ဓာတ်ပုံသတင်း

သဘာဝမေတ္တာ ဓာတ်ပုံပြိုင်ပွဲ

သဘာဝမေတ္တာ ဓာတ်ပုံပြိုင်ပွဲ
မိုးမခ
ဇန်န၀ါရီ ၂၄၊ ၂၀၁၄
 
 
 
ဓာတ်ပုံဆရာတွေ၊ ဓာတ်ပုံသမားတွေအတွက် သတင်းကောင်းတခုပါ။ မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုမှုကို ရည်ရွယ်ပုံရတဲ့ သဘာဝမေတ္တာ ဓာတ်ပုံပြိုင်ပွဲတခုကို The Yangon Photo Festival နဲ့ ကမ္ဘောဇဘဏ်တို့က စီစဉ်ထားတာပါ။
ဝါသနာရှင်နဲ့ ပညာရှင်အဆင့်ဆိုပြီး အမျိုးအစား နှစ်မျိုးခွဲထားပါတယ်။ ကမ္ဘာ့ရွာကြီးရဲ့ ဘယ်နေရာမဆို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ၀င်ပြိုင်ခွင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် ကင်မရာ (သို့မဟုတ်) ဖုန်းတို့ဖြင့်လည်း ရိုက်ကူးနိုင်သလို ဆုအမျိုးအစားကိုလည်း ပညာရှင်အဆင့်နှင့် အပျော်တမ်းအဆင့်ဆိုပြီး နှစ်မျိုးခွဲထားတယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲမှာ ဆုရရှိသူတွေကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ Institut Français de Birmanie, 340 Pyay Road, Yangon, Myanmar မှာ ကျင်းပမယ့် Yangon Photo Night ပွဲမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်လိုသူတွေအတွက် http://www.yangonphoto.com/photo-contest/ မှာ သွားရောက်ပြီး မိမိတို့ တွေးမြင် ရိုက်ကူးထားတဲ့ ပုံများကို upload လုပ်ပေးပြီး ပြိုင်ပွဲဝင်ရမှာ ဖြစ်ပါတယ်။အသေးစိတ်သိရှိလိုပါက http://www.yangonphoto.com/photo-contest/  မှာ သွားရောက် လေ့လာနိုင်ကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts