သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

အွန်လိုင်းစာအုပ်အမြည်းများဖြင့် မြန်မာ့စာအုပ်လောကကို လေ့လာခြင်း

ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၉ ၊ ၂၀၁၄

ဟိုး.. လွန်ခဲ့သော ၂နှစ်ကျော်က ပြည်ပတွင်သာ ဈေးကြီးစွာဖြင့် မနဲရှာဝယ်နေရသော အထက်ပါစာအုပ်(၃)အုပ် (ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး-ဒေါ်အောင်ဆန်းစုကြည်၊ စာစီလို့လွမ်းတော်မူ-ဆရာတင်မိုး၊ စနေတာတေသား-ဦးနု) ကို အခုအခါ ရန်ကုန်မြိုမှာ ပုံနှိပ်ထုတ်ဝေပြီး၊ ဆိုင်တိုင်းမှာ ဝယ်နိုင်သည်။ ပျှမ်းမျှတစ်အုပ် ကျပ်၂၀၀၀ ပတ်ဝန်းကျင်တွင် ထိုစာအုပ်များက ကျပ်၆၀၀၀ အထက်ဖြစ်နေသောသော်လည်း ပြည်ပထုတ်စာအုပ်ထက် တဝက်မက ဈေးသက်သာပါသည်။ ထိုမျှမြန်ဆန်စွာ စာပေလွတ်လပ်ခွင့်ရမည် မမျှော်လင့်ခဲ့ပါ။ ကျွန်ုပ်အထူးမျှော်လင့်နေသော နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးနှင့် ခေတ်မီအတတ်ပညာဆိုင်ရာ အင်္ဂလိပ်၊ မြန်မာစာအုပ်များ မြန်မာပြည်တွင်ဈေးနှုန်းသင့်တင့်စွာဖြင့် ထုတ်လုပ်နေပြီဖြစ်သည်။

 

၂၀၁၃ မြန်မာ့စာပေနှင့်မီဒီယာ တိုးတက်မှုကြီးဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အစိုးရသစ်မှ၊ မီဒီယာလွတ်လပ်ခွင့်များနှင့် စာပေစီစစ်ရေးဖျက်သိမ်းသည်။ ထို့နောက် ပုံနှိပ်ထုတ်ဝေသူများးက စာအုပ်မျိုးစုံကို အဟောင်း၊ အသစ်၊ ဘာသာပြန် စာအုပ်များစွာ ရိုက်နှိပ်ထုတ်ဝေလာကြသည်။ မီဒီယာနှင့်စာပေ လွတ်လပ်ခွင့် တခေတ်ဆန်းခဲ့သည်။ ကျပ်သိန်း၂၀လောက် အကုန်ခံလျှင် အုပ်ရေ ၁၀၀၀ခန့် ထုတ်နိုင်သဖြင့် မဂ္ဂဇင်းများ၊ ဂျာနယ်နှင့် စာအုပ်မျိုးစုံ ပေါ်လာကြသည်။ ကြိုက်နှစ်သော၊ ရောင်းထွက်မည့် စာအုပ်၊ မိမိစီးပွားရေး၊ ပါတီ၊ အဖွဲအစည်းဆိုင်ရာ စာအုပ်များကို ငွေကုန်ခံ၊ ပုံနှိပ်ထုတ်ဝေ ရောင်းချနေကြသည်။  မြန်မာစာအုပ်များ မကြုံစဖူးလောက်အောင် အမြောက်အများ ရိုက်ထုတ်၊ ထွက်လာပြီဖြစ်သည်။ ဈေးနှုန်းများမှာလည်း စာမျက်နှာ၂၀၀ခန့် စာအုပ်ကို ကျပ်၂၀၀၀ (ကန် နှစ်ဒေါ်လာ) လောက်သာ ပေးရသဖြင့်၊ စာဖတ်ဝါသနာကြီးသော မြန်မာများအတွက် ထူးကဲသောနှစ်ဖြစ်သည်။ ဖြစ်ရပ်မှန်များစွာကို စာအုပ်များမှသိရသလို၊ မ.ဆ.လ ခေတ်က တဖတ်သက် ကွန်မြူနစ်များနှင့် အတိုက်အခံများကို အပုပ်ချသော စာအုပ်များလဲ ရှိနေဆဲဖြစ်သည်။ ရွေးချယ်ဖတ်ရှုရပါသည်။

 

စာအုပ်များစွာကို Online PDF ဖိုင်များဖြင့် အင်တာနက်တွင် တင်ထားသောကြောင့် အလွယ်တကူ ဖတ်နိုင်လာကြသည်။ မူပိုင်ခွင့်ကို ထိန်းချုပ်ရန်ခက်ခဲလှပါသည်။ မူပိုင်ခွင့်အား လေးစားမှုဖြင့်  Moemaka ကဲ့သို့ အဖွဲ့စည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းတို့သည် အမေဇုံနှင့်အခြား အွန်လိုင်းဆိုဒ်များတွင် အခကြေးပေးပြီးဖတ်ရှု၊ ဝယ်ယူသော eBook များလည်း ပေါ်ပေါက်လာသည်။ ဥပဒေမစိုးမိုးသေးသော မြန်မာပြည် ပုံနှိပ်လောကတွင် မူပိုင်ခွင့်ဂရုမစိုက်သော စီးပွားရေးသမားများကို အသင်းအဖွဲ့၊ မီဒီယာအားဖြင့်သာ ကာကွယ်တားဆီးဖို့ဖြစ်သည်။ စာပေချစ်မြတ်နိုးသူများ မူပိုင်ခွင့်ကို ဝိုင်းဝန်းကာကွယ်ကြရန်လိုသည်။ ယခင်ရပ်တံ့သွားသော ပြည်တွင်း/ပြည်ပမှ စာအုပ်ကိုမှာခြင်းသာမက၊ အွန်လိုင်းစနစ်ပါ ယခုထွန်းကားလာ၍ု ဝမ်းမြောက်ရသည်။

 

http://www.myanmarbookshop.comဝက်ဆိုဒ်ကို တွေ့ရသည်မှာ ကြာပြီဖြစ်သည်။ မှာသူများလာသည်ဟု ဆိုသည်။ မြန်မာစာအုပ် အမြောက်အများကို နိုင်ငံခြားစံချိန်မီ စာအုပ်အဖုံး၊ စာအုပ်အချက်အလက်များအပြင် ရေးသားသည့်အကြောင်းများနှင့်ရည်ရွယ်ချက်၊ အချို့စာအုပ်များကို မာတိကာ PDF ဖိုင်ကို ဒေါင်းလုပ်ကြည့်နိုင်အောင် တင်ပေးထားသည်။ ယခုအခါ ပြည်တွင်း/ပြည်ပ ပို့ဆောင်ရေး တစ်နိုင်ငံလုံးသွားလာနေပြီဖြစ်သော အဝေးပြေး၊ ဘတ်စ်ကားများ၊ Delivery ဝန်ဆောင်မှုများဖြင့်၎င်း၊ ပြည်ပအတွက်  အလေးချိန် 10 kg (သို့မဟုတ်) 10 kgနှင့် အထက် စာအုပ်မှာယူလိုသူများအတွက် ရန်ကုန်စာတိုက်ကြီးနှုန်းထက် သက်သာသော EMSမှ တဆင့် ပေးပို့လျက်ရှိပြီး၊  Sales@MyanmarBookShop.com ဦးကောင်းထွတ်ဦး Mobile: 09 550 6100 Office: ပါရမီစာပေ၊ အမှတ် ၂၃၀၊ ၂၉ လမ်း (အထက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဖုန်း – 09 550 6100) သို့ ဆက်သွယ်နိုင်ကြောင်း ကြော်ငြာထားသည်။

 

စာအုပ်ဝါသနာရှင် ကျွန်ုပ်အတွက် မည်သည့်စာအုပ်များ မြန်မာပြည်မှာထွက်နေပြီကို အင်တာနက်ဂူဂယ်မှာ ရိုက်နှိပ်ရှာခဲ့ရသည်။ ယခုတော့ MyanmarBookshop မှ အလွယ်တကူကြည့်နိုင်လာသည်။ စာရေးဆရာ နာမည်နှင် စာအုပ်အမည်ကို ရိုက်နှိပ်ရှာနိုင်သည်။ ပေါ်လာသော စာလုံးများမှ စာရေးဆရာအမည် ဥပမာ သိန်းဖေမြင့် ကလစ်လုပ်ခြင်း (သို့မဟုတ်) ရိုက်နှိပ်ရှာခြင်း ဖြင့် သိန်းဖေမြင့်စာအုပ်များ မျက်နှာဖုံးပုံနှင့် တန်းစီထွက်လာသည်။  မြန်မာပြည် ထုတ်ဝေနေသောစာအုပ်များကို အွန်လိုင်းကြည့်ခြင်းဖြင့် စာအုပ်ဆိုင်မသွားနိုင်သူများ အနည်းဆုံး အပျင်းပြေ၊ ဗဟုသုတရပါသည်။ အောက်ပါ ပညာရပ်ဆိုင်ရာများကို ဝက်ဆိုဒ်၊ ကော်လံတွင် ကလစ်လုပ်ကြည့်ပါ

 

ဥပမာ စိုက်ပျိုးရေး ကို ကလစ်လုပ်လျှင် စိုက်ပျိုးရေးနှင့်ဆိုင်သော စာအုပ်များစွာ ပေါ်လာပါသည်။ ကော်လံတွင် ဖေါ်ပြထားသော ပညာရပ် စာအုပ်များမှာ…

 

Myanmar Books

စိုက်ပျိုးရေး

မွေးမြူရေး

ဗိသုကာပညာ

အနုပညာ / ဖျော်ဖြေရေး

အတ္ထုပ္ပတ္တိ၊ ကိုယ်တွေ့မှတ်တမ်း

ကုန်သွယ်ရေးနှင့် စီးပွားရေး

ကလေးစာပေ

ရုပ်ပြ၊ ကာတွန်း

ကွန်ပျူတာ၊ အင်တာနက်

အချက်အပြုတ်

ဝါသနာ / အပန်းဖြေ / လက်မှုပညာ

ယဉ်ကျေးမှု

ပညာရေး

အင်ဂျင်နီယာနှင့် နည်းပညာ

ကျန်းမာရေးနှင့် ဆေးပညာ

သမိုင်း

ဟာသ၊ သရော်စာ

ဘာသာစကား၊ ဘာသာဗေဒ

ဥပဒေ

ကဗျာ၊ အက်ဆေး၊ ပေးစာ၊ မိန့်ခွန်း၊ ဟောပြောချက်

စီမံခန့်ခွဲမှု

ကုန်ပစ္စည်း ထုတ်လုပ်မှု

မဂ္ဂဇင်း

သုတစာပေ

မိသားစုရေးရာ

ဒဿနိကဗေဒ

နိုင်ငံရေး

ရည်ညွန်းစာပေ (အဘိဓာန်၊ စွယ်စုံကျမ်း၊ မြေပုံ၊ လမ်းညွှန်စာအုပ်၊ … )

ဘာသာရေး

သိပ္ပံပညာ

လူမှုရေးနှင့် စိတ်ပညာ

အားကစား၊ ကစားနည်း

စာရင်းအင်းပညာ

ခရီးသွား၊ ပထ၀ီဝင်

ဝတ္ထုရှည်

ဗေဒင်၊ လက္ခဏာ၊ သမထ၊ ဂမ္ဘီရ၊ စိတ်ဝိဉာဉ်ပိုင်း ဆိုင်ရာ

ဝတ္ထုတို

ပြက္ခဒိန်

ဂျာနယ်၊ သတင်းစာ

 

♦ အားနည်းချက်အချို့

ထိုဝက်ဆိုဒ်၏ အားနည်းချက်မှာ ငွေပေးပြီး၊ ဘယ်နှစ်ရက်အကြာ စာအုပ်ရောက်မည်ကို မသေချာခြင်းဖြစ်သည်။ ပြည်တွင်း/ပြည်ပ Delivery ပြသနာရှိနေမည်ဖြစ်သည်။ ဟိုး..စစ်အာဏာရှင်ဟောင်းများ ဖြစ်သော ဗိုလ်ချစ်ဆွေ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ချစ်လှိုင်၊ စသဖြင့် မ.ဆ.လ စစ်ဗိုလ်ချုပ်ကြီးများ အတုပ္ပတိစာအုပ်ရေးကြပါသည်။ မည်သူမျှ ဦးနေဝင်းအကြောင်း နဲနဲသာရေးဝံ့ကြသည်။ ဗိုလ်သန်းရွှေ (နိုင်ငံအကြီးအကဲ)အကြောင်း လုံးဝမရေးကြပါ။ နောက်ဆုံး မြတ်ခိုင်က ဗိုလ်ခင်ညွန့်အင်တာဗျူးစာအုပ်ထွက်လာသည်။ ထိုသူများသည် မိမိမှားယွင်းခဲ့သည်များကို မဝန်ခံပဲ၊ သူတို့သည်သာ မျိုးချစ်စိတ်ဓါတ်ရှိသူ၊ နိုင်ငံအကျိုးလုပ်ခဲ့သူများဟု ပြေဆို၊ရေးသားပါသည်။ တိုင်းပြည်ပျက်စီး၊ဆင်းရဲမွဲတေသွားသည်ကိုတော့ ကံကြမ္မာကို ပုံချပါသည်။

 

မြန်မာပြည်ရှိ စာအုပ်ဆိုင်များတွင်လည်း အလွန်များပြားလှသော စာအုပ်သစ်များစွာကို တစ်နေ့လုံး စာမြည်းမကုန်နိုင်အောင် တွေ့ရသည်။ ရန်ကုန်သာမက နယ်မြို့များတွင်လဲ ဂျာနယ်၊သတင်းစာများ ပလူပျံသလို ထုတ်ဝေသောစာအုပ်များမှာလဲ မနည်းလှ။ နယ်မြို့ပုံနှိပ်တိုက်များကလည်း ရဲဝံ့စွာ စာအုပ်များရိုက်နှိပ်ထုတ်ဝေနေကြသည်။ ဆင်ဆာမဲ့ အချိန်ကာလတွင် ညစ်ညမ်း၊ ကြမ်းတမ်း ဗွီဒီယိုများ တားဆီးမရဖြစ်နေချိန်တွင်၊ လူငယ်၊လူထုက မဖွယ်ရာ၊ နိုင်ငံအကျိုးမဲ့ စာအုပ်၊ စာပေ၊ မီဒီယာများကို တားဆီးရပါမည်။

 

♦ အနာဂါတ် မြန်မာစာအုပ်များ

ထုတ်ဝေသော စာအုပ်များသည် နိုင်ငံရေးနှင့် ရုပ်ရှင်၊ဂီတာ၊ကလပ်များချည်းမဟုတ်ပါ။ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ အင်ဂျင်နီယာ၊ ဆေးပညာ၊ ကွန်ပြူတာ၊ စားသောက်ကုန်၊ဆေးဝါး စသည့် နောက်ဆုံးပေါ် တတ်သိပညာစာအုပ်များစွာလည်း ပညာရှင်များက ရေးသား၊ ဝေငှကြသည်။ ထောက်လှမ်းရေးကို အရမ်းကြေက်ရပြီး၊ စာရေးဖို့မပြောနှင့် တိုးတိုးပင်မပြောဝံ့သော စစ်အာဏာရှင်စနစ်မှ ပွင့်လင်းမြင်သာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းလာခဲ့လေပြီ။ ပညာရှင်များစွာတို့ စိတ်ချလက်ချ စာများကို ရေးသား၊ ထုတ်ဝေနိုင်ကြပြီးဖြစ်သည်။ စာဖတ်သော လူမျိုးသည် တကယ်တိုးတက်ကြီးပွားပါသည်။ မြန်မာများ စာဖတ်အားကြီးပြီး၊ စာပေဟောပြောပွဲများ နှစ်စဉ်ပြုလုပ်ခြင်း၊ စာကြည့်တိုက်များစွာ ထူးထောင်ခြင်း၊ စသည့်ကောင်းသော လက္ခဏာများမှာ တိုးတက်သော နိုင်ငံလူမျိုးကြီးများ ဥပမာ ဂျပန်၊ အမေရိကန်၊ စင်ကာပူ စသည့်တို့နှင့် တူလှပေသည်။ စာဖတ်အားကြီးပါလျှက် နိုင်ငံ ဆင်းရဲမွဲတေသွားခြင်း၏ အဖြေမှာ လူ (ခေါင်းဆောင်) အသုံးမကျသောကြောင့်ဖြစ်သည်။ စာပညာတော်သည်။ စာရိတ္တပညာညံသည်။ စာရိတ္တ ညံ့ဖျင်းသူများ (အကျင့်မကောင်းသူများ) ခေါင်းဆောင်ဖြစ်ပြီ နိုင်ငံပျက်စီးခဲ့ရသည်။ ငယ်စဉ်က ဆဲဆိုပြောဆိုမှုများကို ခေါင်းဆောင်ဘဝတွင် မလုပ်သင့်တော့ပါ။ စာအုပ်ကောင်းများစွာ ဖတ်သူသည် စာရိတ္တပညာလည်း မြင့်မားလာမည်၊ အနာဂါတ်မြန်မာပြည်လဲ တိုးတက်လာမည်ဖြစ်သည်။

 

မြန်မာ့စာအုပ်လောကတွင် ယခုခေတ် စစ်ခေါင်းဆောင် လက်ရှိတာဝန်ထမ်းနေသူ၊ အနားယူသွားသူများ၏ အကောင်း၊အဆိုးစာအုပ်များ မထုတ်ကြသေးပါ။ မကြာမီ သူတို့၏  ပွင့်လင်းစွာရေးမည့် ကိုယ်တိုင်ရေး အထုပတ္တိစာအုပ်များကို ဖတ်ရမည်ဟု မျှော်လင့်ပါသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့မှုမှကင်းဝေရေး
ဦးနု (ဝန်ကြီးချုပ်ဟောင်း)၏ တာနေစနေသား
ဆရာတင်မိုး (ကဗျာဆရာကြိး)၏ အောက်မေ့သတိရဖွယ်စာ၊ကဗျာ၊ဆောင်းပါးများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts