တူမောင်ညို သူတို့အာဘော်

ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့် စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ်

 

ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့် စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ်

တူမောင်ညို  (၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)

 “၂၀၀၈ အခြေခံဥပဒေ”ပြင်ဆင်ရေးအတွက် စစ်တပ်ပါမှဖြစ်မယ်၊ စစ်တပ်ပါဖို့လိုတယ် စသဖြင့် ပြောဆိုစည်းရုံးသံတွေ ညံနေ ချိန်၌ True News ဂျာနယ် အတွဲ ၆၊ အမှတ် ၁၃ တွင်  ကာချုပ် ဗိုလ်မင်းအောင်လှိုင် မိန့်ခွန်းဆိုသည်ကို  ဖော်ပြလာသည်။

မိန့်ခွန်းပါ သဘောထားမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်သည် ကန့်လန့်ကာနောက်ကွယ်က “ကာချုပ်ဗိုလ်သန်းရွှေ” ၏ ကျေးဇူး သစ္စာကိုထာဝစဉ်စောင့်သိရိုသေပါမည် ဟု အာမဘန္တေခံလိုက်ခြင်းဖြစ်ပြီး ဒီချုပ်ပါတီဥက္ကဋ္ဌ၏ “မေတ္တာရပ်ချက်”ကို ရင့်ရင့်ကြီး စိမ်းကား လိုက်ခြင်းဖြစ်သည်။ ဗိုလ်သန်းရွှေကလည်း စိမ်းကားခဲ့ဖူးသလို၊ ဗိုလ်မင်းအောင်လှိုင်ကလည်း ကာချုပ်ဟောင်း၏ ဖဝါးခြေရာထပ်ပြလိုက် ခြင်းပင်။

ထိုမိန့်ခွန်းဆိုသည်ကို ကာချုပ်ဗိုလ်မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့ကပြောခဲ့ခြင်းဖြစ်သည်။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ “၄ ဦး ၄ သွယ်” တွေ့ဆုံရေး မေတ္တာရပ်ခံချက်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့အတွက် ကာချုပ် မိန့်ခွန်းသည် ဒီချုပ်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အား တုန့်ပြန်ခြင်းဖြစ်သည်။

ကာချုပ်သည် ဗိုလ်သန်းရွှေနှင့် “၂၀၀၈အခြေခံဥပဒေ” ကို ထိန်းသိမ်းကာကွယ်မည်ဟု ရပ်တည်ပြောဆိုလိုက်သဖြင့် သူ့လက် အောက်တွင်ရှိသော တပ်ဗိုလ်တပ်သားအားလုံး သူနဲ့အတူရပ်တည်ကြရမည်။ ကာချုပ်၏သဘောထားအတိုင်း စစ်တပ်တစ်တပ်လုံးလိုက် နာကြရမည်မဟုတ်ပါလား။

ယခုအခါ ကာချုပ်မင်းအောင်လှိုင်က စစ်သားအမတ်များထဲတွင် “ဗိုလ်ထီး” အမတ်များချည်းသာ ရှိနေရာမှ၊ “ဗိုလ်မ” အမတ် များကို (တောင်းဆိုချက်/ဝေဖန်ချက်အရ) ထည့်သွင်းပေးလိုက်သည်။ ဗိုလ်ထီးဖြစ်စေ၊ ဗိုလ်မဖြစ်စေ၊  စစ်တပ်ထဲတွင်ဖြစ်စေ၊ လွှတ်တော် ထဲတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေဆဲဖြစ်လျှင် (စစ်မှုထမ်းဟောင်းဘဝရောက်နေလျှင်လည်း) ကာချုပ်အမိန့်ကို နာခံရမည်သာ။

သို့ပါ၍ လွှတ်တော်ထဲတွင်လည်း ဗိုလ်ထီးဖြစ်စေ၊ ဗိုလ်မဖြစ်စေ ကာချုပ် ဗိုလ်မင်းအောင်လှိုင် အမိန့်နာခံရမည်။

True News ဂျာနယ် တွင်ပါသော ကာချပ်ဗိုလ်မင်းအောင်လှိုင်၏ မိန့်ခွန်း သည် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသာမက “၂၀၁၅ ရွေးကောက်ပွဲ” အတွက်ပါ စစ်တပ်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများအား ကြိုတင်အမိန့်ပေးထားလိုက်ခြင်းဖြစ်သည် ကို သတိပြုကြရမည်။ ၁၉၆၀ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်နေဝင်းက သူ့စစ်ဗိုလ်များအား (တည်မြဲဖက်ပင်းကြဖို့) ဝိနည်းလွတ် အမိန့်ပေး သည်ကို သတိရစရာပင်။ စစ်တပ်ထဲက စစ်သားဖြစ်စေ၊ ကြံ့ဖွံ့ပါတီထဲက စစ်သားဟောင်းဖြစ်စေ၊လွှတ်တော်ထဲက စစ်သားဖြစ်စေအားလုံး “ဗိုလ်သန်းရွှေနှင့် ၂၀၀၈ အခြေခံဥပဒေ” ကို သစ္စာစောင့်သိကာကွယ်ကြမည်သာဖြစ်သည်။

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဒီချုပ်ဥက္ကဋ္ဌ “၂၀၀၈ အခြေခံဥပဒေ” နှင့်ပတ်သက်ပြီး “တရားမျှတမှုမရှိဘူး၊ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့မကိုက်ညီဘူး၊ နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး” အတော့်ကို ပြတ်ပြတ်သားသားပြောသည်။( ဒီလောက်မကောင်းတဲ့အခြေခံဥပဒေကို ဘာကြောင့်များပြင်နေတော့မှာလဲ။ အသစ်သာရေးပါတော့)

ဒီချုပ်ဥက္ကဋ္ဌ၏ ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး၊ ကျယ်ပြန့်သည့် စည်းရုံးရေးပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် ဆောင်ရွက်ပါ၊ ဦးစီးဦးဆောင်ပြုပါလို့ တိုက်တွန်းတောင်းဆိုပါသည်။

ထို့အပြင်  “ပြင် – ဝင်” မှ “ဝင် – ပြင်” သို့ “ပြောင်းလဲ” သွားသကဲ့သို့ ပြောင်းလဲ မသွားစေရန်အတွက်လည်း အကြိမ်ကြိမ် ဆုတောင်းနေပါမည်။

၂၀၁၄ ခုနှစ်ဟာ “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ နှစ်ဖြစ်ပါသည်။

ပြည်သူတစ်ရပ်လုံးအုံကြွပါဝင်လာမှသာ “၂၀၀၈အခြေခံဥပဒေ” ကို အခြေခံကျကျပြင်ဆင်နိုင်ပါလိမ့်မည်။ “၂၀၀၈အခြေခံ ဥပဒေ” ကို လွှတ်တော်တွင်း နည်းဖြင့်ပြင်ဆင်နိုင်လိမ့်မည် မဟုတ်ပါ။ ပြည်သူလူထုလိုလားနှစ်သက်သည့်အတိုင်း ပြင်ဆင်မည်ဆိုလျှင် လွှတ်တော်ပြင်ပနည်းဖြင့်သာ ပြင်ဆင်မှဖြစ်နိုင်ပါလိမ့်မည်။ လွှတ်တော် တွင်းနည်းလမ်းဖြင့်သာ ပြင်ဆင်မည်ဆိုလျှင် ကြံ့ဖွံ့ပါတီအကြိုက် သာဖြစ်မြဲဖြစ်နေပါလိမ့်မည်။

စစ်တပ်အတွင်းရှိအရာရှိအရာခံအကြပ်တပ်သားများ၏ ဦးနှောက်နှင့်ပုခုံးပေါ်တွင် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏ (အမိန့်/ စည်းကမ်း) ဟူသော “ထမ်းပိုးကြီး” ဖိစီးထားခဲ့သည်မှာ ရာစုနှစ်ဝက်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။ ထို ထမ်းပိုးကြီးနှင့် မျက်မှန်စိမ်း တပ်ကာ ပြည်သူလူထုနှင့်တပ်မတော်ကို စစ်အုပ်စုက ရန်တိုက်သွေးခွဲနေခြင်းလည်းဖြစ်ပါသည်။ တပ်မတော်ကို ခါးပိုက်ဆောင်တပ် သဖွယ်ပြု လုပ်ပြီး ပြည်သူလူထုကိုအကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်စုဆိုသည် “ထမ်းပိုးကြီး” ခွာချပစ်နိုင်ရေး၊ လူမျိုးပေါင်းစုံပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုကြီး ထဲသို့ တပ်မတော်သားများကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားနိုင်ဖို့ဆိုလျှင် လူထုလှုပ်ရှားမှုမုချလိုအပ်ပါသည်။ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာမှသာ တပ်မတော်သားများကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားနိုင်ပါလိမ့်မည်။ သို့အတွက် တပြည်လုံးလက္ခဏာဆောင် သော လူထုလှုပ်ရှားမှုကြီးပေါ်ပေါက်လာအောင်လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ကြရပါလိမ့်မည်။

သို့ပါ၍ ယခုအခါတွင် လူထုလှုပ်ရှားမှုမလိုအပ်သလိုလို၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တစ်ကိုယ်တော် အစွမ်းအစဖြင့် အရာ ရာကို ဆောင်ကျဉ်းလာနိုင်တော့မလိုလို၊ တည်ဆဲဥပဒေများကို လေးစားလိုက်လျှင်ပဲ ဒီမိုကရေစီသစ်ပင် သူ့အလိုလိုမြေက ပေါက်လာ တော့ မယောင် ယောင် ဟောပြောရေးသားနေမှုများရပ်တန်းက ရပ်သင့်ပါပြီ။

 ညွန်း

– ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၂၊ (၁၃-၁-၂၀၁၄)

– True News ဂျာနယ် အတွဲ ၆၊ အမှတ် ၁၃        

Photo – From Senior General Min Aung Hlaing’s facebook page  

                                   

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ပြတ်သားသည့်ပြောဆိုမှုကို တိကျခိုင်မာပြီး ကျယ်ပြန့်သည့် စည်းရုံးလှုပ်ရှားမှုဖြင့်ပေါင်းစပ်
  1. Dear Sayar Nyo, Very good article.This is the truth that can not ask democracy by peacefully.Peoples need to stop asking and demanding the want which could not be achieved since 50 years ago.We would like to ask how leaders preparing for the worst.We do not hope for the best since 1988.Peoples are getting suffer and poorer and nothing for the hope.If my point is seem like wrong,every one can comments and all are welcome.

  2. လူထု အုံကြွမှူကြီးတခု သံဃာတော်များ ဦးဆောင်ပြီး ၂၀၀၇ မှာ ပေါ်ပေါက်ခဲ့တယ်လေ- အဖွဲ့ ချုပ်က ကိုယ်နဲ့  မဆိုင်သလို အေးအေးဆေးဆေးဘဲ နေခဲ့တယ်- ကိုယ်လိုချင်တဲ့ အရာ မရမှန်းသိစပြုမှ ပြည်သူကို တောင်းတလာတယ်- အလကားနေရင်း ၉၀ ရလာဒ်လေးကို မိန်းမောနေတယ် သာယာနေတယ်- ၉၀ မှာ မဲ အပြတ်အသတ် အနိုင်ရတာ အဖွဲ့ ချုပ်ရဲ့  မူဝါဒ သဘောထားတွေ ကောင်းလွန်းလို့  ကြိုက်လွန်းလို့  လူထုက မဲပေးခဲ့တာ မဟုတ်ဘူး- အဖွဲ့ ချုပ်မူဝါဒ ဘာမှန်းမသိရှိသူတွေ အများကြီးရှိတယ်- သူတို့ မဲပေးတာက တ-စ-ည – မနို င် ပြီးရော- ဆိုပြီးမဲပေးခဲ့တာ- အဖွဲ့ ချုပ် – လုပ်နိုင်ခဲ့တာက အင်တာဗျူးရယ်- စတိတ်မင့်ထုတ်တာရယ် ဒါဘဲ လုပ်နိုင်တယ်။ လက်ရှိ အဖွဲ့ ချုပ် ဥက္ကဌ က ဒုတိယ ပင်လုံ လို့ ပြောခဲ့တယ်- ဘာမှ ဖြစ်မလာဘူး- ၂၀၀၈ အခြေခံ ဥပဒေ မဟန်မှန်းသိလို့  ရွေးကောက်ပွဲ မ၀င်ဘူးလို့  ပါတီတွင်းဆုံးဖြတ်ခဲ့တာကြောင့် ၀င်လိုသူတွေ ပါတီမှ ထွက် ရွေးကောက်ပွဲဝင်ခဲ့တယ်- နောက်တော့ ကြားဖြတ်မှာ မတရားတဲ့ အခြေခံဥပဒေမှန်း သိပါလျှက်နဲ့  ၀င်ခဲ့တာဘဲ မဟုတ်လား- အဖွဲ့ ချုပ် ရွေးကောက်ပွဲ ၀င်- မ၀င် ကိစ္စတခုထဲနဲ့ ပတ်သတ်ပြီး ပါတီမှ ထွက်ခဲ့ကြတဲ့ သူတွေက ပါတီက ရွေးကောက်ပွဲ ၀င်ပြီမို့  သူတို့ နဲ့ ဆန္ဒတူသွားလို့  ပါတီပြန်ဝင်ဘို့  ပြောတဲ့အခါ အ၀င်မခံတာ စဉ်းစားစရာဖြစ်လာတယ်- လူထု အုံကြွမှူဖြစ်ပေါ်လာရင် ပထမဦးဆုံး အသေခံရမှာ- ထောင်ကျခံရမှာက အာဏာယူမည့်သူတွေ မဟုတ်ဘူး-လူထုတွေဖြစ်တယ်- အဖွဲ့ ချုပ်ဝင်တွေက လူထုရှေ့ မှ ပြတ်သားစွာ ဦးဆောင်မယ်ဆိုရင်တော့ ပါဝင် ဘို့  ဘယ်သူမှ နောက်တွန့် မှာ မဟုတ်ဘူး- အခုနေအချိန်မှာတော့ တဖြေးဖြေးဘဲ လူထုက နားလည်သဘောပေါက်လာပါမယ်- လူထု လှုပ်ရှားမှုနဲ့  တိုင်းပြည်ကို စစ်ဘိနပ်အောက် လုံးဝ ကျရောက်သွားအောင် မလုပ်သင့်တော့ပါ- ၂၀၁၅ မှာ အဖွဲ့ ချုပ်ဥက္ကဌ သမတ မဖြစ်လို့  လူထုလှူပ်ရှားမှူလုပ်တယ်ဆိုတာ ရှက်စရာကြီးပါ-

Comments are closed.