မိုးမခကို ပေးတဲ့စာ

သမ္မတကြီးနှင့်ဝန်ကြီးများ သိရှိနိုင်ရန်

အရှင်ဝီရသူ (မစိုးရိမ်)
ဇူလိုင် ၉၊ ၂၀၁၂

ဒီမိုကရေစီအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်နေချိန်မှာ သမ္မတကြီး၏ ဦးဆောင်မှုဖြင့် လုပ်ကိုင်ဆောင်ရွက်နေ တာတွေကို ပြည်သူပြည်သားတွေသာမက နိုင်ငံတကာကပါ အသိအမှတ်ပြု ကြိုဆိုထောက်ခံကြတယ်ဆိုတာ အားလုံးလက်ခံကြပါတယ်။ သမ္မတကြီးနှင့် ၀န်ကြီးအချို့ဟာ တချိန်က စစ်ယူနီဖောင်းဝတ်ပြီး စစ်အစိုးရမှ ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်မှလည်း အရပ်ဝတ်လဲကာ အရပ်သားအစိုးရဆိုပြီး အသိအမှတ်ပြုခံယူကာ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရရယ်လို့ အသိအမှတ်ပြုခံရပါတယ်။

ယခု တင်ပြလိုတာက တချိန်က စစ်ယူနီဖောင်းဝတ်ပြီး ပြည်သူပြည်သားတွေအပေါ် အုပ်ချုပ်ခဲ့စဉ်အခါက ဥပဒေနဲ့ညီညွတ်မှုရှိတယ်/မရှိဘူး ဆိုတာတော့ မိမိကိုယ်သာ မိမိအသိဆုံးပါ။ ဒါပေမဲ့ ယနေ့အရပ်သားအစိုးရဖြစ်လာတဲ့အချိန်မှာ စစ်အစိုးရလက်ထက် ထောက်လှမ်းရေး ပြု လုပ်ခဲ့တဲ့ ဥပဒေမဲ့ ပြုကျင့်ခံရတာတွေကိုတော့ မေ့ပျောက်လို့ရမယ်မထင်ပါဘူး။

အဲ့ဒီ စစ်အစိုးရလက်ထက် ထောက်လှမ်းရေး ဥပဒေမဲ့ ပြုကျင့်ခံရတဲ့ပုဂ္ဂိုလ်တွေထဲမှာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ ဦးဝိစာရိန္ဒ (ခ) ဦးဇင်း ရွှေသွား (ခ) ၀င်းသိန်း (ဘ) ဦးသိုင်း မတလ/ ၀၅ / ၀၅၅၁၁ က ပုဒ်မ ၅ / ည နှစ် ၂၀ ဦးဇင်း အပါအ၀င်ဖြစ်ပါတယ်။ အဲ့ဒီလို စစ်အစိုးရ လက်ထက် ထောက်လှမ်းရေးခေတ်တုန်းက ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက် အတင်းအဓမ္မ ၀န်ခံလက်မှတ်ရေးထိုးခိုင်းပြီး ယနေ့အရပ်သားအစိုးရ ဖြစ်တဲ့ သမ္မတကြီးနှင့် ၀န်ကြီးတချို့က (နိုင်ငံရေးအကျဉ်းသား) ယုံကြည်ချက်အကျဉ်းသား မရှိတော့ပါဘူး။ ရာဇ၀တ်မှုနဲ့ ပြစ်မှုကျုးလွန်တဲ့ သူတွေပဲရှိပါတယ်ဆိုတဲ့စကားဟာ အပြစ်မဲ့ခံရသူတွေဘက်က မိအေး နှစ်ခါနာ ဖြစ်နေပါတယ်။ ပြောဆိုသူတွေဘက်က စစ်အစိုးရလက်ထက် ထောက်လှမ်းရေးခေတ်က လုပ်ခဲ့တာတွေကို လက်လွတ်စပါယ်ပြောရာ ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ဟိုတချိန်က ကိုယ်ကိုယ်တိုင် စစ်ယူနီဖောင်းဝတ်ပြီး တိုင်းပြည်အုပ်ချုပ်ခဲ့လို့ပါ။ ပြည်သူပြည်သားတွေရဲ့ မေတ္တာ ပြည် သူပြည်သားတွေရဲ့ထောက်ခံမှုကိုခံယူချင်ရင် ဆန်ရှင်ကိစ္စပွင့်စေချင်ပါတယ်ဆိုရင် ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးနေရင် စစ်အစိုးရလက်ထက် ဥပဒေမဲ့ ပြုကျင့်ခံရသူတွေကို အမြန်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုပါတယ်။ (ပြစ်မှုကျူးလွန်တဲ့ ရာဇ၀တ်မှု ပြု ကျင့်သူတွေလို့ မသုံးနှုန်းစေချင်ပါဘူး)

ဒါကြောင့် “ဥပဒေမဲ့ ပြုကျင့်ခံရပြီး ရာဇ၀တ်မှုကျူးလွန်သူတွေ” ပါလို့အပြောခံရတော့ မိအေးနှစ်ခါနာမဖြစ်ရလေအောင် သမ္မတကြီးနှင့် ၀န် ကြီးများသိရှိစေနိုင်ရန် ဦးဝိစာရိန္ဒ (ခ) ဦးဇင်းရွှေသွား (ခ) ၀င်းသိန်း (ဘ) ဦးသိုင်း မတလ/၀၅/၀၅၅၁၁။ က ၊ ပုဒ်မ ၅/ည နှစ် (၂၀) နှင့်တကွ အိုးဘိုထောင်ထဲမှာရှိကြသေးတဲ့ အကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးနိုင်ရန်နှင့် သမ္မတကြီးနှင့်ဝန်ကြီးများသိရှိနိုင်ရန် ရောက်ရှိမည့် နေရာ က တင်ပြတောင်းဆိုလိုက်ပါတယ်။

ဒါကတော့ အကျဉ်းကျ ရဟန်းတော်တပါး ကိုယ်ရေးအကျဉ်းပါ။
ဦးဝိစာရိန္ဒ (ခ) ဦးဇင်းရွှေသွား (ခ) ၀င်းသိန်း (ဘ) ဦးသိုင်း
မတလ/၀၅/၀၅၅၁၁။ က ပုဒ်မ ၅ (ည) (၂၀) နှစ်
(မိဘ) ဦးသိုင်း-ဒေါ်ညို
စစ်ကိုင်းမြို့နယ်၊ ထီးလှိုင်ရွာ
(ညီတော်များ)
ဦး၀ဏၰိႆရ၊ ဦးအကုၤရ
ဥသျှစ်ကုန်းကျောင်းတိုက်
အောင်မြေသာဇံမြို့နယ်
မန္တလေးမြို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမ္မတကြီးနှင့်ဝန်ကြီးများ သိရှိနိုင်ရန်
  1. ကိုယ်လိုချက်တာတစ်ခုတည်းမကြည့်ကြပါနဲ့

Comments are closed.