Poems

အရိုင်းနဲ့ အယဉ်တို့် ရပ်တည်ရာနေရာ

မောင်စိုးချိန်
ဇန်န၀ါရီ ၂၉၊ ၂၀၁၄

 

 

လူစင်စစ်က
အရိုင်းအစိုင်းများ
ဖြစ်သွားခဲ့ပြီလား
ဖြစ်နေပြီလား
ဖြစ်တော့မလို့လား။

 

လူ့ခန္တာဦးခေါင်းထက်
ဦးချိုထွက်လာခဲ့ပြီလား
မြီးခုံရိုးက
ပိုးစိုးပက်စက်
အမြီးရှည်ထွက်လာခဲ့ပြီလား။

 

အဲဒီမေးခွန်း တစ္ဆေ
အမြဲတစေ အခြောက်ခံနေရ။

 

သေချာလွန်းလှ
အင်အားကြီးသူက
အဓမ္မ တွန်းပို့ နေလို့ပဲလေ။

 

လက်နက်ရှိသူက လက်နက်မဲ့သူကို
အာဏာရှိသူက အာဏာမဲ့သူကို
အင်အားကြီးသူက အင်အားမဲ့သူကို
နိုင်ထက်ကလူ
နိုင်ရာစားပြုသူ အရိုင်းအစိုင်း
တောတွင်းဥပဒေသ အတိုင်းပေါ့။

 

နိုင်ရာ စားအပြုခံရသူ
အင်အားကြီးသူ တွန်းပို့သမျှ
ငြိမ်ခံနေရမြဲ
သူလဲပဲ တောရိုင်းသားကောင်ပေါ့။

 

ခန့်ညားထယ်ဝါ
မြေမှာ မိုးအောက်
ဒူးမထောက် အညံ့မခံ
နိုင်ရာစားပြုသူအား
လူသားပီပီ ခုခံ
တော်လှန်ရဲဝံ့ သူ
သူသည်သာလျှင် လူယဉ်ကျေး။   ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts