ပင်တိုင်ကဏ္ဍ မာမာအေး

အမိအဖနေရာ – Mar Mar Aye

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၇၅)

မာမာအေး

မတ် ၃၀၊  ၂၀၁၃

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြောရင်းဆိုရင်း ရေးနေရင်းက မိုးလင်းတော့မယ်၊ ဆောင်းတွင်းကနှောက်၊ နှင်းကမောက်သနဲ့၊ တယောက်ထဲကိုယ် မနေလိုလဲ မရ၊
မိုးလင်းမှသာ ဘာဆက်လုပ်ရမလဲ သဲကွဲတော့မှာမို့ TV ဆီ အလှည့်ပေးကြည့်တော့မှ နေ့နဲ့ည မှားနေပါလားလို့ သိတော့တာရှင်။

TV ထဲက အမြင်မှာ မိဖရဲ့မေတ္တာ ဆင်မကြီးမှာတောင် တွေ့လိုက်ရလို့ မိဖတွေကိုလဲ သတိရ၊ သားသမီးတွေလဲ သတိရ၊  ကျန်ရစ်နေသေးတဲ့ ကိုယ့်ဂီတလောကလေးထဲက တပည့်တပန်း လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ မျက်နှာညှိုးလေးတွေ ပြန်မြင်လာမိတဲ့အကြောင်း ပြောချင်လာပါတယ်။

TV မှာ လာလေ့ရှိတဲ့ တိရိစ္ဆာန်တို့အကြောင်းတွေဟာ ချစ်စရာကေါင်းပြီး
အထူးအဆန်းရိုက်ချက်တွေကို နှစ်နဲ့ချီ စေါင့်စားရိုက်ကူးထားတာတွေ ဖြစ်ကြောင်း
ကေါင်းသတင်းရှိပေမယ့် အချိန်က မရတော့ အလေးအနက်ရယ် သဘောမထားမိတါ အမှန်ပါ၊
ကိုယ့်အခက်ကြုံတုန်း စိတ်ကိုလွှဲဦးမယ်ကြံကါမှ မြင်မိတဲ့ ဆင်မိသါးတစုကို ရိုက်ကူးထားချက်က ရင်ဝကို တိုက်ရိုက် ထိမှန်သွားတာ – ပုဂ္ဂိုလ်တဦးဦးရဲ့ အထုတ္တ ပတ္တိကို အသေးစိပ် ခြယ်မှုံးထားသလိုပါဘဲရှင်။

ဆင်ဆယ်ကေါင်ဝန်းကျင်ရှိတဲ့ တအုပ်ကြီးကို ဖေးမစောင့်ရှောက်တာ အဓိက ဆင်မကြီးပါ။ ဆင်ကလေးတကေါင် မွေးရတာ – တခြား အကေါင်ပလောင်တွေထက်
ကြီးမားလေတော့ အမွေးရခက်တာပေါ့၊ ဆင်အဖေကြီးရော ဆင်အမေကြီးပါ ဆင်ကလေးကို လူမိခင် ဖခင်တွေအတိုင်း – မွေးကါစမှာ ကျုံးရုန်းထတတ်အောင် သင်ပေးတာ၊

နှာမောင်းနဲ့ နောက်ခြေထောက်များနဲ့ ထိမ်းမတ် လေ့ကျင့်ပေးရှာတာမျိုးပေါ့ရှင်၊ ဆင်အချင်းချင်းလဲ ဆင်ကလေးပေါက်စကို ပြန်ပေးဆွဲတာလို ၀ှက်ထါးတတ်ကြောင်းလဲမြင်ရရဲ့။

တနေရာထဲ စွဲစွဲမြဲမြဲ မနေရဘဲ ရာသီဥတုနဲ့ စားစရာ မြက်ပေါက်တဲ့ နေရာများကို လိုက်ရှာ စားသောက်နေထိုင်တဲ့အကြောင်း သိရတယ်၊ ဆင်ပေါက်မကလေးကို အမျိုးမျိုး ကါကွယ်စောင့်ရှောက်တာမှာ ဆင်အမေကြီးတင်မက – ဒီဆင်အုပ်ထဲ ပါသမျှ တခြားဆင်မတွေကပါ ၀ိုင်းဝန်း ထိမ်းပေးကြတာ
မြင်တော့ မာအေးတို့ကပ္ပလီကွက်သစ်နေတုန်းက အိမ်နီးခြင်းတွေ၊ တောင်ဥက္ကလာနေတုန်းက အိမ်နီးခြင်းတွေတောင် အောင်းမေ့မိသေးရှင်၊ မာအေးတို့ မောင်နှမတွေ ဖေဖေနဲ့မေမေ ရုပ်ရှင်ရုံ အလုပ်ထွက်သွားတဲ့အခါအိမ်နားကကြည့်ပေးကြတာမို့ပါ။

ဆင်ပေါက်မလေး အသက်ဆယ်နှစ်လောက် ရောက်တော့ – ဘယ်လေါက် ဂရုတစိုက် ကါကွယ်စေါင့်ရှောက်ထားထား – အသက်ဆုံးနိုင်တဲ့ ရောဂါ ငြိသွားရှာတယ်။
ဒါကိုသိလိုက်တဲ့ ဆင်အမေကြီး မငိုရုံတမယ် ဖြစ်နေပုံကိုကြည့်ပြီး သနားလိုက်တာရှင်။ ကြာကြာမနေရတော့မယ့် ဆင်မလေးကို ဆင်အုပ်ကြီးက ခွဲထားရစ်ရမယ် ဆိုတာကို ဆင်အမေကြီးနဲ့ဆင်သမီးလေးဟာ သိနေလျက်နဲ့ဘဲ ကွဲသွားကြရတာပေါ့လေ။

သုံးလေးနှစ်ကြာတော့ ဆင်မလေးကို ထားခဲ့ရတဲ့နေရာ ပြန်ရောက်လာကြတယ်။ ဆင်မလေးရဲ့ အရိုးလေးတွေက ပြန့်ကျဲလို့ဘဲ၊ ဆင်အမေကြီးဟာ ဆင်ရိုးအပိုင်းအစလေးတွေကို သူ့နှာမောင်းနဲ့ ဟိုနေရာစမ်း ဒီနေရာစမ်း အနံ့ခံကြည့်နဲ့ မြင်ရတော့ မာအေး ဟတ်ထိသွားရော၊ မကြည့်ချင်တော့ပါဘူး၊ မကြည့်ရက်လွန်းလို့ပါ။

တိရိစ္ဆာန်လောကမှာတောင် အမှတ်ရစရာ အရိုးကလေး ကျန်ရစ်တဲ့အတွက် ဆင်မကြီး အလွမ်းပြေသွားတယ်။ စိတ်ထဲ ခံသာသွားတယ် လို့ ခံစားရတဲ့ မြင်ကွင်းပါဘဲ။

မာအေးမှာတော့ မိဘရဲ့ တရိုးတောင် မကိုးကွယ်နိုင်အောင် ကြုံခဲ့ရလေတယ် လို့ ရင်ထဲ ခံစားမိလို့ပေါ့။ ကိုယ့်အဖြစ်ကိုတော့ ပြောပြဦးမယ်၊ သောတရှင်တို့ မာအေးရူးတယ်ဆိုလဲ ခံလိုက်ဖို့ပါဘဲ။

ပြန်ပြောရမှာ သိတ်ဝေးနေမှာစိုးလို့ ၈၈ အရေးအခင်းပြီးချိန်က စပါမယ်။ မာအေး ဖေဖေဆုံးတော့ အုတ်ဂူတည်ပြီး ကဗျာလေးတပုဒ် အဖုံးဖက်မှာ ရေးထားခဲ့ပါတယ်။

အစိုးမရတဲ့အချိန်မှာ ဂူတွေလဲ အဖေါက်ခံရတယ်ကြားလို့ သွားကြည့်ရတာပေါ့ရှင်။ အဖေ့ဂူဟာ ပေါက်နေတယ်။ ဘေးမှာ ဦးခေါင်းခွံရိုးတခုကို တွေ့တော့ ကိုယ့်အဖေ
ခေါင်းမှန်းမသိ သူများခေါင်းမှန်းမသိနဲ့ စိတ်ဒုက္ခ အကြီးအကျယ် ဘာလုပ်ရမှန်းမသိဘဲ ထားခဲ့ရတယ်။ မေမေကတော့ ၁၉၉၆ မှ ဖေဖေ့နောက် လိုက်ခဲ့တယ်။

ဒီအခါ မာအေး သတိရမိတာက – အမတော် မန္တလေးက မမရီ အမေကိစ္စမှာ အရင်သွားတဲ့အမေ့ဂူ ပြန်ပြင်ပေါင်းပြီး အကေါင်းပြန်လုပ်ခဲ့တယ် ဆိုတာပါဘဲ၊

ဒါနဲ့ မာအေးလဲ ငိုငိုရီရီနဲ့ ကြံတောသင်္ချိုင်းထဲက ရုံးခန်းကို ရောက်သွားရတော့တယ်။ အဖေ့ဂူကို အရင်ရှာတော့ မိုးတွင်းကြီးမို့ မျက်တောက မာအေးအရပ်ထက် မြင့်နေပြီ။

ကဗျာလေး ထွင်းခိုင်းမိတာ ကံကေါင်းတယ်၊ ကမ ဖခင်ဂူကို ရှာတာပါလို့ ပြောလိုက်တာနဲ့ ကဗျာလေးနဲ့ဂူမို့လားဆို – ချက်ချင်း လိုက်ပြနိုင်တဲ့ အလုပ်သမားတွေ တွေ့လို့ပါ။

မန္တလေးက မမရီလိုဘဲ ဖေ့ဖေ့ဂူကိုပြင် မေမေ့လဲ အတူထားမယ်လို့ ရုံးခန်းမှာ သွားညှိပါတယ်။ အဲဒီစာရေးတော်ကြီးဟာ ဘာမေးလိုက်မေးလိုက် မသိဘူး၊ မရဘူးချည်း လုပ်နေတော့၊
ကေါင်းပါပြီ မရရင်လဲရှိစေတော့ အခု မိခင်အတွက် နေရာကြည့်ပါရစေ လို့ သွားကြည့်တော့ မျက်တောထဲဖြတ်မှ ရောက်ရမယ့်နေရာ ဖြစ်နေပြန်ရော၊
တခါ ရုံးခန်းဆိုတာကို ပြန်ပြောရပြန်တာပေါ့ရှင်။ ‘ကျမ အမေဟာ ခေတ်ဟောင်းက အဆိုတော်ကြီး တယောက်ပါ၊ ကျမ မိတ်ဆွေတွေကလဲ ရုပ်ရှင် ဂီတ သဘင် စာပေက  ပုဂ္ဂိုလ်တွေမို့ အားနာလို့ပါ၊ မျက်တောကြီး မဖြတ်ရတဲ့ နေရာလေးတခု ပေးပါလားလို့ တောင်းဆိုမိပါတယ်။

မာအေး ကါးရပ်ပြီး ၀င်လာတဲ့လမ်းဘေးမှာ မြေတလင်းပြောင်ပြောင်တွေ တွေ့ခဲ့လို့လဲ တောင်းမိတါပါရှင်။ အဲဒါကို ‘ဒီနေရာက VIP အတွက်ဗျ မပေးနိုင်ဘူး’ တဲ့။

အသံက ခတ်တင်းတင်းနဲ့ရှင့်။ အမေ့သောကနဲ့ နွမ်းလျနေတဲ့ မာအေး ခန္ဓာကိုယ်ဟာ ဒီစကါးကြားတါကြောင့် တောင့်တင်းသွားတယ်။ ဒေါသက ငယ်ထိပ်တက် လက်ထဲဒါးပါလို့ကတော့ အခုတ်ပဲ သောတရှင်။ ဆို့နင်နေတဲ့နှုတ်က အယုတ်တ အနတ္တတွေထွက် ဆဲကိုပစ်တော့တာ၊ ကိုယ်သေရင်လဲ တခါထဲ သဘောဘဲလေ၊

ဘယ့်နဲ့တော် – သေတဲ့နေရာတောင် လာပြီး VIP လုပ်နေတော့ တုတ်တာနည်းသေး ဒင်းတို့လဲ ပြေးရော – မှတ်ထား။ အိမ်က ကါးပေါ်အတင်းပြန်ဆွဲတင်ခဲ့ရတာ။ ဒါနဲ့ မာအေးသမိုင်းမှာ ဆဲတတ်တာလဲ ပါလေရော့မယ်။

တနုံ့နုံ့ မပြေတဲ့စိတ်နဲ့ မာအေးကို ဂီတညီမတော်တယောက်ရဲ့ အသိ လူကြီးမင်းတဦးဆီက အကူအညီရလိုက်တဲ့အတွက် အဖေ့ဂူကို ပြင်ပြီး အမေပါ အတူထားနိုင်ခဲ့လို့ ကျေးဇူးတင်လိုက်တာ၊ ဖခင်ရဲ့ အရိုး – ကိုးစရာအစုံမို့ စနောင့်စနင်းဖြစ်တဲ့စိတ်လဲ ပျောက်သွားလို့ပေါ့။

‘သေချင်းပေါင်း ရှင်ချင်းပေါင်း’ ဆိုတဲ့ ပုံပြင်လေးတောင် ရှိသေးတာဘဲဟာ၊ မာအေး အဖေနဲ့အမေ အတူထားချင်တာကို ရူးတယ်လို့ ဆိုချင်ပါသလားရှင်။

အဲဒီလောက်ကြီး ကျိုးစားခဲ့ရတဲ့ မိဘများရဲ့ဂူ အခု မရှိတော့ပါဘူး။ ကြံတောဖျက်စေသတည်းထဲမှာ ပါသွားပြီ။ မိဘနှစ်ပါးဂူဆီသွား အမျှဝေမယ် အလွမ်းဖြေမယ်လို့ ဂူတည်ခဲ့တာ၊ မိဘရဲ့ သက်မဲ့ခန္ဓာကို မီးမလောင်စေချင်လို့ ဂူတည်ခဲ့တာပါ။

မာအေးတို့မျိုး ရွှေ့ရိုးမရှိလို့ ပြာပြန်ချပြီး ရေမျှောလိုက်ရပါတယ်။ ဆင်ကလေးလို အရိုးတစတောင် မကျန်ခဲ့တော့ ကိုးကွယ်စရာ ဘယ်လာရှိတော့မလဲ။  မာအေးပြောတာ ဟုတ်တယ်မို့လားရှင်။

 ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏  အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts