မင်းတာရာ
မင်းတာရာ – အနာဂတ်ကို တရိပ်ရိပ်မည်းညစ်စေတဲ့..စစ် (ကဗျာ)
အနာဂတ်ကို တရိပ်ရိပ်မည်းညစ်စေတဲ့..စစ်
မင်းတာရာ
နိုဝင်ဘာ ၇၊ ၂၀၁၃
ပင်လုံသဏ္ဍန် ပင်လုံဟန်နဲ့ 
သက်တန်းရှည်ပြည်တွင်းစစ်ကို
ငြိမ်းချမ်းရေးနဲ့  အစားထိုးလဲလှယ်ဖို့ 
ကျည်ပေါင်းဝနေတဲ့ လိုင်ဇာမြေမှာ မဂျွန်ခန်းမ
မဂျွန်ခန်းမမှနေ..မြစ်ကြီးနားဆီ..
ဘုံသဘောညီမှုနဲ့ ကိုယ်စားလှယ်ရွေးကြောင်း
သတင်းကောင်း…ထပ်လောင်းလို့ ကြိုဆို
ဘ၀ .ဘ၀တွေ သွေးမျက်ရည်စို့ ခဲ့ရပေါင်းပြီးပြီမို့ ..။
အသက်တွေကို ကုတ်ခြစ်စားသောက်
ဘ၀တွေကို တွန့် ကြေ ချွေဖျက် ရိုက်ချိုး
အာဏာတန်ခိုးပြ  စစ်မီးလောင်တိုက်အောက်က
ရက်စက်တဲ့ ခုတ်ထစ်မှုတွေချုပ်ငြိမ်းပပျောက်ဖို့ 
ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်ကြလို့ ..
တွဲလက်တွေ..ဓါးဝှက်ကင်းရှင်းပြီး
မြန်မာနိုင်ငံကြီး..ဒိမိုကရေစီခရီးရှည်သို့ …။
နီစွေးခဲ့တဲ့ သမိုင်းစာမျက်နာတွေ ရှင်းသန့် 
ကလေးငယ်တို့ အနာဂတ်ရဲ့ ငိုညီးသံတိတ်စဲလို့ 
ငြိမ်းချမ်းရေးသံစဉ်နဲ့  က ခုန်မယ့်ဂျိုးငှက်ဖြူ
ဒီ..ဇဗ္ဗူမြန်မာတိုင်းမှာ မြန်မကြာ မြူးပျော်ကြစေတော့..။
လူမျိုးမရွေး…
ဘာသာမရွေး…
အသက်အရွယ်မရွေး..
ယောင်္ကျား မိမ္မမရွေး….
ဆင်းရဲ. ချမ်းသာမရွေး..သေမင်းနဲ့ လောင်းကြေးထပ်တဲ့..စစ်
တောကြောင်တွေ.မြူးမြူးရွှင်ရွှင် လက်ခမောင်ခတ်တဲ့..စစ်
ငတ် လင့်စွာတောင့်တဖူးတဲ့..မိသားစုပြန်ဆုံရရေး ဆု မပြည့်ရင်နေပါစေ
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts