ဓာတ်ပုံသတင်း

သဘောဖြူတဲ့ မနောဖြူစင်ရေလှူအသင်း (မဲဆောက်) တွေ့ဆုံပွဲကျင်းပ

သဘောဖြူတဲ့ မနောဖြူစင်ရေလှူအသင်း (မဲဆောက်) တွေ့ဆုံပွဲကျင်းပ

ဇော်သူရ ဖေ့စ်ဘွတ်၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၃

မဲဆောက်မြို့ မနောဖြူစင်ရေလှူအသင်းကြီး၏အသင်းသူ၊သားအပေါင်တို့မှ အသင်း၏ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ ကိုစုပေါင်းပြီးညှိနိုင်းတိုင်ပင်ခဲ့ပါသည်။ ၁၉-၁၀-၂၀၁၂ မှယနေ့အထိ လှူဒါန်းခဲ့သော ရေသန့်ဘူးဒါဇင်းပေါင်း (၁၉၃၀) ဒါဇင်ကို လှူဒါန်းနိုင်ခဲ့ပါသည်။

၁၉-၁၀-၂၀၁၂ မှယနေ့အထိ နာရေးသင်္ဂြုလ်စရိတ်ကူညီခဲ့သောငွေမှာ ဘတ်(၂၁၃၀၀)ဘတ်တိတိကိုကူညီခဲ့ပါသည်။ ထို့အပြင် အခြားလှူဒါန်းမှု အစုစုတို့ကိုလဲပြုလုပ်ခဲ့ပါသည်။ ၁၉-၁၀-၂၀၁၂ မှယနေ့အထိ ကူညီခဲ့သောတန်ဖိုးစုစုပေါင်းဘတ် တစ်သိန်းကျော်ကို လှူဒါန်းပြီးဖြစ်ပါသည်။ ရှေ့ဆက်လုပ်နိုင်ရန်အတွက် နာရေးသယ်ယူပို့ဆောင်းရေအတွက် အခမဲ့ မော်တော်ယဉ်းတစ်စီးကို လဲ မကြာခင် စတင်အသုံးပြုနိုင်တော့ပါမည်။ စေတနာရှင်တွေမှ တတ်နိုင်သလောက် ဝိုင်ဝန်း ကူညီထည့်ပေးကျသည်မှာလဲ ဝမ်းသားစရာကောင်းလှပါသည်။

မဲဆောက်ဒေသတွင် နာရေးပို့ဆောင်းရေအတွက် ကားခမှာ ဘတ်(၁၅၀၀)ပေးရပါသည်။ မကြာခင် မြန်မာလူမျိုတို့အားလုံးပိုင်ဆိုင်သည့် နာရေး အခမဲ့ပို့ဆောင်ယျာဉ် ပေါ်ပေါက်လာတော့ မည်ဖြစ်ပါသည်။ ယခင်ထက်ပိုပြီး ရွှေ့ပြောင်မြန်မာပြည်သားတို့၏ နာရေးအခက်အခဲတို့ကို ဒီထက်ပိုပြီး လုပ်ဆောင်နိုင်တော့မည်။

https://www.facebook.com/zaw.ya1?ref=tn_tnmn


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts