သတင်းပဒေသာ

၃၈ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြု ကန်တော့ပွဲ ကျင်းပမည်

မိုးမခ
ဖေဖော်ဝါရီ ၁၊ ၂၀၁၄

 

၁၉၇၅ ခုနှစ်မှ စတင်ခဲ့ပြီး ယခုအခါ ၃၈ ကြိမ်မြောက်ပြီဖြစ်တဲ့ ကာတွန်းဆရာကြီးများအား ဂါရ၀ပြုကန်ပွဲတရပ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် (တနင်္ဂနွေ) နေ့တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြထားပါသည်။ 

 

မြန်မာနိုင်ငံကာတွန်းဆရာများ ဦးဆောင်ကျင်းပပြုလုပ်မယ့် အဆိုပါပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်) မှာရှိတဲ့  Home (House of Media & Entertainment) မှာ ကျင်းပမှာလည်းဖြစ်ပါတယ်။

 

မြန်မာ့ရိုးရာဓလေ့နဲ့အညီ ဂါရ၀ပြုခြင်းများနဲ့အတူ နေရာအနှံ့အပြားမှာရှိနေတဲ့ ကာတွန်းဆရာတွေအားလုံး တစုတစည်းထဲ ပြန်လည် တွေ့ ဆုံစေမည့် ဆန္ဒသည်လည်း ဂါရ၀ပြုပွဲ၏ ရည်ရွယ်ချက်များစွာထဲမှ တခုဖြစ်သည်ဟုလည်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၃၈ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြု ကန်တော့ပွဲ ကျင်းပမည်

Comments are closed.