Suu L Linn

မြောက်ဥက္ကလာရပ်ကွက်တခု၏ အခြေခံဥပဒေဆိုင်ရာ သဘောထား

ဆူးအယ်လ်လင်း
နိုင်ဝင်ဘာ ၇၊ ၂ဝ၁၃


အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဟောပြောပွဲတခုကို အမ်ျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ ရပ်ကွက်တွင်  ကြာသပတေးနေ့ နံနက်က ကျင်းပခဲ့သည်။
ပရိသတ် (၃၀၀) ခန့် တက်ရောက်သော ထိုဟောပြောပွဲတွင်  ဥပဒေပညာရှင်တဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးကျော်ဟိုး လာရောက် ရှင်းလင်းဟောပြောခဲ့သည်။
တက်ရောက်သူများထဲမှ ၃ ဦးက အခြေခံဥပဒေကို အသစ်ပြန်ပြင်ရေးရန် ဆန္ဒပြုခဲ့ပြီး အများစုက လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြုခဲ့သည်။

တက်ရောက်လာသူများထဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တချို့ ပါဝင်သည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts