ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

တာထွက် – ၃၅ ဂါရဝ – ၅၄

တာထွက် – ၃၅ ဂါရဝ – ၅၄
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၄၊ ၂၀၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်) သုခမျိုးဆက်သစ် ကုသိုလ်တော်အနုပညာအဖွဲ့ “ပေးဆပ်သူများ” မဟာသင်္ကြန်သံချပ်အဖွဲ့သည် ၂ဝ၁၃  ခုနှစ်တွင် ပထမဆုံးဖွဲ့စည်းခဲ့ပြီး မဟာသင်္ကြန် အခါသမယတွင် မိဘ ပြည်သူတို့၏ ရှေ့မှောက်သို့ အရောက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် “ပေးဆပ်သူများ” သံချပ်အဖွဲ့၏ အနု ပညာတင်ဆက်မှု ရသများကို ၂ဝ၁၃ ခုနှစ် အတာသင်္ကြန်ကာလအတွင်း ဖိတ်ကြားထားသော မဏ္ဍပ်များ၊ ရပ်ကွက်များတွင်  မိဘပြည်သူများအား ဖျော်ဖြေပေးဆပ်နေမည်ဖြစ်သည်။

၁၁.၄.၂ဝ၁၃ ရက်နေ့ နေ့လည် (၃းဝဝ) နာရီအချိန်တွင် ကျွန်တော်တို့၏ “ပေးဆပ်သူများ” သံချပ် အဖွဲ့သည် Asian Frame Media Group မိသားစု၏  ဖိတ်ကြားမှုကြောင့် ရုံးရှိရာ (၃၅) လမ်းအလယ်၊ ကျောက်တံတားမြို့နယ်ရှိ ပေါ်ပြူလာဂျာနယ်တိုက်သို့ ပထမဆုံး တာထွက်အဖြစ် ဖျော်ဖြေခဲ့ကြသည်။ Asian Frame Media Group မိသားစုမှ သံချပ်အဖွဲ့အား စတုဒီသာအဖြစ် မုန့်လက်ဆောင်းများဖြင့် ကျွေး ဧည့်ခံကာ သံချပ်အဖွဲ့၏ ဖျော်ဖြေမှုကို ရပ်ကွက်တွင်းရှိ မိဘပြည်သူအပေါင်းတို့မှလည်း အားပေခဲ့ကြပြီး Asian Frame Media Group မှ အလှူငွေကျပ် (၂) သိန်းကျပ်တိတိအား လှူဒါန်းခဲ့ပြီး သပြေခတ်များဖြင့် ရေပက်ဖြန်းကာ အတာသင်္ကြန်အကြိုအဖြစ် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

 

၁၂.၄.၂ဝ၁၃ ရက်နေ့ နေ့လည် (၃း၃ဝ) နာရီအချိန်၌ “ပေးဆပ်သူများ” သံချပ်အဖွဲ့အတွက် ဂုဏ်ယူ ပျော်ရွှင်ကြည်းနူးခဲ့ရသော နေ့တစ်နေ့ပင်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် “ပေးဆပ်သူများ”သံချပ် အဖွဲ့သည် လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အမေ ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄) နေအိမ်အရှေ့တွင် သွားရောက်ကာ နှစ်သစ်ဦးအကြို ဂါရဝပြု ဖျော်ဖြေပေးခဲ့ခြင်းဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့ပြီး သံချပ်အဖွဲ့ အား အလှူငွေ (၉ဝဝဝဝိ/-) ကျပ်တိတိအား ချီးမြှင့်လှူဒါန်းကာ နှစ်သစ်အကြိုအဖြစ် “လိုရာဆန္ဒ အဝဝ ကနေ့ ပြည့်စုံကြပါစေ။ ဆတက်တပိုးတိုးပြီးတော့ အများရဲ့အကျိုး ထမ်းဆောင်နိုင်ပါစေ။ သားတို့သမီးတို့ရဲ့ ကြိုးပမ်းမှုကြောင့်မလို့ အမေတို့ရဲ့ နိုင်ငံကြီးလည်း ဒီနေ့ ကနေစပြီးတော့ ပိုပြီးတော့ တိုးတက်နိုင်ကြပါစေ။ ရွှင်လန်း နိုင်ပါစေ။ အေးချမ်းနိုင်ပါစေလို့ ဒီမှာလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမေဒီမှာ ကြာကြာဆက်မနေနိုင်တာကို ခွင့်ပြုနော်။ ဒီညနေ ခရီးသွားရမှာမို့ အထုပ်အပိုးလေးတွေ ပြန်ပြင်လိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်” ဟူ၍ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်သည် ယခုကဲ့သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လူမှုရေးသမားများနှင့် သံချပ်အဖွဲ့အား လာရောက်အားပေးကြသော ဧည့်ပရိသတ်များ အား ဆုတောင်းစကားပြောကြားပြီး နာရီပိုင်းအကြာတွင် ဂျပန်နိုင်ငံသို ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် နှစ်သစ်တွင် အမေ့၏ ဆုတောင်းစကား၊ Asian Frame Media Group မိသားစု၏ အလှူဒါနတို့ကြောင့် နှစ်သစ်တွင် အင်အားသစ်များ တိုးပွားကာ အများပြည်သူတို့အား ဆထက်တန်ဖိုးတိုးကာ ပေးဆပ်သွားရတော့မည် ဖြစ်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts