သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲသို့ ကြွရောက်အားပေး

မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်နေကြရာ ဦးဆောင်အဖွဲ့ နှင့်ပြည်သူများ၁၇. ၂. ၂၀၁၃ နေ့ လည်တွင် ခင်ဦးမြို့သို့ ရောက်ရှိကြသည်။
ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ဖြတ်သန်းရာ လမ်းတလျှောက် လူထုက ထောက်ခံအားပေးလျှက်ရှိ သည်။ အာဟာရကျွေးမွေးပြီးကျန်းမာရေးပြုစုပေးလျှက်ရှိသည်။ ကချင်စစ်ပြေးဒုက္ခသည်များအတွက်လည်း
အလှူငွေများလှူဒါန်းလျက်ရှိသည်။ ရွှေတွံတေးဆရာတော်သည် ခင်ဦးမြို့သို့ ကြွရောက်ပြီး ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ထောက်ခံအားပေးပြီး သင်္ကန်း ခေါက်ဆွဲ တီရှပ်နှင့် အလှူငွေများ လှူဒါန်းခဲ့သည်။
ရွှေတွံတေးဆရာတော်က… ငြိမ်းချမ်းရေးလမ်းလျှောက်တာအားပေးပါတယ်။ လူထုလည်းနေရာ အနှံ့သိရတယ်။ လိုလားထောက်ခံသူတွေလည်းပူးပေါင်းဆောင်ရွက်နိုင်တယ်။ အခုလည်း နေ့စဉ် ၁၀၀
လောက်ရှိတယ်။ မြို့ ကြီးတွေမှာဆိုပိုများတယ်။ အစိုးရနဲ့ ကချင် ၂ ဘက်အကြီးအကဲများ ပြည်သူ့ ဆန္ဒကိုလေးစားပြီး ငြိမ်းချမ်းရေးချက်ခြင်းလုပ်စေချင်တယ်။ စစ်ပွဲရပ်စေချင်တယ်။ ပြည်သူတွေဟာ မြေစာပင်ဖြစ်နေကြရတယ်။ ပါဝါကြီးတဲ့သူ လက်နက်များတဲ့သူက သဘောထားပိုကြီးပေးရင် ပိုလိုက်လျောပေးရင် အားလုံးအဆင်ပြေမှာပါ။ ရိုးသားပါ – ပွင့်လင်းပါ – ယုံကြည်စွာနဲ့ အပြန်အလှန် ငြိမ်းချမ်းရေးရယူနိုင်ကြပါစေလို့ ဆန္ဒပြုခဲ့သည်။
ရွှေတွံတေးဆရာတော်သည် မြန်မာ့ငြိမ်းချမ်းရေးကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ထိုင်း ကမ္ဘောဒီးယား စသည်တို့ တွင် နိုငံတကာငြိမ်းချမ်းရေး လမ်းလျှောက်ပွဲများဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းပါစေ  ကချင်မြေဟုဆန္ဒပြု လျက်ဟောပြောခဲ့ပြီး စစ်ပြေးဒုက္ခသည်စခန်းများသို့ လည်းသွားရောက်လှူဒါန်းခဲ့ပါသည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts