သတင်းဆောင်းပါး

အနောက်ဘက်ခြမ်းက တောင်ပံခတ်လိုက်တဲ့ မိုးလေ၀သ ဂယက်

အနောက်ဘက်ခြမ်းက တောင်ပံခတ်လိုက်တဲ့ မိုးလေ၀သ ဂယက်

မောင်ထွန်းလွင် (မိုးလေ၀သ)၊ (ဦးထွန်းလွင်၏ ဖေ့စ်ဘွတ်က ယူပါတယ်)

ဇန်န၀ါရီ ၆၊ ၂၀၁၄


လောလောဆယ်မှာ အမေရိကန်နိုင်ငံ အရှေ့ဖက်ဒေသတွေ(Maines State, New York State)တွေ မှာ နှင်းတွေအကြီးအကျယ်ကျနေလိုက်တာ ၁ပ-၂ပ လောက် ထူတယ်။ ဥရောပအနောက်ပိုင်း အင်္ဂလန်မှာ ဆောင်းတွင်းမုန်တိုင်းတွေကျနေတယ်။ အင်္ဂလန်မှာတော့ Westerly Type Weather လို့ ခေါ်လေ့ရှိကြပါတယ်။

 

ခက်တာက ဒါတွေက ဘာပြောချင်နေတာလည်း။ မိုးလေ၀သပညာရပ်မှာ Teleconnection ဆိုတဲ့ တာဝေးဆက်နွယ်မှုနည်းပညာရပ်တစ်ခုရှိတယ်။ ကမ္ဘာကြီးပေါ်ရှိ တစ်နေရာက excitement လှုံ့ဆော်မှုတစ်ခုလုပ်လိုက်ရင် သူနဲ့ ဆက်နွယ်နေတဲ့ နေရာတွေ (တစ်ခုထက်လည်းပိုနှိုင်ပါတယ်)က တုံ့ပြန်မှု (Response) ပေးတတ်ကြတယ်တဲ့။ အဲ….ပေးတဲ့နေရာမှာ အချိန်ခွာပြီး (လနဲ့ချီနောက်ကျပြီးမှ)ပေးတတ်ကြလို့ နေရာဒေသ တစ်ခုအတွက် ရက်ရှည်ခန့်မှန်းရေး ထုတ်ပြန်ရာမှာ အလွန်အရေးပါတယ်လို့ ပညာရှင်တွေ အများစုက လက်ခံထားကြတဲ့နည်းပညာပေါ့။

ဒီတော့ အခုဖြစ်နေတဲ့ အမေရိက နဲ့ ဥရောပအနောက်ပိုင်းက လှုံဆော်မှုတွေကို တုံ့ပြန်မယ့်ဒေသတွေထဲမှာ ကျွန်တော်တို့ မြန်မာပြည်ကရော ပါနေမလား။
ကျွန်တော်လေ့လာထားသမျှတော့ အခုလိုဆောင်းရာသီကာလမှာ ဥရောပ အလယ်ပိုင်းဒေသတွေမှာရေကြီးရင် အဲဒီနှစ် မိုးကြိုကာလနဲ့မိုးဦးကာလတွေမှာ အိန္ဒိယ နဲ့ မြန်မာ(အာရှ)မုတ်သုံဟာ ကျဆုံးတတ်တယ်တဲ့။ Monsoon Failure ပေါ့ဗျာ။

၁၉၈၂ ခုနှစ်လောက်တုံးက ဌာနတွင်း အစည်းအဝေးတစ်ခုမှာ အယ်လ်နီညိုကို အကြောင်းပြုပြီး အခုလို Teleconnection သဘောတရားကြောင့် တောင်အမေရိကတိုက် အနောက်ဖက် ကမ်းခြေမှာ အယ်လ်နီညို ဒီနှစ်ဖြစ်နိုင်လို့ လာမယ့်မိုးဦးကျ မှာ မြန်မာနိုငံမှာ မုတ်သုံ အ၀င်နောက်ကျနှိုင်ပါတယ်လို့ ကျွန်တော်ဆွေးနွေးဘူး ပါတယ်။ အဲဒါ အဲဒီအချိန်က ဌာနကလူကြိးတစ်ဦးက :”မင်းဟာက ညောင်ဦးက ကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုက နွားမ ပေါင်းကျိုး ဆိုသလိုဖြစ်နေပါပြီကွာ” လို့ မှတ်ချက် (အမှန်ကတော့ ပျက်ရယ်ပြုတာပါ)ပေးဘူးပါတယ်။

အဲ.. ဒီကိစ္စရဲ့..နောက်ဆက်တွဲဖြစ်ရပ်မှန်ကတော့ ၁၉၈၂ ခုနှစ်ဟာ ရာစုနှစ်အတွင်း အပြင်းထန်ဆုံးအယ်လ်နီညိုနှစ်တစ်နှစ်ဖြစ်လာတဲ့ပြီး ခေါင်လိုက်တဲ့မိုး..၊ ပြင်းလိုက်တဲ့ အပူ။ တကမ္ဘာလုံး ညို..ညို..နဲ့။ အဲဒီ ၁၉၈၂ ကနေ ၁၉၈၉ အထိ ဖြစ်လိုက်တဲ့ အယ်လ်နီညို၊ ခေါင်လိုက်တဲ့မိုး၊ ပူလိုက်တဲ့အပူချိန်။ လယ်သမားတွေကြုံတွေ့လိုက်ရတဲ့ မိုေးခါင်မှု၊ နောက်ဆုံး ရှစ်လေးလုံး အရေးအခင်းပေါ်လာရတဲ့အခါ ပေါက်ကွဲတော့တာ ပါဘဲ။ မြန်မာနိုင်ငံမှာလည်း နောက်ပိုင်း စာစောင်တွေ၊ ဂျာနယ်တွေမှာ အယ်လ်နီညို.. အယ်လ်နီညိုနဲ့.. သူ့ခေါင်းမှာ လည်း သပြေညို.. ငါ့ခေါင်းမှာလည်း.. သပြေညို ဆိုတဲ့စကားလို ၁၉၈၂-၈၃ လောက်က ရေပန်းစား ဖေါ်ပြလာလိုက်ကြတာ ကိုယ်တောင် အသာလေးနောက်ကျို့နေလိုက်ရပါတယ်။

မြန်မာနှိုင်ငံမှာ ပညာရပ်နဲ့ပတ်သက်လာရင် စိတ်ကို မဟာမြေကြီးကဲ့သို့ သည်းခံပြီး အတုန်လှုပ်ကင်းကင်းနေနှိုင်အောင် ကြိုးစားရပါတယ်ဗျာ။

မောင်ထွန်းလွင် (မိုးလေ၀သ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts