မျက်မှောက်ရေးရာ သူတို့အာဘော်

ဒေါက်တာအေးချမ်းသို့  ပေးစာ – letter to Dr. Aye Chan

ရှင်မင်းယာ

ဇန်န၀ါရီ ၈၊ ၂၀၁၃

ဆရာ ဦးအေးချမ်းရှင့်

ဆရာနှင့် မူစလင် သမိုင်း သုတေသီဟု အမည်ခံထားသော RB blogger မှ ဌေးလွင်ဦးတို့  သမိုင်းဆိုင်ရာ စကားရည်လုပွဲတစ်ခု ပြုလုပ်မည်ဟု ကြားသိရပါသည်။

ပထမဆုံး ပြောကြားလိုသည်မှာ – ဆရာ မည်သည့်အတွက်ကြောင့် အဆိုပါ စကားရည်လုပွဲတွင် ယှဉ်ပြိုင်ရန် လက်ခံလိုက်ရပါသနည်း။

ကေသရာဇာ ခြင်္သေ့သည် မြေခွေးငယ်၏ ပြိုင်ဘက် မဟုတ်သကဲ့သို့  ရေတွင်းထဲမှ လရိပ်သည် ကောင်းကင်ယံမှ လပြည့်ဝန်းနှင့် ထပ်တူထပ်မျှ မကျနိုင်ပေ။ ဆရာ ဦးအေးချမ်းသည် နိုင်ငံတကာအဆင့်

ပညာရှင် တစ်ဦးဖြစ်၍ တဖက်လူမှာမူ သာမန် အပျော်တမ်း ဘလော့ဂါမျှသာ ဖြစ်လေသောကြောင့် ဆရာအနေဖြင့် သူတို့ ၏ စိန်ခေါ်မှုကို လက်မခံသင့်ဟု ထင်မိပါသည်။

ရိုင်းရိုင်းပြောရလျှင် တဖက်မှ သူတို့ ၏ ဘလော့ကို မြှင့်တင်ရန်၊ သူတို့ ၏ ဘလော့ဂါကို တန်းမြှင့်ရန် မတန်မရာ ကြံစည်နေခြင်းမျိုးသာ ဖြစ်၍ ဆရာ့အား ယင်းသို့  စိတ်ထင်ရာ ကလောင်သရမ်းတတ်သော ဘလော့ဂါမျိုးနှင့် တန်းတူ ရည်တူဟု အများထင်မြင်သွားမည်ကို စိုးရိမ်မိပါသည်။

ရိုဟင်ဂျာ ဟူသည် မြန်မာ့သမိုင်းတွင် မရှိပါ။ ယင်း စကားရည်လုပွဲတွင် တဖက်မှ ရိုဟင်ဂျာ ဟူသော တရားဝင်မဖြစ်သော အသုံးအနှုန်းကို ထပ်ခါတလဲလဲ လူပုံအလယ်တွင် ပြောဆိုခြင်းဖြင့် ပရိုမိုးရှင်း လုပ်လိုသော သဘောများ မြင်တွေ့နေရပါသည်။ တကယ်မရှိသော လူမျိုးစု တစ်ခု၊ အမှန်မဟုတ်သော သမိုင်းလိမ်များအတွက် ပညာရှင် မဟုတ်သော သုတေသီ အမည်ခံ အပျော်တမ်း ဘလော့ဂါတစ်ဦးနှင့် အဆိုပါ ခေါင်းစဉ်အပေါ် စကားရည်လုခြင်းဖြင့် ရခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံ၊ ဆရာ ဦးအေးချမ်းကိုယ်တိုင် အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားများ ရရှိမည့် အကျိုးကျေးဇူးထက် တဖက်မှ အမြတ်ထုတ်နိုင်မှုက တလေးမက ဆယ်လေးပင် သာနေပါသေးသည်။

ထိုစကားရည်လုပွဲသည် သူတို့ ၏ သမိုင်းလိမ်အား အရေးတယူ ပြုမှုတည်း ဟူ၍ ထပ်ဆင့် ဝါဒဖြန့်  လာနိုင်ပါသည်။ ထို့ ပြင် သမိုင်းဆွေးနွေးပွဲမှသည် ဘာသာရေး ဆွေးနွေးပွဲသဖွယ်လည်း အသွင်ပြောင်းသွားနိုင်ပြီး နိုင်ငံတကာ ပရိသတ်အလယ်တွင် ရခိုင်များသည်၊ ဗုဒ္ဓဘာသာများသည် ၄င်းတို့ ဘာသာအပေါ် ဖိနှိပ်ပါသည်ဟု အများထင်မြင်စေရန် ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါသည်။

ထိုစကားရည်လုပွဲသည် သွယ်ဝိုက်သောအားဖြင့် အဆိပ်ပင် ရေလောင်းသကဲ့သို့  ကျူးကျော်သူ ဘင်ဂလီများအတွက် များစွာ အမြတ်ထွက်စေသော်ငြား ဆရာ့အတွက်သာမက ပြည်ထောင်စု တိုင်းရင်းသားအားလုံးနှင့် မြန်မာနိုင်ငံအတွက်မူ လီဆယ်ဖန်တီးထားသော သမိုင်းလိမ်အား သိသိကြီးနှင့် စကားရည်လုခြင်းဖြင့် ယင်းတို့၏ မုသာဝါဒများကို အသိအမှတ်ပြု အလေးထား ဆွေးနွေးပါသည် ဟူသော လွဲမှားသော အမြင်မျိုး နိုင်ငံတကာမှ ထင်မြင်သွားနိုင်ပါသည်။

သို့ ဖြစ်ပါ၍ ယင်းစကားရည်လုပွဲအား ဆရာ့အနေဖြင့် ယှဉ်ပြိုင်သင့်၊ မပြိုင်သင့်ကို ပြန်လည် သုံးသပ်ပေးပါရန်  လေးစားစွာ တင်ပြအပ်ပါသည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts