Yan Naung (Bo Ta Htaung) သတင်းပဒေသာ

အမည်ပြောင်းတော့မည့် ရနံ့သစ်မဂ္ဂဇင်း (၅)နှစ်ပြည့်အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

အမည်ပြောင်းတော့မည့် ရနံ့သစ်မဂ္ဂဇင်း (၅)နှစ်ပြည့်အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

ရန်နောင် (ဗိုလ်တထောင်)၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၄

ရန်ကုန်မြို့ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အေးရှားပလာဇာဟိုတယ်၊ ပုလဲခန်းမတွင် ရနံ့သစ်မဂ္ဂဇင်း (၅)နှစ်ပြည့်အခမ်အနားနှင့် စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ရက် စနေနေ့၊ နေ့လည် ၁နာရီမှာ စတင်ပြုလုပ်ခဲ့သည်။

ရနံ့သစ်မဂ္ဂဇင်းအယ်ဒီတာ ဆရာလေးကိုတင်က နှုတ်ခွန်းဆက်ပြောကြားပြီး  သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်က အမှတ်တရစကားပြောကြားခဲ့ပါသည်။  တက်ရောက်လာသော စာရေးဆရာ၊ ဆရာမများကိုယ်စား ဆရာဝင်းထွဋ်ဇော်က၎င်း ကျေးဇူးတင်စကားကို ရနံ့သစ်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ပြည်သွေးနိုင်က၎င်း ပြောကြားခဲ့ပါသည်။

စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်တွင် အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းက ဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားပြီးနောက် စာပေမဂ္ဂဇင်းများ၏ အလားအလာနှင့် စိန်ခေါ်မှုများ ” ခေါင်းစဉ်ဖြင့် ဆရာဇော်ဝင်းကို၊ ဆရာရဲသျှမ်း၊ ဆရာပြည်သွေးနိုင် တို့ကဆွေးနွေးကြပြီး ဆရာမ မသီတာ (စမ်းချောင်း) က ( Moderator) အဖြစ် ဆောင်ရွက်ခဲ့သည်။ ညနေ ၄ နာရီတွင် အစီအစဉ်ပြီးဆုံးခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ဆရာမကျူရီက ဆောင်ရွက်ခဲ့ပါသည်။

ရနံ့သစ်မဂဇင်းသည် ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ မေ တွင် နာမည်ပြောင်း၍ ထုတ်ဝေမည်ဖြစ်သည်။ အမည်ပြောင်းသော်လည်း အယ်ဒီတာအဖွဲ့နှင့် ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts