ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Way of living (ဘဝ အသက်မွေးဝမ်းကျောင်းနည်း)

ဇူးဇူး (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၉၊ ၂၀၁၂
 
 
ဗုဒ္ဓသည် Way of life (ဘဝနေနည်း) ကိုသာမက End of life (ဘဝကိုအဆုံးသတ်နည်း) ကိုပါ သင်ကြားပေးခဲ့သူဖြစ်သည်။ ဦးကျော်သူသည် Way of helping the deceased (ကွယ်လွန်သူများကို ကူညီနည်း) ကိုသာမက Way of living (ဘဝအသက်မွေးဝမ်းကျောင်းနည်း) ကိုပါ တတ်သိပညာရှင် ဆရာ/မများနှင့် ပူးပေါင်းသင်ကြားပေးခဲ့ သူဖြစ်ကြောင်း တင်ပြပါမည်။

၅.၁.၂၀၁၃ (စနေနေ့) တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပညာရေးကဏ္ဍအဖြစ် အလုပ် အကိုင်ရရှိရေးအတွက် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လာခဲ့ရာ ၃/၂၀၁၂ သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားအား အမှတ် (၁၃/က)၊ ၄၂ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။

 

ယင်းအခမ်းအနားတွင် အစီအစဉ် (၇) ရပ်ဖြင့်ကျင်းပခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှ ဟိုတယ်သင်တန်းသား/သူများအား “နာရေးကူညီမှုအသင်း(ရန်ကုန်) (၁၂) နှစ်ပြည့် အထိမ်းအမှတ်တွင် တတပ်တအား သုခအာဟာရ စားသောက်ဆိုင်နေရာတွင် ကူညီ လုပ်ဆောင်ပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားပြီး ယနေ့ သင်တန်းဆင်းပြီးသည်မှစ၍ လုပ်ငန်းခွင်ဝင်ရောက်ခဲ့သော် ဗုဒ္ဓ၏ဝါဒအတိုင်း လက်ကိုင်ကျင့်သုံးကြရန်နှင့် လက်တွေ့ကျင့်သုံးလျှင် အောင်မြင်မှုရှိကြောင်း၊ လူ့လောကတွင် တရားမျှတစွာ နေထိုင်နိုင်ဖို့အတွက် ပညာရှင်များတွေးရင်းမှ ဒီမိုကရေစီလမ်းကြောင်းပေါ်လာကြောင်း ယခုခေတ်ပြောနေကြသော ဒီမိုကရေစီဝါဒဆိုသည်မှာ ဗုဒ္ဓ၏ဝါဒ ပင်ဖြစ်ကြောင်း၊ ဒုက္ခအားလုံးမှ လွတ်မြောက်သည့်ဝါဒဖြစ်ကြောင်း၊ ဒီမိုကရေစီဝါဒသည် ကိုယ့်တာဝန် ကိုယ်ယူ .. ဗုဒ္ဓဝါဒသည် ကိုယ့်ကံကြမ္မာ ကိုယ်ယူ .. အကြောင်းတရားကောင်းရင် အကျိုးတရား ကောင်းမည် .. အကျိုးတရားမကောင်းရင် အကြောင်းတရားမကောင်း အစရှိသည့် ဗုဒ္ဓ၏ဝါဒနှင့် ဒီမိုကရေ စီ ဝါဒအား ရှင်းလင်းမြင်သာစွာ ပြောကြားခဲ့ပြီး အလုပ်ခွင်၌လည်း ပရဟိတစိတ်ဓါတ်ဖြင့် ဗုဒ္ဓဝါဒအတိုင်း ကျင့်ကြံအားထုတ်ကြပါရန်” အမှာစကားအဖြစ် ပြောကြားခဲ့သည်။

 

ထို့နောက်ဆက်လက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် မှ “အသင်းကြီး၏ နစ်ပါတ်လည် အခမ်းအနားတွင် ပါဝင်ကူညီလုပ်ဆောင်ပေးကြသော ဆရာများနှင့် သင်တန်းသား/သူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လုပ်ငန်းခွင်တွင်းရောက်သော် ဘာသာတရား အဆုံးအမနှင့်နေထိုင်၍ မိမိတို့လုပ်ကိုင်မည့် နေရာဋ္ဌာနတွင် ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့်နေထိုင်ရန်၊  ရိုးသားမှုဂုဏ်သည် မည်သည့်အရာနှင့်မျှ မလဲနိုင်ကြောင်း၊ အသင်းကြီးတွင် အခမဲ့အဖြစ် ပညာသင်ယူခဲ့ကြ ရသည့်အတွက် ဂုဏ်မငယ်စေချင်ကြောင်း၊ မိမိတို့ထမ်းရွက်ရမည့် တာဝန်ဝတ္တရားများသည် သီးသန့် တာဝန်မဟုတ်ဘဲ ပရဟိတစိတ်ဓါတ်ထည့်ဝင်၍ လုပ်ဆောင်သင့်ကြောင်း” ပြောကြားခဲ့ပါသည်။ သင်တန်း သား/သူများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ၃၀၀၀၀ိ/- (သုံးသောင်းကျပ်တိတိ)အား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သင်တန်းတက်ရောက်သင်ကြားပေးခဲ့သော ဆရာ/မများ၏ ကိုယ်စား သင်တန်းဆရာ ဦးမြင့်ရွှေ (ခ) ဦးကိုင်ဇာ မှ “သင်တန်းတစ်လျှောက်လုံးတွင် ဆရာများဘက်မှ အစစအရာရာ တာဝန်ကျေပြီဖြစ်ကြောင်း၊ သင်တန်းအပြီးမှာ တပည့်များအနေဖြင့် တာဝန်ရှိလို့ လုပ်ခြင်း ဆိုတာထက် တာဝန်သိလို့ လုပ်ဆောင်ခြင်းအား သိမြင်သွားခဲ့ရင် တပည့်များအ ကျေးဇူးတင်ကြောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အဆင့်မြင့်မြင့်သင်ကြားနိုင်ရန်နှင့် သင်တန်းတက်နိုင်အောင် ပြုလုပ် ဆောင်ရွက်ပေးကြသော အသင်းကြီးမှ ဥက္ကဌ ဦးကျော်သူနှင့်တကွ တာဝန်ရှိသူများနှင့် အလုပ်အမှုဆောင် များတို့အား ဆရာများကိုယ်စား ကျေးဇူးတင်ရှိကြောင်း၊ ပညာဒါနဖြစ်ပေမယ့် ဖြစ်အောင်သင် ဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ သူများနောက်မကျန်ဘဲ ရှေ့ကိုတိုးထွက်နိုင်တယ်ဆိုပါက များစွာဝမ်းသာကြောင်း၊ မြန်မာနိုင်ငံမှာ ပေးဆပ်သူများပြည့်နိုင်အောင် ကြိုးစားကြပါရန်၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ကျေးဇူးကိုသိပြီး ပြန်လည်ဆပ်နိုင်အောင် ကြိုးစားကြပါရန်” ဆုံးမအမှစကား ပြောကြားခဲ့သည်။

ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် တက်ရောက်သင်ကြားသည့် သင်တန်းသား/သူ (၂၇) ဦးဖြစ်ပြီး (၂၆) ဦး အောင်မြင်ခဲ့သည်။ Distinction ဖြင့် (၁) ဦး၊ Credit ဖြင့် (၅) ဦး၊ Pass ဖြင့် (၂၀) ဦးတို့ဖြစ်သည်။ သင်တန်းဆင်း အောင်လက်မှတ်များအား အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာ မောင်မောင်၊ သင်တန်းနည်းပြဆရာ ဦးအောင်ထွန်းနှင့် ဦးမြင့်ရွှေ (ခ) ဦးကိုင်ဇာတို့မှ အသီးသီး ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသား မောင်တင်မျိုးထွန်းမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကျွန်တော်တို့၏ ဘဝရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းဖို့ ကြိုးစားနေကြတဲ့ လူငယ်များအတွက် အခကြေးငွေ တစ်စုံတရာမယူဘဲ အမြော်အမြင် ကြီးမားစွာဖြင့် မေတ္တာတရားရှေ့ထားကာ အသက်မွေးဝမ်းကျောင်းသင်တန်းများစွာကို ဖွင့်လှစ်သင်ကြားပေးရန် စီမံခြင်း နှင့် သင်တန်းအောင်မြင်ပြီးသူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရာနှုန်းပြည့်ရရှိအောင် စီမံ ညွှန်ကြားဆောင်ရွက်ပေးခဲ့သော ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် ဝန်ထမ်းများအားလုံးတို့အား ကျွန်တော်တို့ သင်တန်းသား/သူများမှ အထူးကျေးဇူးတင်ကြောင်း၊ ယခုကဲ့သို့ ဟိုတယ်သင်တန်းမျိုးကို အခြားနေရာ များတွင် တက်ရောက်မည်ဆိုပါက ငွေကြေးအမြောက်အမြား ကုန်ကျနိုင်သည့်အတွက် ယခုကဲ့သို့ နာရေး ကူညီမှုအသင်းကြီးက အခကြေးငွေ တစ်စုံတစ်ရာမယူဘဲ ဖွင့်လှစ်သင်ကြားပေးသော စေတနာကို သိရှိခဲ့ရပါကြောင်း၊ နောင်အခါများတွင်လည်း နာရေးကူညီမှုအသင်းကြီးက ဖွင့်လှစ်သော သင်တန်းများ အတွက် ငွေကြေးဒါန (သို့) လုပ်အားပေး ဝန်ထမ်းတစ်ဦးအနေဖြင့် ဥာဏ၊ ဒါန၊ ကာယ အဖြစ် ဝင်ရောက် ကူညီလုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း” ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts