Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဂီတာတူရိယာ လက်စွမ်းပြ ပွဲတော် ဇန်န၀ါရီ ၂၆ မြင်ကွင်း

ဂီတာတူရိယာ လက်စွမ်းပြ ပွဲတော် ဇန်န၀ါရီ ၂၆ မြင်ကွင်း
ရန်နောင် (ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၄
ပထမဦးဆုံးအကြိမ်ဟု ဆိုနိုင်သည့် ‘ဂစ်တာတူရိယာ လက်စွမ်းပြတီးခတ်ပွဲ’ ကိုဂစ်တာပညာရှင်များနှင့် ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပရိသတ်တဦးက မြင်ကွင်းကို ပြောကြားသည်မှာ …
 ‘ဂစ်တာသူရဲကောင်းတွေဟာ သိုင်းဝတ္ထုထဲက သိုင်းသမားသူရဲကောင်း ရွေးပွဲလိုမျိုး သူ့ထက်ငါ အပြိုင် လက်စွမ်းပြကြတယ်။’

အဆိုပါ ပွဲတွင် ဂစ်တာပညာရှင် (၂၅ )ဦးက  သူတို့၏အကောင်းဆုံးတီးကွက်များဖြင့် ဖျာ်ဖြေခဲ့သည်။

ဂစ်တာပညာရှင် နိုင်ဇော်မှ နိုင်ငံတော်တီးချင်းဖြင့် ဖျော်ဖြေပွဲအား ဖွင့်လှစ်ခဲ့သည်။ အိုင်းရင်းခရော့စ်က ချစ်စမ်းမောင်၏ သမီးဖြစ်သူ အငယ်လေးနှင့်အဖွဲ့၊ အင်ပါယာက ဇော်ဝင်းထွဋ်၏သား အီတိုးနှင့်အဖွဲ့ စသည့် မျိုးဆက်သစ်လူငယ်များ အပြင် ၀ါရင့်ပညာရှင်များဖြစ်သည့် ဆရာချစ် (ခ) ချစ်စမ်းမောင် ၊ ဇော်မျိုးထွဋ် (အင်ပါယာ) ၊ပက်ထရစ်၊ ဂျွန်အိုဟားရား ၊ စန်းဇော်ထွေး ၊ ဒဲရစ်မေလာနှင့် ဘိုဘို အစရှိသူတို့က အတီးပညာစွမ်းပြခဲ့ကြသည်။

ပွဲတော်ကို SWEE LEE ဂီတပစ္စည်းအရောင်းဆိုင်က အဓိက ပံ့ပိုးကူညီခဲ့ပြီး ပရိသတ်အင်အား နှစ်ထောင်ကျော်ခန့် လာရောက်ကြည့်ရှုခဲ့သည်။ ဝင်ကြေးအခမဲ့ ဖျော်ဖြေပွဲတော်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts