ကဗျာ

ကျောခိုင်းသူများ

နိုင်ဦးညို (ဖိုးဇီးရိုး)
ဇန်န၀ါရီ ၉၊ ၂၀၁၄

 

အမယ်

ခုမှ

သိန်းဂဏန်းခေတ်မှာ

ခေတ်ကောင်းလာသူ

တချို့က

သိန်းကို ကျေးဇူးအထူးတင်ရှိ

နေပါရော့လား၊

 

သူတို့တတွေ

သန်းဂဏန်းခေတ်က

ခေတ်ဆိုးတွေကို

လွယ်လွယ်နဲ့

ဘယ်လိုများမေ့သွားလေသလဲ

မမေးရဲပါဗျာ၊

 

အဲဒါကို

ဒေါ်လာနှစ်သောင်းခွဲနဲ့

ဆိုလား

လဲစားသူ

လဲစားသွားသတဲ့၊

 

တန်းစီတိုးစား

အမွေခံ

ရလဒ်ပေါ့၊

 

ဒါကိုလား

ကျောခိုင်းသူများ

နောက်ကြောင်းပြန်

လျှောက်

ကြောက်သလား၊  ။။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts