မာမာအေး ရသဆောင်းပါးစုံ

“ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်” အမှတ် [၄၉၁] – မန်းကအပြန်

မာမာအေး
ဇန်န၀ါရီ ၁၊ ၂၀၁၄
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ၊

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသါကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်၊

သောတရှင်တို့ရေ၊ မာအေးတို့ရဲ့အမိရွှေမြေကို ပြန်လည်နေခဲ့တာ တစ်လကျော်ကျော်ရှိပါပြီ၊ မရောက်တာကြာတဲ့ မန်းမန္တလာကို အရင်တခါတုန်းကလဲ မတက်ခဲ့နိုင်တာနဲ့ခုမှ အနှံ့ လိုက်လည်လိုက်ကြည့်နေတာပါရှင်၊

မန္တလေးမြို့ဟာ တခါတုန်းကလဲ မင်းနေပြည်၊ ခေတ်အဆက်ဆက်မှာလဲ ကုန်စည်ထက်အောက် မျိုးစုံရောက်လို့မို့ ဖေါက်ကါးရောင်းဝယ် ပေါကြွယ်စည်းပွား၊ ကြီးထွား တိုးတက်နေဆဲမြို့ကြီးပါ၊ ပူနွေးပြင်းထန် မီးသင့်ဒဏ်ကို အဖန်ဖန်ခံခဲ့ရပါသော်လဲ၊ မကြာမတင်မှာ နန်းတော်တမျှ အထူးစည်မြဲစည်ပင် မြို့ကွက်သည်ပင်၊ မာအေး ပြည်ပ မသွားခင်ကထက် ပိုလို့ကျယ်လာတယ် ထင်မိနေပါတယ်ရှင်၊ မန်းရွှေမြို့ကနေ “ပြင်ဦးလွင်- မေမြို့ဖက်ကို ထွက်တဲ့လမ်းမကြီးတွေ တလျှောက်လုံးမှာ လပ်ဟာနေတဲ့ကွင်း အရှင်းမရှိ- တိုက်တွေခြံတွေ အပြည့် မြင်ခဲ့ရလို့ပါဘဲ၊

ကိုယ်သာဒီမှာပြန်နေရရင် အေးတဲ့ရာသီအမှီရမှ နေနိုင်မှာမို့၊ လက်တို့ဈေးမေး လုပ်ကြည့်သေးတော့… တောရုပ်ကနေ မြို့လို ဆင်ပြင် အသွင်ပြောင်းနေဆဲ ကျေးလက်လူနေ မြေတစ်ကွက်တောင်၊ သိန်းရာချီတန်ကြေးနဲ့ မြေတစ်ကွက်ရနိုင်မယ် တဲ့၊ “အောင်းမျယ့်လေးတော်လို့ အော်ဖို့ရှိတာဘဲနော်၊ မြေကြီးကရွှေသီးတယ်ဆိုတဲ့ ရှေးစကါးကို ငွေပါသီးနိုင်သေးတယ်လို့ ထပ်ဆောင်းလို့ရပြီ။ ဆယ်ဂဏန်းလေါက်ကိုင်ဖူးတဲ့ မာအေးတော့ ဂုဏ်ရည်မတူဇာတ်ကါးထဲက အရူးပေါက်စီလို “ကါးလေးတစီးလောက် သနားကြပါ” လို့ တောင်းပြတာကို နမူနာထားပြီး “တိုက်လေးတလုံးလောက် သနားကြပါရှင်”  “မြေလေးတကွက်လေါက် သနားကြပါရှင်” လို့ တောင်းကြည့်ရ မကေါင်းဘူးလားရှင်။

ကံကေါင်းတဲ့ တချို့ကျတော့လဲ အကွက်ထောင်ချီရထားသတဲ့၊ ခရီးသွားရင်းရတဲ့ ကေါလဟဠသာဖြစ်ပါစေပေါ့နော်၊ ကူးသန်း သွားလာရေးဆိုင်ရာ ကါးကြပ်လမ်းကြပ်တာကတော့ ရွှေဂုံမြို့နဲ့ ထူးမခြားပါဘဲ၊ တရုပ်က၀င်လာတဲ့ မော်တော်ဆိုင်ကယ်အသေးစားလေးတွေဟာ- လမ်းမ လမ်းကျဉ်း ဘယ်ဒင်းမှမကျန်၊ ကူးကလံခတ်နေကြလေရဲ့၊ ဟိုအရင်ခေတ်စားခဲ့တဲ့ စက်ဘီးများကို မြိုချသလို ပျောက်ကုန်စေခဲ့ပြီ၊ ရွှေမန်းသူတို့ ကိုယ်ကျန်းမာရေးသရုပ်၊ ရွှေခြေကျင်းနဲ့ခြေသလုံးတုတ်တုတ်နဲ့ စက်ဘီးတအုပ်ကြီးရဲ့ မြင်ကွင်းပျောက်ခြင်းမလှ တစီးစ-နှစ်စီးစသါတွေ့လိုက်ရတော့ မန္တလေးနဲ့စက်ဘီး ယဉ်ကျေးမှုအတွဲအဆက်များ ပျက်သွားသလား ခံစားမိတယ်၊ နှမျောတသမိနေတယ်၊ မော်တော်ဆိုင်ကယ်အငယ်စားမျိုး ဆိုတော့ စက်ဘီးထက်မြန်မှာ သေချာတာမို့လား၊ ဟိုနားလံ ဒီနားလံ မဖြစ်ရအောင်ဝတ်တာပါလို့ အကြောင်းပြပြီး၊ ဘောင်းဘီတိုတွေ၊ ဘောင်းဘီရှည်တွေ ခေတ်ထချင် ထဦးမှာ မြင်ယောင်သေးတယ်၊ ညီမလေးရယ် စိုးရိမ်မိတယ် ဆိုရချည်သေးလို့ ရင်နွေးမိနေပါတယ်၊

စက်ဘီးအစားထိုး ဒီဆိုင်ကယ်မျိုးလေးတွေဆိုတာ ဓါတ်ဆီနဲ့သုံးရတာ ဆိုတော့ ဓါတ်ဆီငွေ့အခိုးကထုတ်မှာလေ၊ ကြာရှည်ကြာမြင့်တဲ့အခါ- လေထု ညစ်ညမ်းမှုတွေကြုံမှာလား- ကြိုတွေးမိတော့ မောပါတယ်၊ ကိုယ့်အမေမိဘက- အမာရွတ်တောင် မထင်စေချင်လို့တဲ့ မော်တော်ဆိုင်ကယ်ဝေး- စက်ဘီးလေးပါ မသင်ခဲ့ရတဲ့မာအေးက- အခုကျတော့ ကျေးဇူးအနန္တ ထပ်တင်ရတော့တါပေါ့၊ “မစီးရဘူးနော် စက်ဘီးကလဲ ဒူးပြဲမှတတ်မှာ- ဆိုင်ကယ်ဆိုလဲ- ခဲနင်းလဲ သူဘဲလဲ၊ ဘာတိုက်တိုက် သူ့ကိုချည်းခိုက်မိတာ-အန္တရာယ်ကြီးလို့ပါ” တဲ့၊ အဲဒီလိုတားတဲ့အသံတောင် ပြန်ကြားနေသေးတာကိုး၊

မန္တလေးကသီချင်းဆိုပွဲပြီးရင်- မုံရွာမှာ ပွဲဆက်စဉ်ဦးမယ် ဆိုတာနဲ့ ခရီးမထွက်ခင်ကဘဲ- မဟာဗေါဓိတစ်ထောင် သာသနာပြုစခန်းကို ၀င်ဖူးမယ်၊ ဗေါဓိတစ်ထောင် ပထမသာသနာပြုဆရာတော်ကြီး “ဒ္ဒန္တနာရဒ” ရဲ့ နောက် – ဆက်လက်စောင့်ရှောက်တော်မူကြတဲ့ နာယက ဆရာတော်ဘုရားများကိုလဲ ဖူးတွေ့လိုတဲ့ဆန္ဒနဲ့ စီစဉ်ထားလို့ပါ၊ မုံရွာပွဲက ရက်ရွှေ့သတဲ့၊ သူရွှေ့တာက ရွှေ့တာဘဲ၊ ကိုယ်လျှောက်ထားတဲ့စကါး- ဘယ်သွားဖျက်မလဲရှင်၊ ရောက်အောင် ဝင်သွားဖူးတွေ့ခဲ့ပါတယ်၊

ပထမဗေါဓိတစ်ထောင်ဆရာတော်- သာသနာပြုစမှာဘဲ၊ မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ဖူးရင်း၊ ရောက်တဲ့အခါကတည်းက သဒ္ဓါကြည်ဖြူ နိုင်သလောက် လှူခဲ့ပါတယ်၊ မာအေး အနောက်ဖက်ရောက်နေစဉ်မှာ “နယူးရောက်” ကို ဆရာတော်ကြွလို့နှစ်ကြိမ်ဖူးရပါသေးတယ်၊ ဒုတိယအကြိမ် ဖူးရတဲ့အခါ ဆရာတော်ဘုရားကြီးက “ရပ်တော်မူဘုရားကြီး” တည်နေကြောင်း၊ ဒီဖွင့်ပွဲကျ- ဒကါမကြီးဆိုခိုင်းမှာ- ဘုန်းဘုန်းပြန်ခေါ်မယ် လို့ မိန့်ကြားခဲ့ဖူးတယ်၊ ဒါပေမယ့်လဲ မပြီးသေးခင် နိဗ္ဗာန်ဝင်သွားတော့ အားလျော့နေတာ- အခုခေတ် သမတစနစ်ရောက်မှ ကိုယ်ပြန်မေါက်ချလာလို့ရတော့- သွားဖူးရတာပေါ့၊ မားမားမတ်မတ်တောင်ပေါ်မှာရပ်နေတဲ့ အတုအလံအတုမရှိ မုနိမြတ်စွာ- ဒေသစာရီမြန်းကြွချီမည့်သဏ္ဌာန် လို့-ကြည်ညိုစရာ အံ့သြစရရရာ   ဖူးမ၀စရာမြတ်ဒ္ဓါကို ချောက်ခြားတဲ့ ရင်အခုန်နဲ့ လက်ဆယ်စုံ ကြာစုံယှက်- ဦးထိပ်ထက်တင်- ရှိခိုးချင်မိတါ၊ အသင်လာရင်လဲ ကိုယ့်လိုဘဲ ခံစားရမှာသေအချာပါဘဲရှင်၊ ဗေါဓိတစ်ထောင်သာ ဆိုပေမယ့်၊ တစ်ထောင်ဘုရားပေါင်းတစ်ရာဖြစ်လာဦးမှာလို့ ဆရာတော်ဘုရားများက မိန့်ကြားလိုက်ပါတယ်ရှင်၊

“တစ်ထောင်” ဆိုတဲ့ဂဏန်းနဲ့စတဲ့ သာသနာပြုလုပ်ငန်းတွေဟာ မာအေးတို့ နိုင်ငံအရပ်ရပ်မှာ ဖြစ်ထွန်းလာတာ “ဗေါဓိတစ်ထောင်” က ဆက်လာတဲ့အကျိုးပါ၊ မာအေးတို့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲက “ပေချောင်းရွာ” ကလေးမှာ “ကန့်ကေါ်တစ်ထောင်” သာသနာပြုလုပ်ငန်း တည်ရှိတဲ့အကြောင်းကိုလဲ သောတရှင်များကြားဖူးကြမယ် ထင်ပါတယ်၊ မာအေးလဲ ကိုယ့်တိုင်းဌာနက သာသနာရေးမို့ ကန့်ကေါ်တစ်ထောင် ဆရာတော် ဦးကေလာသရဲ့ ရဟန်းမယ်တော်အဖြစ် ကူညီဆောင်ရွက်လာတာဟာလဲ ဗေါဓိတစ်ထောင်အကျိုးဆက်ပါဘဲ၊ ဧရာဝတီက “ကန့်ကေါ်တစ်ထောင်” ကြောင့်လဲ သရက်တစ်ထောင် သာသနာပြုလုပ်ငန်း၊ ငှက်ပျောတစ်ထောင် သာသနာပြုလုပ်ငန်းတွေ ဆက်ခဲ့တာ ကိုယ်တိုင်မျက်မြင်ရှိခဲ့ပါတယ်၊ ဒါတွေဟာ ခုတော့အောင်မြင်၏ မအောင်မြင်၏ မသိတော့ပါဘူး၊ မြန်မာပြည်ကို လာညစ်တဲ့ “နာဂစ်”ခေါ် လေဆိုးအမိုက်ကြောင့် ဒီရေတွေတက်-ဒိုက်သရောတွေဖုံး ရှိပါဦးမလားဘဲ၊ ဘိုကလေးပေချောင်းက “ကန့်ကေါတစ်ထောင်”မှာတော့ အပျက်အစီးက ရှစ်ဆယ်ရာနှုန်းလေါက်ရှိတယ်ဆိုလို့ သါသနာပြုလုပ်ငန်း မပျက်ရအောင်- မူလက အလှူဒါယိကါ၊ အလှူ့အစ်မ၊ ကျောင်းဒကါနဲ့ ကျောင်းအစ်မတွေ-ပြုပြင်မွန်းမံ သာသနာကို ရံကြဘို့ရာ တိုက်တွန်းလိုက်ပါတယ်ရှင်၊

(ကန့်ကေါ်သူတို့အောင်မြေမှ)

အခြေဌာနီ၊ ရွှေစာစီရေပြာနီဒီပါတ်လည်ဝိုင်း မှိုင်းညို့ညို့ရည်ပေါင်းနွှယ်ဝင့်ကြွား ချောင်းသွယ်ဆင့်ပွား ဆုံရာ အတည်ပုံလွှာပန်းချီ၊ ရေကြောင်းခရီး လှေလောင်းစီးလို့ရောက်ပါရင်အတည်။ ပသါဒ ဝေဆာ သာသနာ့မြေခြာ၊ ဘဂ၀ါဘုရာ့ဒေသနာ ကမ္ဘာမကကျေညာ၊ ဂုဏ်သတင်း ထုံသင်းပါတဲ့၊ သာသနာ့ရိပ်သာ၊ သာသနာဘူမိန်၊သာသနာ့အောင်မြေခြာ၊ သာသနာ့ကျွန်းမြေဆီ၊ ဘေးမသန်းအေးချမ်း ၀မ်းသာရောက်နိုင်ပါသည်။ မြတ်နိဗ္ဗာန်ရွှေတံခါးလူသားများအတွက်ရည်၊ လှိုက်ဖိုကြည်နူးစရာ ပွင့်ကြိုနေပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts