗီယက်နမ်နိုင်ငံကို စံနမူနာအဖြေရှာ

အစိုးရရဲ့ စီမံကိန်းကြီးတရပ်အနေနဲ့ လူများစွာ အလုပ်ကိုင်ရရှိစေတဲ့ လုပ်ငန်းများကို FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှုအဖြစ် လာရောက်စေခြင်းဖြစ်ပါတယ်။ ဘယ်လုပ်ငန်းများဟာ မြန်မာအလုပ်သမ များစွာကို အလုပ်ကိုင်ရရှိစေပါသလဲ ..မေးခွန်းရဲ့ အဖြေကတော့ Process Industry ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်သမ များစွာလိုတဲ့ စက်ရုံ၊ SME Small and Median Enterprises အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ငွေချေးမြှင့်တင်တဲ့ အလုပ်ကို အထူးပြုလုပ်ကိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အလုပ်သမ အများပြားလိုအပ်တဲ့ အလုပ်များကတော့..

– လယ်ယာလုပ်ငန်း (ရေရရှိရေးဖြင့် နိုင်ငံခြားပို့ကုန် ပဲ၊ဆန်၊ပြောင်း စတဲ့ စိုက်ပျိုရေးလုပ်ငန်းများ)
– အထည်ချုပ်လုပ်ငန်း
– ပုဇွန်ငါး၊ မွေးမြူ၊ ထုတ်ပိုးရေးလုပ်ငန်း
– အစားအသောက်ထုတ်ပိုးမှုလုပ်ငန်း
– ကုန်အရောင်းအ၀ယ်၊ဈေးရောင်းဆိုင်များ၊၊ ကုန်တိုက်များ..
– ဆေးလိပ်ခုံများ …စတဲ့ Process Industry များဖြစ်ပါတယ်။

အကြံပေးချက်

လယ်ယာစိုက်ပျိုးရေးအတွက် ၁၂ရာသီ ရေရရှိဖို့ လယ်ယာစိုက်ပျိုးရေး၊ ဆယ်မြောင်း စတဲ့ ၀န်ကြီးဌာနတွေက လုပ်ဆောင်ပေးနေပါတယ်။ ပုဂ္ဂလိက ဆယ်မြောင်းလုပ်ငန်းများကို ကန်ထရိုက်ပေးပြီး နှစ်ရှည် လုပ်ဆောင်နိုင်သော်လည်း မည်သူမျှ မလုပ်ချင်ပါဘူး။

ဒီအလုပ်သမများများလိုတဲ့ စက်မှုလက်မှုလုပ်ငန်းများအတွက် နိုင်ငံခြားရင်းနှီးမှု လုပ်နိုင်ရန် လိုအပ်ချက်

၁။ တရုပ်နယ်စပ်မှ ဒလစပ်ဝင်လာတဲ့ ပစ္စည်းမှန်သမျှကို အခွန်ကောက်ဖို့ဖြစ်ပါတယ်။

  – မြန်မာနိုင်ငံအစိုးရက အခွန်ကောက်ဖို့ လပ်စားမှုများစွာရှိနေတဲ့ အစိုးရ၀န်ထမ်းများ လုံးဝ မလုပ်နိုင်ပါဘူး။ ကောက်ရငွေရဲ့ ၂၀ ရာနှုန်းလောက်ကို ယူပါဆိုပြီး နိုင်ငံခြားကုမဏီ (သို့မဟုတ်) ကုလသမဂ္ဂ၊ NGO အဖွဲ့အစည်းများကို တာဝန်ပေးရပါမယ်။

–                      ပြည်တွင်းမှာ ရောင်းနေတဲ့ တရုပ်ပစ္စည်းများ အထူးသဖြင့် အထည်များ၊ မော်တော်ဆိုင်ကယ်များကို အခွန် လိုက်ကောက်ရန်

၂။ ပြည်တွင်း SME လုပ်ငန်းများကို မြန်မာပြည်အစိုးရက အာစီယံနိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အစည်းအဝေး တက်တဲ့အဆင့်မှာပဲ ရှိနေပြီး၊ SME ဌာနမှာ လုပ်ကိုင်တဲ့ အစိုးရ၀န်ထမ်းများအဖို့ ဘာမှမလုပ်နိုင်ဖြစ်နေပါတယ်။ မြန်မာအစိုးရ ဥပမာ SME ဌာနရဲ့ ၀န်ဆောင်မှုလုပ်ငန်းများကို ကန်ထရိုက်ပေးပစ်လိုက်ဖို့ကောင်းနေပါပြီ။

၃။ SME လုပ်ငန်းများကို ငွေချေးပေးခြင်း၊ ကုန်ကြမ်းများ ပြည်ပမှ အလွယ်တကူဝယ်ယူမှု ၀န်ဆောင်ပေးခြင်း၊ ကုန်ချောများ ပြည်တွင်း၊ ပြည်ပ ရောင်းချနိုင်ရန်လည်း အစိုးရက ၀န်ဆောင်မှုလုပ်ပေးခြင်း၊ ထို SME  Import / Export လုပ်ငန်းများကို ၀န်ဆောင်မှု ကန်ထရိုက်ပေးပစ်လိုက်ခြင်း…

အကြံပေးခြင်းသာဖြစ်ပါတယ်။ 

အဓိကအကျဆုံးကတော့ Trust ဆိုတဲ့ ယုံကြည်မှုရှိလာရင် Process Industryုံ အလတ်တန်းစား စီးပွားရင်းနှီးမှုများ ပြည်ပမှ (အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံမှ) ၀င်လာမယ်ဖြစ်ပါတယ်။ အခုတော့ ခြစားမှုများပြားလှတဲ့ မြန်မာပြည်ရဲ့ အခြေအနေကြောင့် အကြီးစား FDI ရင်းနှီးမှုများပဲ လာနေပြီး၊ အလတ်စားများကတော့ မလာသေးပါဘူး။ ယုံကြည်မှု အတွက် ပြည်တွင်း တိုင်းရင်းသားများကို အရင်တည်ဆောက်ရပါမယ်။ ပြီးမှ နိုင်ငံခြားသားများက ယုံကြည်လာပြီး အလတ်တန်းစား အလုပ်သမများ အလုပ်ကိုင်ရမဲ့ အလုပ်ရုံများ ရောက်လာမယ်ဖြစ်ပါတယ်။

မြန်မာအလုပ်သမများ အလုပ်ကိုင်ရ၊ အခြေခံစားဝတ်နေရေး အဆင်ပြေပြီး ၊ တရုပ်နိုင်ငံ ရောင်းစားခံရမှုမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။

ဝတ်မှုန် (ရောင်းစားခံရသော သမီးရှင်တစ်ဦး)
၁၉-ဖေ-၂၀၁၃

Weblink
http://mingalaronline.biz/stories/human.trading.myanmar.to.china.analysis.htm

Photo from – Human Rights – First Place: Katsuo Takahashi. Marriage by Force in China: Burma’s Trafficking Victims . A Burmese woman, a victim of trafficking to China, who was freed in Jie Gao, China. She is shown with her Burmese husband who told her that if she would get pregnant, she could forget the tragedy. 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts