Suu L Linn သတင်းပဒေသာ

ကလေးလုပ်သားများရဲ့ လက်ဗွေများ ပြသမည်

ကလေးလုပ်သားများရဲ့ လက်ဗွေများ ပြသမည်

ဆူးအယ်လ်လင်း၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၄

    “သူတို့ရဲ့လက်များ၊ကျွန်ုပ်တို့၏အနာဂါတ်”ခေါင်းစဉ်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သော ကလေးများ၊ပညာသင်ချင်သော်လည်း တ၀က်တပျက်ဖြင့်လုပ်ငန်းခွင်ဝင်နေရသူ ကျောင်းနေအရွယ်ကလေးများ ၏လက်ဗွေရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ ဖေဖော်ဝါရီလ ၃ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင်  ရယူကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

    ထိုသို့ကောက်ခံမှုများပြုလုပ်ရခြင်းမှာ ကလေးငယ်များ၏အနာဂါတ်သည် နိုင်ငံတော်၏အနာဂါတ်ဖြစ်သည် ဆိုသည်ကို ပြည်သူအများသတိပြုမိစေရန်၊နိုင်ငံတစ်နိုင်ငံတွင် ပညာရေးသည် အဓိကအစိတ်ပိုင်းတစ်ခုဖြစ် ကြောင်း ၊ ၀ိုင်းဝန်းကူညီမြှင့်တင်ပေးနိုင်ရန်နှင့် ကလေးငယ်များ၏ဘ၀ကိုစာနာနားလည်စေရန်ရည်ရွယ်၍ ကောက်ခံခြင်းဖြစ်ကြောင်း Educational Awareness Campaign တွင်ဖော်ပြထားသည်။

   ကောက်ခံရရှိသောကလေးငယ်များ၏ လက်ဗွေရာများကိုစုဆောင်း၍ ပညာရေးကွန်ယက်ပြပွဲတွင် သွားရောက်ပြသခြင်းများပြုလုပ်သွားမည်ဖြကြောင်းလည်းသိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts