သတင်းဆောင်းပါး

ဂျော့အိုဝယ် George Owell နှင့် မြန်မာပြည်၊ ကသာမြို့

ဂျော့အိုဝယ် George Owell နှင့် မြန်မာပြည်၊ ကသာမြို့
ဇာနည်ကြီး
ဇန်န၀ါရီ (၂၆)၊ ၂၀၁၄
 
 

၂၀ရာစု သြဇာအရှိဆုံး စာရေးဆရာတစ်ဦးအဖြစ် သတ်မှတ်ထားသော ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဖြစ်သည်။ စာပေဝေဖန်ရေး၊ ကဗျာ၊ ဝတ္တု၊ ဂျာနယ်လစ် ဖြစ်ပါသည်။ The Times မှ ၁၉၄၅နောက် အကောင်းဆုံး စာရေးဆရာ ၅၀ဦး ရွေးချယ်ခဲ့ရာ၊ အဆင့်(၂)အဖြစ် သတ်မှတ်ခံရသည်။ သူ၏ စာများသည် လူမှုရေးတရားမျှတမှု၊ ဆိုရှယ်ဒီမိုကရေစီများကို ဖေါ်ပြခဲ့သည်။

ယခုခေတ် မြန်မာလူငယ်များ သူ့ကို သိပ်မသိကြ။ ၁၉၀၃ခုနှစ်မှာ မွေးဖွားပြီး ငယ်စဉ်က ဗြိတိသျှကိုလိုနီ မြန်မာပြည် ရဲတပ်ဖွဲ့တွင် ၅နှစ် အလုပ်လုပ်ခဲ့ပြီး၊ အင်္ဂလန်ပြန်သွားပြီးမှာ သူရေးတဲ့ စာအုပ်များနဲ့ ကမ္ဘာကျော်လာပါသည်။  မောင်မြင့်ကြွယ် “မြန်မာပြည်မှနေ့ရက်များ” စာအုပ်ကို ၂၀၁၂ ဘာသာပြန်(သုတ) အမျိုးသားစာပေဆု ရရှိခဲ့ပါသည်။ ထိုစာအုပ်သည် ဂျော့အိုဝယ်၏  Burmese Days ဝတ္တုစာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ သူ၏ Nineteen Eighty-Four ဝတ္တုကို စစ်အစိုးရခေတ်တွင် တားမြစ်ပိတ်ပင်ခြင်း ခံထားရသည်။ မြန်မာပြည်၏ စစ်အာဏာရှင်အစိုးရနှင့် အလွန်တူသောကြောင့် တားမြစ်ခြင်းဖြစ်သည်။ ယခုအခါ စာပေလွတ်လပ်ခွင့် ရှိလာပြီဖြစ်သည်။

ဂျော့အိုဝယ် သည်၊ အင်္ဂလန်တွင် နေထိုင်ရာမှ ဘုရင့်ရဲသိပ္ပံကျောင်း Imperial Indian Police ဝင်ခွင့်စာမေးပွဲ အောင်ခဲ့သည်။ ရဲသိပ္ပံကျောင်း၊ တက်ရန် မော်လမြိုင်ရှိ အဖွားဖြစ်သူကို သံယောဇဉ်ဖြင့် မြန်မာပြည်၊ မန္တလေးကို ရွေးချယ်ခဲ့သည်။ ထို့နောက် မြန်မာပ်ြည်အနှံ မေမြို့၊ မြောင်းမြ၊ တွံတေး၊ အင်းစိန်၊ မော်လမြိုင် နှင့် နောက်ဆုံး စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၂၇ တွင် သွေးလွန်တုတ်ကွေး ရောဂါခံစားရသဖြင့် ရက်ရှည်ခွင့်ယူပြီး အင်္ဂလန်ပြန်သွားသည်။ ပြန်မလာတော့ပဲ စာရေးဆရာအဖြစ် ခံယူလိုက်သည်။ မြန်မာစကား၊ စာပေကို မြန်မာတစ်ဦးကဲ့သို့ ကျွမ်းကျင်သူဖြစ်သည်။ မြန်မာပြည်နှင့်ပတ်သတ်သော Burmese Days (1934) , “A Hanging” (1931) , “Shooting an Elephant” (1936) စသည့် ဝတ္တုများစွာ နှင့် အက်ဆေးပေါင်းများစွာကို ရေးခဲ့သည်။ သတင်းစာ၊ ဂျာနယ်လစ်၊ အက်ဆေး၊ စာအုပ်ဝေဖန်၊ ကော်လံစားသတင်းရေးသူ၊ စသဖြင့် လုပ်ဆောင်ခဲ့သော်လည်း၊ ယခုခေတ်တွင် စာရေးဆရာအဖြစ် လူသိများပါသည်။  ပြင်သစ်၊ အင်္ဂလန်၊ စပိန်၊ အမေရိကန် စသည့် အရပ်ဒေသများစွာတို့၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အခြေနေမျိုးစုံကို ဂန္ဒဝင်စာပေများအဖြစ် ရေးသားခဲ့သူဖြစ်သည်။ အင်္ဂလိပ်စာရေးဆရာ ဂျတ်လန်ဒန် (၁၈၇၆-၁၉၁၆) ကို အတုယူ၊ အားကျခဲ့သည်။

The Australian စာစောင်တွင် ကသာမြို့ဇာတိဖြစ်သူ အပျော်တမ်း၊ သမိုင်းသုတေသီ ညိုကိုနိုင်၏ အင်္ဂလိပ်ဘာသာ ဆောင်းပါး George Orwell’s Burmese Days explores the dirty work of empire ကို ဖေါ်ပြထားသည်။ ဂျော့အိုဝယ်နှင့် ကသာမြို့အကြောင်း၊ သမိုင်းအထောက်အထားများ၊ ကသာမြို့တွင် ညိုကိုနိုင် ထိုခေတ်က မြေပုံအဟောင်းကို လေ့လာခြင်း၊ ဂျော့အိုဝယ် နေထိုင်၊ သွားလာခဲ့သော အိမ်၊ ကလပ်၊ ရုံးအဆောက်ဦများ၊ကောင်းစွာ ပြုပြင်မှုမရှိ သော ယခုအချိန်ထိ ရှိနေသေးသည်၊ British Club, ဂျော့အိုဝယ်နေထိုင်ခဲ့ပုံရသည့် Red House ၊ ၄င်းတို့ကိုယဉ်ကျေးမှုအမွေနှစ် သတ်မှတ်ရန်၊ ယခုအခါ ကမ္ဘာလှည့် ခရီးသည်များ မကြာခဏ ဧရာဝတီဖြစ်ကြောင်း သင်္ဘောနှင့် ရောက်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များ ဂျော့အိုဝယ် နေထိုင်၊ သွားလာသည့် နေရာများကို မေးမြန်း၊ ကြည့်ရှုခြင်း။ တိုင်းအဆင့်ဝန်ကြီးတစ်ဦး လာစဉ်က ထိုနေရာများကို ထိမ်းသိမ်းထားရန် အဆိုပြုခဲ့ခြင်း စသည်တို့ကို ဓါတ်ပုံများနှင့် တင်ပြထားပါသည်။ ကသာမြို့ကို ဂျော့အိုဝယ်နှင့် ဗြိတိသျှကိုလိုနီရုံများကို ကမ္ဘာလှည့်ခရီးသည် များစွာ လာရောက်လေ့လာ ကြမည်ဖြစ်၍ ပြင်ဆင်ထားရန် ညိုကိုနိုင်က တိုက်တွန်းထားပါသည

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တဟုန်ထိုး တိုးတက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် အများစု ကျေနပ်မှုကို ရရှိနေသည်။ ၂၀၁၂ တွင် ခရီးသည် တစ်သန်းမှာ ၂၀၁၃တွင် ခရီးသည် ၂သန်းကျော် လာကြသည်ဟု ဆိုသည်။ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသည် သန်း၂၀ခန့် လာရောက်သောသည်။ စင်ကာပူ၊ ဟောင်ကောင်များတွင်လည်း ၁၅သန်းခန့် လာကြသည်။ မြန်မာအစိုးရသည် ခရီးသွားလုပ်ငန်းအတွက် မြို့တိုင်း၊ ရွာတိုင်း နိုင်ငံခြားသားများ လက်ခံသည် ဟိုတယ်၊ မိုတယ်များ နိုင်ငံတကာအဆင့်၊ ဈေးနှုန်း (Budget rate) အိမ်နီးချင်းနိုင်ငံများကဲ့သို့ ခွင့်ပြုမည်ပါက ၂ဆနှုန်းထားဖြင့် တိုးတက်သွားနိုင်သည်။ မြို့တိုင်း၊ ရွာတိုင်းတွင်လည်း နိုင်ငံခြားသားများ အကြိုက် (သန့်ရှင်း၊ သပ်ရပ်၊ မနံစော်သော တဲခိုခန်းအဆင့်) ပြုလုပ်ပေးပါက အင်္ဂလိပ်ခေတ်က အဆောက်အဦးများအားလုံး မြို့ရွာတိုင်း Tourist Attraction ဖြစ်လာပါမည်။ မြန်မာအာဏာပိုင်များသည် ပွင့်လင်းမြင်သာစွာ၊ တိုးရစ်များ၏ အကြံပေးချက်၊ မီဒီယာများ၏ ဖေါ်ပြချက်များ၊ တိုးရစ်ရဲတပ်ဖွဲ့များဖြင့် အလွန်တိုးတက်လာသည်မှာ အားရဖွယ်ဖြစ်သည်။ တိုးရစ်တစ်ဦးလျှင် တစ်ပတ်၊ ဒေါ်လာ ၅၀၀ သုံးပါက၊ တိုးရစ် ၁၀သန်းလာလျှင် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၅ဘီလျှံ ဝင်ငွေရမည်ဖြစ်သည်။

မြန်မာကို ကမ္ဘာ့စာပေအားဖြင့် လူသိစေခဲ့သည့် ဂျော့အိုဝဲအကြောင်း အနည်းငယ်ဖြစ်သည်။ ကမ္ဘာ့စာပေ  အင်္ဂလန်တွင် အဆုတ်ရောဂါရရှိပြီး ၁၉၅၀ အသက် ၄၇နှစ်အရွယ် ကွယ်လွန်သည်။

Reference

1. British greatest 50 authors:

2. Wikipedia

3. The Australian စာစောင် (www.theaustralian.com.au) 

 

4. Nineteen Eighty-Four ဝတ္တု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts