ကဗျာ

ဖြစ်ချင်သူများ

ဆောင်းလူ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃
ကျွန်ဖြစ်တဲ့သူ ဖြစ် ….
နွံနစ်တဲ့သူ နစ် ….
…..
….
ခေတ်ကြီး ..
မနေ့ကထိတော့
သူဟာ သူထား
အကောင်းတိုင်းကြီးလိုလိုနဲ့ ….။
နာနေကျတရား
ထပ်များ နာရဦးမလား …
ပါနေကျ စကား
ထပ်များ ပါရဦးမလား ….
….
….
ခေတ်က … စနစ်ကို မှီ
စနစ်က … ခေတ်ကိုချီ …
ကိုင်းကပဲ … ကျွန်းဆီလား …
ကျွန်းကပဲ … ကိုင်းဆီလား …
….
….
ရွှေရည်စိမ်ခေတ်ကြီး
အမနာပ
နွံနစ်ချင်သူတွေ …
ကျွံဖြစ်ချင်သူတွေနဲ့ …
လှလို့ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts