စာအုပ်စင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

စာအုပ်အမည် – ပြိုင်ပွဲဝင် သချာင်္ဥာဏ်စမ်းများ – ၁

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Book Advertisement – Maths – Dr. Khin Maung Win

စာအုပ်အမည် – ပြိုင်ပွဲဝင် သချာင်္ဥာဏ်စမ်းများ – ၁

ရေးသူ – ဒေါက်တာခင်မောင်ဝင်း

ထုတ်ဝေသူ – စာအုပ်ကမ္ဘာ

ရက်စွဲ – ၂၀၁၄ ဇန်န၀ါရီ

အုပ်ရေ – ၅၀၀။ တန်ဖိုး ၂၀၀၀ ကျပ် ။ စာမျက်နှာ – ၉၅

မေးခွန်းပေါင်း – ၂၈ ပုဒ်

မေးခွန်းပုံစံများကို လေ့လာကြည့်ပါက စိတ်ဝင်စားစရာဖြစ်သည်။ ဥပမာ… ရေထွက်ရန် အပေါက်ဖောက်ခြင်း၊ ငါးယူလိုက်ပြီး ငါးကျန်ရန်၊ ကြယ်ဆယ်လုံး အရောင်နှစ်မျိုး … စသည်ဖြင့်။

ပုံစာတိုင်းတွင် ရုပ်ပုံများပါသည်။ စဉ်းစားပုံစဉ်းစားနည်းများ ထည့်သွင်းထားသည်။ ဂဏန်းဝှက်တမ်း ကစားနည်းဟူသော ပုစ္ဆာတွင်လည်း မိမိတို့ငယ်စဉ်က ကစားဖူးသော ကိန်းဂဏန်းတစ်ခုကို ဖော်ထုတ်သော စဉ်းစားနည်း ကစားနည်းကို ပြန်တွေ့ရမည်ဖြစ်သည်။ စက္ကူများ အထပ်မည်မျှမြင့် ဟူသော ပုစ္ဆာသည် မိမိတို့ကိုယ်တိုင် လက်တွေ့လုပ်ကြည့်လို့ရသည့် သဘောပါသည်။ စွယ်စုံကျမ်း ဆယ်အုပ်ဟူသော ပုစ္ဆာကျတော့ မိမိအိမ်က စွယ်စုံကျမ်း စီထားတာကိုကြည့်ပြီး စဉ်းစားခန်းဝင်လို့ ရပါသည်။ (အဲသည်မှာပုံက နံပါတ်၃ကနေ ၁၂ထိ ထောင်ထားပါသည်။ အမှန်က ၁ ကနေ ၁၀ ထောင်ရမှာဖြစ်ပါသည်။ ဒါကြောင့် ကိုယ့်အိမ်က စွယ်စုံကျမ်း ၁ကနေ ၁၀ကိုသာ ကြည့်ပြီး စဉ်းစားကြည့်ကြပါလို့ အကြံပေးလိုက်ရပါသည်။) အဖြေတွေလည်းပါသည် ဆိုတော့ မိမိအဖြေများကို မှန်မမှန် ချိန်ကိုက်ကြည့်ရင်း အဖြေရှာကြတာပေါ့။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts