ကဗျာ ကမာပုလဲ

ဝေဒနာ ခရေပွင့်

ကမာပုလဲ
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
ခရေတပွင့်မှာ
သမီးရဲ့ သနပ်ခါးရနံ့ကလေး စွက်လို့ …။

ခေတ်ကိုပဲ စီးချင်းယှဉ်ထိုးရမလား
သမီးရဲ့ လူ့အဖြစ်ကိုပဲ ရင်နာရမလား …။

ရှင်သန်ခြင်းတဲ့
ရက်စက်စွာ ပစ်ချထားတဲ့ ဥပေက္ခာများ …။

လူတွေ …
ခေတ်တွေ …
စကားလုံးတွေ …
အနုပညာပစ္စည်းတွေ …
ဆုတံဆိပ်တွေ …
တန်ဖိုးတွေ …
အဲဒီ ခရေပွင့်ကလေးလို ရိုးဂုဏ်ရှိပါစ …။

နာကျင်ရမှန်းမသိသေးတဲ့
သမီးကလေးရဲ့ တိုက်ပွဲဝင်ဘ၀ထဲမှာ …
ကမ္ဘာကြီး လိပ်ပြာငယ်ခဲ့တယ် … ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts