ဒေါက်တာခင်မောင်ဝင်း (သချာင်္) ကြော်ငြာကဏ္ဍ

ညဏ်စမ်း – ၃

ဇန်န၀ါရီ ၆၊ ၂၀၁၄
 
 
  • စာအုပ်အမည် – Puzzle 3 ညဏ်စမ်း ၃
  • ရေးသူ – ဒေါက်တာခင်မောင်ဝင်း (သချာင်္)
  • ထုတ်ဝေသူ – ဦးလှတိုး (ရန်အောင်စာပေ) ဆိုင်အမှတ် (H)၊ ၁၂လုံးတန်း မှတ်တိုင်အနီး၊ ရန်ကင်းမြို့နယ်
  • ဖုန်း – ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁
  • တန်ဖိုး – ၁၅၀၀ ကျပ်
  • စာမျက်နှာ – ၁၃၆
  • ပထမအကြိမ်
  • ၂၀၁၃ နိုဝင်ဘာလ
  • အခန်း – ၅၂ ခန်း
 

စာအုပ်ထဲတွင် သချာင်္ညဏ်စမ်းများ ၅၂ ပုဒ်ပါရှိကာ လက်တွေ့နယ်ပယ်၊ ပညာဗဟုသုတများစသည်ဖြင့် အပုဒ်တိုင်းတွင် စဉ်းစားပုံ စဉ်း စားနည်းများနှင့် အဖြေများပေးထားသည်ကိုတွေ့ရသည်။ အဆင့်အနေနှင့်တော့ ၈ တန်းသာရှိသည်ဟုဆိုထားသော်လည်း ကိုးတန်းဆယ် တန်းအဆင့်ရှိ သချာင်္သဘောတရားများပါလျှင်တော့ ထည့်သွင်းရှင်းထားသည်ဟု ဆိုထားသည်။

 

ထို့ပြင်ရုပ်ပုံများဖြင့် ထည့်သွင်းထားတာကြောင့် ဗဟုသုတများစွာရပါသည်။ ဥပမာ မြန်မာ့သမိုင်းနှင့်သချာင်္ဟူသောအပုဒ်တွင် ဒေါ်ခင်မျိုးချစ် ရေးသားသော မင်းတပ်မင်းသမီးကြီးအကြောင်းကို ဓါတ်ပုံနှင့်တကွဖော်ပြကာ x,y,z ဟူသောကိန်းဂဏာန်းများ ထည့်သွင်းစဉ်းစားကာ ပါတော်မူနေ့ဖြင့် မင်းတပ်မင်းသမီးကွယ်လွန်သောနှစ်၊ သီပေါမင်းနန်းတက်သည့်နေ့၊မင်းတပ်မင်းသမီးမွေးနေ့စသည်ဖြင့် ဘယ်လိုတွက်ချက် ရပုံကိုရေးသားရှင်းပြထားပါသည်။ ထို့အတူမင်းသားကြီး ရွှေမန်းတင်မောင်ပုံနှင့်မင်းသမီးအောင်သန်းတင် အမေးအဖြေပုံစံကိုတွေ့ရရာ စိတ် ၀င်စားဖွယ်စဉ်းစားကြရမည်ဖြစ်ပါသည်။

 

ကာတွန်းမောင်ရစ်က စာမေးပွဲအောင်သူနဲ့ ကျသူဟူသောပုစ္ဆာတွင်လည်းကောင်း၊ ဒေါက်တာခင်မောင်ဝင်းက ပျော်ရွှင်ခြင်းသချာင်္သဘောတရားပုစာတွင်လည်းကောင်း သူတို့ရေးဆွဲသောကာတွန်းပုံများဖြင့် တင်ပြထားတာများလည်းပါရှိပါသည်။

 

ဂြိုလ်နက္ခတာရာများ ပုစ္ဆာများ၊ ယူနစ်များ၊ လက်တွေ့နယ်ပယ်မှဗဟုသုတများစွာအပြင် သချာင်္နဲ့ပတ်သက်သမျှများကို စိတ်ဝင်စား ဖွယ် မေး ခွန်းအဖြေများ စုံစွာ တွေ့ကြရမည်ဖြစ်ပါသည်။

 

သချာင်္တွက်ရင်းကစား၊ ကစားရင်းသချာင်္တွက်ကာ စိတ်ကူးများထက်မျက်စေဖို့ သချာင်္ညဏ်စမ်းများဖြင့် စိတ်ပျော်ရွှင်ကြတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ညဏ်စမ်း – ၃

Comments are closed.