ကဗျာ သစ်ကောင်းအိမ်

ဘီ လူး ဂ မု န်း

သစ်ကောင်းအိမ်
ဇန်န၀ါရီ ၂၊ ၂၀၁၄

 

 

မအောင်မြင်တဲ့ ဘူတာစဉ်တွေနဲ့
မဆုံးနိုင်တဲ့ ဇလီဖားတုံးတွေကို
ခေါင်းငိုက်စိုက်ဖြတ်သန်း
ကိန်းစစ်မျဉ်းတန်း ဘယ်ဘက်ခြမ်းကို
ဆုတ်ခွာနေရတဲ့ ကိန်းဂဏန်းတစ်လုံး

 

လိပ်တကောင်လို
ဖြစ်ခြင်း အခွံကြီးကိုလည်း စွပ်မထားလို…
အရေပြားရောဂါသည်တယောက်လို
ပျက်ခြင်း အရေပြားကြီးကိုလည်း ခြုံမထားလို..

 

ငါဟာ သွေးနဲ့လောင်းစိုက်ရတဲ့
အပင် တပင်…
ငါဟာ မကောင်းဆိုဝါး အထပ်ထပ်စောင့်ကြပ်တဲ့
အပင်း တပင်း…

 

ငါ့ သင်္ဘောပျက်ထဲ ငါငုပ်ခဲ့တယ်
ငါ့ ရေတွင်းပျက်ထဲ ငါဆင်းခဲ့တယ်။
(ဇန္နဝါရီ။ ၂၀၁၄ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts