နိုင်ငံတကာရေးရာ

ဆန်ဖရန်ဘေးဧရိယာ မုဒိတာရွှေကျောင်း သိမ်သမုတ်ပွဲ ကျင်းပ

 ဆန်ဖရန်ဘေးဧရိယာ မုဒိတာရွှေကျောင်း သိမ်သမုတ်ပွဲ ကျင်းပ

ကျော်နိုင်၊ မိုးမခ၊ ဇန်န၀ါရီ ၇၊ ၂၀၁၄

၂၀၁၄ ခု၊ ဇန္နာဝါရီလ ၅ ရက်၊ တနင်္ဂနွေနေ့ တွင် ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ဟေးဝပ်မြို့ ရှိ မုဒိတာရွှေကျောင်းတွင် ရွှေသိမ်တော် သမုတ်ပွဲ မင်္ဂလာအခမ်းအနားကို အမေရိကန်နိုင်ငံရှိ  အနယ်အနယ်အရပ်ရပ်က သံဃာတော်များနဲ့ ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်များ၊ စုစုပေါင်း ၃၉ ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

 

နံနက် (၈း ၀၀)နာရီတွင် သိမ်သမုတ်၍ နံနက် (၉း ၀၀)နာရီတွင် ထေရ၀ါဒဗုဒ္ဓဘာသာ စေတနာရှင်၊ အလှူရှင်များမှ သံဃာတော်များအား သိမ်ဆင်းလောင်းလှူဒါန်းခြင်း၊ နံနက် (၁၁း၀၀)နာရီတွင် သံဃာတော်များအား ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းခြင်းများကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts