ကဗျာ

လွမ်းရစ်လို့ နေဆဲ – Ko Thet

 

လွမ်းရစ်လို့ နေဆဲ
ကိုသက်၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၄
ဆေးလိပ် မျက်မှန်၊ ပိုက်ဆံ မီးခြစ်
မမေ့ရစ်အောင် သူစိစစ်
နေ့စဉ် ၀တ္တရားဖြစ်။
စာဖတ် ကဗျာရေး၊ တမှေးအိပ်စက်
ငြိမ်သက်တဲ့ သူ့အသွင်
လွတ်လပ်မှုကို ချစ်ခင်။
ဖုန်းမြည်တော့ သူနိုး
သူနိုးတော့ ဖုန်းကျသွား
ပြာခွက်ထဲက ဆေးလိပ်တိုများ။
ကော်ဖီခါးခါး၊ လားလားမျှမကြိုက်
နှစ်ခြိုက်တဲ့ ချိုဆိမ့်
တငြိမ့်ငြိမ့်နဲ့ သူသောက်
ကဗျာဥာဏ်မီးတောက်။
မြို့မငြိမ်း၊ ကိုစောငြိမ်း
ငြိမ်းရဲ့ ဂီတ၊ အနုအလှသံစဉ်
သူမြတ်နိုးတဲ့ မြန်မာမှုပင်။
ဆရာရေ …
အနိစ္စများစွာနဲ့ သည်ခန္တာဟာ
စွန့်ခွာသွားရှာတဲ့ နွေညများလိုပဲ
ခြေရာများ ချန်ရစ်
လွမ်းရစ်လို့ နေဆဲ။      
ကိုသက်
(ချစ်ခင်လေးစားရပါသော ကဗျာဆရာကြီး  ဦးတင်မိုး ကွယ်လွန်ခြင်း ၇ နှစ် မြောက်အတွက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts