Suu L Linn သတင်းပဒေသာ

ပုံမှန်ကျန်းမာရေးပြန်ရတာနဲ့ ပဇင်းတက်မယ့် ဆိုတေး မင်္ဂလာပါတေးစီးရီးထွက်ရှိ

ပုံမှန်ကျန်းမာရေးပြန်ရတာနဲ့ ပဇင်းတက်မယ့် ဆိုတေး မင်္ဂလာပါတေးစီးရီးထွက်ရှိ

ဆူးအယ်လ်လင်း ။ ရန်ကုန်။ ဖေဖော်ဝါရီ ၇၊ ၂၀၁၄

        ယာဉ်မတော်တစမှုကြောင့် ဒဏ်ရာများစွာရရှိခဲ့သည့် အဆိုတော်ဆိုတေးသည် ကျန်းမာရေးကောင်းမွန် လာပြီဖြစ်ပြီး မိမိပုံမှန်ကျန်းမာရေးပြန်ရလာသည်နှင့် ပဇင်းတက်မည်ဟု ဖေဖော်ဝါရီလ လေးရက်နေ့ ကပြုလုပ် သည့်၎င်း၏ “မင်္ဂလာပါ” တေးစီးရီးမိတ်ဆက်ပွဲ၌ပြောကြားခဲ့သည်။

      သုံးလခန့်ဆေးရုံကုတင်တွင်လှဲနေခဲ့ရသည့် ဆိုတေးသည် လက်ရှိအခြေနေတွင်ကျန်းမာရေးကောင်းမွန် လာပြီဖြစ်ပြီး အစာကောင်းကောင်းမစားနိုင်သေးသောကြာင့် ကိုယ်ခံအားနည်းနေသေးကြောင်း၊ ဂစ်တာကော့ များလည်းမမှတ်မိနိုင်သေးကြောင်း သိရသည်။

      ဘာသာရေးနှင့်ပတ်သက်၍ဆိုတေးအပေါ်ဒွိဟဖြစ်နေမှုများကိုလည်း ၎င်း၏ဖခင်ဖြစ်သူဦးတင်မြင့်က “ဆိုးတေးကလုံးဝမွေးကတည်းက ဗုဒ္ဓဘာသာအစစ်ပါ သူကရှင်လည်းပြုပြီးပြီ နောက်ပြီးတော့ပဇင်း လည်းတက် ဦးမှာ၊ ဘုရားရိပ်တရားရိပ်အောက်မှာနေတယ် ဒါကြောင့်လည်းသူမသေတာပေါ့”ဟူ၍ရှင်းပြသည်။

     ယခုထွက်ရှိလာသည့် “မင်္ဂလာပါ”တေးစီးရီး၌ ဆိုးတေးကိုယ်တိုင်ရေးသားခဲ့သည့် သီချင်း၁၂ပုဒ်ပါဝင်ပြီး အခြားတေးရေးတစ်ပုဒ်ပါဝင်သည်။

 

      ဆိုတေးသည်ယခုထွက်ရှိလာသည့် တေစီးရီးတွင်ပါဝင်သော သီချင်း၁၂ပုဒ်ကို လူငယ်ခံစားချက် ပေါ့ပေါ့ပါးပါးလေးနှင့် ရေးသားထား ခြင်းဖြစ်ပြီး “အဖြူရောင်အချစ်” သီချင်းက၎င်းအတွက်အမှတ်တရ ဖြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။လက်ရှိအခြေနေ တွင် ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သော်လည်း ငါးလခန့်အစာကောင်းကောင်းမစားနိုင်ခြင်းကြောင့် စကား ပြောရာတွင်အားယူနေရသေးသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts