ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

လူရွှင်တော် ဝင်းနိုင် (နဂါးလေး) ၏ နောက်ဆုံးခရီး

ကျာ်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၁၊ ၂၀၁၄

 

 

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် ဝင်းနိုင် (နဂါးလေး) အသက် (၆ဝ) နှစ်သည် ၂၉.၁. ၂ဝ၁၄ ရက်နေ့ ည (၂၃း၂ဝ) နာရီအချိန်တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ပါပြီ။ ကျန်ရစ်သော ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ၃ဝ.၁.၂ဝ၁၄ ရက်နေ့တွင် ရေဝေး သုဿန်သို့ ပို့ဆောင်ထားရှိပြီး ဖြစ်သည်။ ဟန်ဆောင်လောကကြီးထဲမှ လူရွှင်တော်တစ်ဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် ရုပ်ရှင် လောကကြီးအတွက် အစားထိုးမရသလို နာရေးကူညီမှုအသင်း (ရန်ကုန်) မှလည်း ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေ ကွဲမိပါသည်။ ၃၁.၁.၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေး သုဿန်တွင် ရုပ်ရှင်/ဗီဒီယို ဟာသသရုပ်ဆောင် ဝင်းနိုင် (နဂါးလေး) ၏ ဈာပနအခမ်းအနားအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ပြီး လူရွှင်တော် ဝင်းနိုင် (နဂါးလေး) ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ခဲ့ကြသော မိသားစုဝင်များ၊ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား/သူများ တို့အပြင် အနုပညာလောကမှ ဦးလူမုန်း၊ ဦးညီဂျော် တို့နှစ်ဦးသာ တွေ့မြင်ခဲ့ရသည်။ ဦးဝင်းနိုင် (နဂါးလေး) ကောင်းရာသုဂတိလားပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts