ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

၂ဝ၁၂/၁၃ ခုနှစ် အရေးပေါ်ကယ်ဆယ်ရေးကဏ္ဍတွင် (ဇန်နဝါရီလမှ ဒီဇင်ဘာလထိ) ကူညီဆောင်ရွက်မှုများ၏ နှိုင်းယှဉ်ချက်များ

ကျော်သူ (နာရေးကူညီမှုအသင်း -ရန်ကုန်)

ဇန်န၀ါရီ ၂၉၊ ၂၀၁၄

● ၂ဝ၁၃ ခုနှစ် ကူညီဆောင်ရွက်မှု

– ရခိုင်ပြည်နယ်လူမျိုးရေး ပဋိပက္ခ၊

– မိတ္ထီလာလူမျိုးရေး ပဋိပက္ခ

– သာယာဝတီ၊ ကြို့ပင်ကောက်၊ ပြည်မြို့နယ် လေဘေး၊

– ဘာအံ့ရေ ဘေး၊

– ပြည်မြို့ရေဘေး၊

– စစ်ကိုင်မြို့ရေဘေး၊

– ကြို့ပင်ကောက်မြို့ရေဘေး၊

– ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကမ်းပါးပြိုကျမှု၊

– သောက်/သုံးရေရှားပါးသော အရပ်ဒေသများသို့ ရေတွင်း (၄၁) တွင်း၊ ရေကန် (၂) ကန်တို့အား အောင်မြင်စွာ တူးဖော်တည်ဆောက် လှူဒါန်းနိုင်ခဲ့သည်။

– သောက်/သုံးရေရှားပါးသော အရပ်ဒေသများသို့ ရေလှူဒါန်းမှု ခရမ်းသုံးခွ (၁၁) ရွာ၊ မှော်ဘီမြို့ (၂) ရွာနှင့် ရန်ကုန်မြို့တွင်းသို့ ဝေငှလှူဒါန်း နိုင်ခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးကဏ္ဍအတွက် သုံးစွဲငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၅၈၉) ကျော် သုံးစွဲခဲ့သည်။

– သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတစ်ရပ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ အမှိုက်ကောက်ခြင်း၊သစ်ပင်များအား လိုက်လံ၍ ရေဖြန်း ခြင်းများ ပြုလုပ်ခဲ့သည်။

 

● ၂ဝ၁၂ ခုနှစ် ကူညီဆောင်ရွက်မှု

– ကချင်ပြည်နယ်၊ စစ်ဘေးသင့်ပြည်သူများအား ကူညီမှု၊

– ရခိုင်ပြည်နယ်လူမျိုးရေး ပဋိပက္ခ၊

– ပန်းတနော်မြို့ ရေဘေး၊

– လက်ပန်းတောင်းတောင်၊

– ကြို့ပင်ကောက်မြို့လေဘေး၊

– စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ဝင်းကုန်းရွာ မီးဘေး၊

– ဝမ်းပျက်/လျှော ကယ်ဆယ်ရေး၊- ကန့်ဘလူ မီးရထားဒီဇယ်တွဲ တိမ်းမှောက်မှု၊

– မင်္ဂလာတောင်ညွှန့်မြို့နယ် မီးဘေး၊

– သောက်/သုံးရေရှားပါးသော အရပ်ဒေသများသို့ ရေတွင်း (၁၉) တွင်း၊ ရေကန် (၁) တို့အား အောင်မြင်စွာ တူးဖော်တည်ဆောက် လှူဒါန်းနိုင်ခဲ့သည်။

 

– သောက်/သုံးရေရှားပါးသော အရပ်ဒေသများသို့ ရေလှူဒါန်းမှု ခရမ်းသုံးခွ၊ သန်လျင်၊ ဒလနှင့် ရန်ကုန်မြို့တွင်းသို့ ဝေငှလှူဒါန်းနိုင်ခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးကဏ္ဍအတွက် သုံးစွဲငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၇၇၇) ကျော် သုံးစွဲခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts