သတင်းပဒေသာ

ရွှေတွံတေးဆရာတော် “နာဂစ်ဆည်းဆာ” ဘိုးဘွားရိပ်သာ မတည်

ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၂၂၊ ၂၀၁၃

၂၀၀၈ ခုနှစ် နာဂစ် ဒဏ်ခံရသော ဘိုကလေးမြို့ နယ် ကဒုံကနိတွင် နာဂစ်အလွန် ကျန်ရစ်ခဲ့သော ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုဘိုးဘွားများအတွက် နာဂစ်ဆည်းဆာဘိုးဘွားရိပ်သာတခုကို တည်ထောင်ရန် ၂၀. ၁. ၂၀၁၃ နေ့ က ကဒုံကနိသို့  ရွှေတွံတေးဆရာတော် ကြွရောက်ပြီး မတည်လှူဒါန်းခဲ့သည်။

ကဒုံကနိသား ဦးအောင်မြင့်က မြေကွက် ၅ ဧကကို ရေစက်ချလှူဒါန်းပြီး (ပြည်သူ့ဂုဏ်ရည်) ဒေါ်ရူကလည်း စုပေါင်းအလှူငွေများပေးအပ်ခဲ့သည်။ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရိ သီရိဒုံကလည်း ကဒုံကနိတွင် ကျပ်ငွေသိန်းလေးထောင်ခန့် ကုန်ကျခံပြီး သဘာဝဘေး ဒဏ်ကာကွယ်ရန်အဆောက်အဦးကြီး ၁ခုကိုဆောက်လုပ်လှူဒါန်းထားသည်။ ရွှေတွံတေးဆရာတော်ကလည်း နာဂစ်ဒဏ်သင့်ပြည်သူများကို ဘတ်ငွေ ၁၀ သန်းကျော်ဖိုးနှင့် ကျပ်ငွေသိန်းပေါင်းတသောင်းတထောင်ဖိုး လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ပြီး ဆန်အလှူ – ဆေးအလှူ – စက်အလှူ – ကျွဲအလှူ နှင့် အထွေထွေအလှူများ လှူဒါန်းခဲ့ဘူးသည်။

ရွှေတွံတေးဆရာတော်က. “နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးအတွက် ညီညီညွတ်ညွတ်စုပေါင်းပါဝင်ကြပါ တချို့ ဘိုးဘွား ရိပ်သာက နောက်ခံကောင်းတဲ့ ဘိုးဘွားတွေကိုပဲလက်ခံတာရှိတယ် ခိုကိုးရာမဲ့ဆိုလက်မခံကြဘူး အဲဒါမျိုး မဖြစ်စေချင်ဘူး – ဘိုးဘွားတွေကို
တနေရာတည်းမှာစုပြီး စောင့်ရှောက်ပေးကြမှာဆိုတော့ပိုကောင်းပါတယ်နောက်ပိုင်းအဆင်ပြေရင်လည်း နာဂစ်ဒဏ်သင့် ဧရာဝတီ တတိုင်းလုံးအတွက် ဆောင်ရွက်ကြတာပေါ့ သီရိဒုံ လှူထားတဲ့ အဆောက်အဦးကိုလည်း သဘာဝဘေးဒဏ်ကျရောက်တဲ့အခါ အရေးပေါ်သုံးကြတာပေါ့ အခုလည်းအလဟသ၁ မထားဘဲ အကျိုးရှိရာတခုခု စီစဉ်ပြီးသုံးနေကြရင် ပိုကောင်းတာပေါ့ နယ်ခံတွေနဲ့ အာဏာပိုင်တွေညှိပြီး အကျိုးရှိအောင်လုပ်ကြစေချင်တယ်……စသဖြင့်သြ၀ါဒပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts