မိုးမခကို ပေးတဲ့စာ

ပြည်သူတွေအကြားက သတင်း၊ ဖတ်စရာနဲ့ ပေးစာများ

မိုးမခထံပေးစာများ၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၃

ထွေ/အုပ်ဦးစီးဌာနက ၀န်ထမ်းစာမေးပွဲကြန့်ကြာမှုနဲ့ နစ်နာမှုများ

ထွေအုပ်ဝန်ထမ်းတဦး၊ ဟင်္သာတ၊ မိုးမခပေးစာ၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၃

ကျွန်တော်တိုသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ အခြားအဆင့်ဝန်ထမ်းများဖြစ်ပါသည်။၂၀၀၉ ခုနှစ် တွင် မိခင်ဌာန မှခေါ်ယူသော ဒုဦးစီးမှူး(စီမံ – ၁)ကို လုပ်သက် (၁)နှစ်ပြည့်။ ဘွဲ့ရ၊အသက်(၃၀)နှစ် အောက် အမျိုးသားဝန်ထမ်း များဖြေဆိုနိုင်ကြောင်း ခေါ်ယူခဲ့သဖြင့် ၀င်ရောက်ဖြေဆိုရာတွင် ရေးဖြေစာမေးပွဲ အောင်မြင် ပြီး ၂၀၁၀ ခုနှစ်မေလတွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ရုံးချူပ်တွင်လူ တွေ့စစ်ဆေးပြီး အောင်မြင်ခဲ့ပါ တယ်။

ထိုသို့ရေးဖြေ လူတွေ့စစ်ဆေးခံရပြီးနောက် ၂၀၁၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် မင်္ဂလာဒုံတွင်ဖွင့်လှစ်သော အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းသို့တက်ရောက်၇န် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှတဆင့်ပေးပို့သော အကြောင်းကြားစာ ကိုရရှိခဲ့ပါသည်။သို့သော်ခေါ်ယူစဉ်က အသက်(၃၀)နှစ် အောက်ဖြစ်သော်လည်း(၂၅) နှစ်ကျော်ဟုအကြောင်းပြချက်ဖြင့် အပယ်ခံရပြီး ကျွန်တော်တို့ သင်တန်းတက် ရောက်ခွင့်မရခဲ့ပါ။

ထိုသင်တန်းတက်ရောက်ခွင့်ရသူများမှာ ကျွန်တော်တို့နှင့်အတူ စာမေးပွဲဖြေဆိုပြီး ရေးဖြေ မအောင်မြင်သော အသက်(၂၅)နှစ်အောက်ဝန်ထမ်းများနှင့် ရေးဖြေအောင်မြင်သော ၀န်ထမ်းများ ဖြစ်ပါတယ်။ကျွန်တော်တို့မှာ ရေးဖြေရော နှုတ်ဖြေပါ အောင်မြင်ပြီး သင်တန်းမတက်ရောက်ခဲ့ရသဖြင့် များစွာနစ်နာခဲ့ရပါတယ်။

၂၀၁၁ခုနှစ်အတွင်းကဒုဦးစီးမှူး(စီမံ ၁)ရာထူးအတွက် အသက်(၃၅)နှစ်အောက် လုပ်သက်(၅) နှစ်ပြည့်ပြီး ဘွဲ့ရ ဌာနအတွင်းအမျိုးသားဝန်ထမ်းနှင့်အမျိုးသမီးဝန်ထမ်းများကို ဖြေဆိုရန်ဌာန မှ ခေါ်ယူသဖြင့် ၂၆.၁၂.၂၀၁၂ နေ့တွင် နေပြည်တော်တွင် ရေးဖြေစာမေးပွဲ ကိုကျင်းပရာ ကျွန်တော်တို့ဖြေဆိုအောင်မြင် ခဲ့သည်။စာမေးပွဲ အောင်ပြီးသောကျွန်တော်တို့အား အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန ရုံးချုပ် နေပြည်တော် တွင် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းတွင် စိတ်အခြေအနေ နှင့် လူတွေ့စစ်ဆေးပြီးဖြစ်သော်လည်း ယနေ့အထိ အောင်စာရင်းထွက်ပေါ်လာခြင်းမရှိသေးပါ။

ယခုတဖန် ဒုဦးစီး(စီမံ ၁) ရာထူးအတွက် အသက်(၃၅) နှစ်အောက် လုပ်သက်(၂)နှစ်ပြည့်ပြီး ဘွဲရ၊ ဌာနများ တွင်းအမျိုးသားဝန်ထမ်း နှင့် အမျိုးသမီးဝန်ထမ်း ပိုဖြေဆိုရန်ဌာန မှ ထပ်ခေါ်ယူသဖြင့် ၂၀၁၂ခုနှစ် သြဂုတ်လ တွင်းက လူတွေ့စစ်ဆေးခံရပြီး ယနေ့ အချိန်ထိ အောင်စာရင်း ထွက်ပေါ်လာခြင်းမရှိခြင်း နှင့် ယခုတစ်ကြိမ် ၂၀၁၃ ခုနှစ် မတ်လ(၂)ရက်နေ့တွင် စာမေးပွဲတစ်ကြိမ် စစ်ဆေးရန် စီစဉ်ပြီးဖြစ်နေခြင်းများနှင့် ပတ်သက်ပြီး မိမိဌာန ၀န်ထမ်းငယ်များ၏ အကျိုးကို ရှေးရူပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါတယ်။

(အကယ် ၂၀၁၂ ခုနှစ် သြဂုတ်လက စစ်ဆေးခှဲုသော စာမေးပွဲကို အသိအမှတ်မပြု ပါကလည်း (၂.၃.၂၀၁၃) ရက်နေ့တွင် ကျင်းပမည့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုသူများ ရှိပါဦးမည်။ယခင် ဖြေဆိုခဲ့ပြီး အောင်စာရင်း မထွက်သေးသူများကိုလည်း အကြောင်းကြားပေးသင့် ပါတယ် စာမေးပွဲကျင်းပပြီး အောင်စာရင်းမထွက်။အဖြေ မပေါ်သောလုပ်ရပ်များမှာ အစိုးရဌာနများ၏ ကျင့်စဉ်မဟုတ်ပါ ကြောင်းနှင့်အထက် နှင့်အောက် ပွင့်လင်းမြင်သာသော လုပ်ရပ်မဟုတ်ဟု ယူဆသဖြင့် နိုင်ငံတော် သက်ဆိုင်ရာ အကြီးအကဲများက ထိန်းကျောင်း ဖြေရှင်း ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်)


ဟင်္သာတစည်ပင် (ဆိပ်ကမ်းခွန် ဖြတ်ကျော်ခ) ကို မျက်စိမှောက်နေတဲ့ စသုံးလုံးအဖွဲ့

ဟင်္သာတသားများ၊ မိုးမခပေးစာ၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၃

ဟင်္သာတစည်ပင်ရဲ့ ဖိတ်ကြားချက်အရ (အစည်းဝေးအဆင့်မမှီသော) အစည်းဝေး တက်ရောက်စဉ်ကလည်း ကိုယ်တိုင် ပြေစာပြပြီး တင်ပြခဲ့ပါတယ်။ အစည်အဝေးမှာ စည်ပင်ဒုညွှန်ကြားရေးမှူးမှ မိမိတို့ ကြီးကြပ်မှုအားနည်းမှုဖြစ်ကြောင်း၊ တင်ပြမှုကို မှတ်တမ်းတင်ရန် ၄င်း၏၀န်ထမ်းများကို ပြောကြားခဲ့ပါတယ်။ တကယ်လုပ်သလား၊ ဘာကြောင့်တရားဝင်ပြေစာ မပေးနှိုင်ရတာလဲ … ဖေါ်ပြပါပုံစံကိုသာ ကြည့်ကြပါတော့။

( ၂၂ . ၁ .၂၀၁၃ ) ရက်နေ့ လာကောက်ယူပါသော ဆိပ်ကမ်းခွန်ဖြတ်ကျော်ခပြေစာပါ။ လာရောက်ကောက်ခံသူကို အစည်းအဝေးမှာတင်ပြပြီး ဖြစ်ကြောင်း၊ တရားဝင်ပြေစာပေးရန် ကျွန်ပ်မှတောင်းဆိုခဲ့ပါသော်လည်း၊ စည်ပင်မှထုတ်ပေးသော (သို့) သတ်မှတ်ပေးသောပြေစာများတွင် ဆိပ်ကမ်းခွန် ဖြတ်ကျော်ခ ကောက်ခံရန်ပြေစာမရှိကြောင်း ပြောလာပါတယ်။

ဒါတော့ … ရှိပါတယ်ဆိုပြီး ထုတ်ပြတာကတော့ ၂၀၁၀ ခုနှစ်က မော်တော်ဆိပ်ကမ်း ကပ် အခွန်ပြေစာပါ။ စာအုပ်က စုတ်ပြတ်တောင်နေပါပြီ။ ကောက်တဲ့သူကလည်း တယောက် တမျိုးနှုန်းထားနဲ့  ကောက်၊ ဆိပ်ကမ်းခွန် ဖြတ်ကျော်ခဆိုတာကို လေလံပစ်စဉ်ကလည်း ပံ့ကြေးဝင်တောင်းသူတွေကို မကောက်ရန် တခါတည်း ညှိနှိုင်းခဲ့တာပါ။ (ဟင်္သာတမြို့ မှာ ဆိပ်ကမ်းခွန် ဖြတ်ကျော်ခ မပေးဆောင်ရတဲ့ အခွင့်ထူးခံလူတန်းစားဆိုတာကလည်း ရှိနေပါတယ် )

မနေ့ကကြားလိုက်ရတာတခုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဆိပ်ကမ်းက လုပ်သားကြီးတွေ လုပ်သားခ ၁၀ိ/- များနေလို့ စစစ ဦးစီးဌာနက လာစစ်ဆေးသွားကြောင်းပါ။ ကျွန်တော်အမြင်အရ ပြောရရင် မများပါဘူး။ အောက်ခြေလူတန်းစား လုပ်အားနဲ့ အပင်ပမ်းခံ လုပ်စားနေရတာကိုတော့ ဆန်တစ်အိတ် ၁၀ိ/- များတယ်ဆိုပြီး ချက်ချင်းအရေးယူစစ်ဆေးပါ တဲ့ …။

စသုံးလုံး (စစစ) ဦးစီးဌာနရေ … တခြားဖြစ်ပျက်နေတဲ့ကိစ္စတွေကိုတော့ ဘာကြောင့် လစ်လျူရှုကြည့်
နေနှိုင်ရတာပါလဲ။

အတော်စိတ်ပျက်စရာကောင်းတဲ့ ဟင်္သာတမြို့ပါ။ အမှန်တရားလိုလားသူများအနေနဲ့  နေဖို့တောင် မကောင်းတဲ့မြို့ ဖြစ်နေပြီ။ ဟင်္သာတမြို့ တိုးတက်မှုနှေးပါတယ်ဆိုတဲ့ လူကြီးမင်းများ … တကယ်စေတနာမှန်နဲ့ ပြောတာဆိုရင် အသေးစိတ်လေ့လာကြပါအုံးလို့ ပြောချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts