ကဗျာ

Happy new year အတွေးများ (Ashin Nanda Wuntha)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Happy new year အတွေးများ

အရှင်နန္ဒ၀ံသ (ရမည်းသင်း)၊ ဇန်န၀ါရီ ၂၊ ၂၀၁၃

         မြောက်လေကသွေး၊ နှင်းဖွေးဖွေး နှင့် ၊ ချမ်းအေးပါလှ ၊ ည…တစ်ည..  ၊

         မိသားစုတွင်း ၊ မိတ်ဆွေရင်း နှင့် ၊ ချစ်သူချင်းဆုံ ၊
           ဝိုင်းစုပြုံကာ ၊ နှင်းမြူမှုံကြား ၊ မြူးပျော်ပါးစွာ  ၊ကကြ ခုန်ကြ ၊ ည တစ်ည ။
         မီးရှူး မီးပန်း ၊ထောင်သောင်းသန်း ဖြင့် ၊  အံ့မခန်းလှ ၊
            ထွန်းညှိကြဘိ ၊ လူတိုင်းသိစွ  ၊ ည…တစ်ည
         ဘေး ရန်  ဒဏ် မျိုး ၊ ကံဆိုး.. မဆုံ ၊ ကောင်းကျိုးကြုံပြီး ၊ စည်းစိမ်ရွှေငွေ ၊
          ထွန်းတောက်စေကြာင်း ၊ စုကာပေါင်းလို့ ၊ ဆုတွေတောင်းကြ ၊ ည တစ်ည ။
        Happy new year ၊ ဒီစကားကို ၊ အွန်လိုင်း နှင့် ဖုံး ၊
        တွင်တွင်သုံးရင်း ၊ အပြုံးနှင့်ယှဉ် ၊ သံယောဇဉ်ကို  ၊
         ခင်မင်နှစ်လို ၊ ၊စကားချိုဖြင့်  ၊ ခေါ်ဆိုပြောကြ ၊ ည တစ်ည ။
       ဒီလိုစကား ၊ ဒီစာသားကို ၊  တွေ့ ကြား  လေတိုင်း ၊
        နက်ရှိုင်းလှစွာ၊ တွေးသိတာက ၊ ပျော်စရာ နှစ်သစ် ၊ ရောက်ပြန် လစ် ဟု ၊
       အော် ဘာလိုလို နဲ့ ၊ နှစ်ဟောင်းပြိုပျက် ၊
        နှစ်သစ်ရက် သည် ၊ မနက်ဖန်ဆို ရောက်တော့မည်၊
        နာရီ. လ. ရက်၊ ရာသီစက် ပေါင်း ၊လီလီပြောင်းလို့၊
         နှစ်သစ်နှစ်ဟောင်း၊ ဘယ်မျှပြောင်းလဲ ၊ ရင်ထဲ သတိ၊ မရှိတဲ့သူ ၊
        ကိုယ့်လိုလူမှာ.. ဘာတွေဟောင်းလို့ ၊ ဘာတွေ ပြောင်းကုန် ၊  မသိတုံခဲ့ …
         ဒါပေမဲ့လည်း ၊ ဉာဏ်နဲ့ဆင်ခြင် ၊ တွေးဝင်မိတာ ၊ ဒီလို ပါ ..။
         အပါယ်ဒုဂ္ဂတိ ၊ လားနိုင်ဘိကြောင်း ၊ မကောင်းအမှု ၊
          ကံသုံးခုကို ၊ ဟောင်းခဲ့နှစ် မှာ…. နှစ်ခဲ့ရင်..
         မိမိသူတပါး ၊ ကျိုးမများမှု ၊ ကံ သုံးခု ကို … အဟောင်းနဲ့ အတူ နှစ်ခဲ့ရင် …
         မကောင်းတာ နှစ် ၊ ကောင်းတာ သစ်၍ ၊ ကောင်းမှုဖြစ်ဖို့ ၊  ကြိုးစားရင် …
        အကိုသိုလ်နှစ် ၊ ကုသိုလ်သစ်၍ ၊ မဖြစ်သေးတာ ၊ ဖြစ်လာစေမှု ၊ အားပြုရင် ..။
          ဒုစရိုက် နှစ် ၊ သုစရိုက် သစ်နဲ့ ၊
ဘာဝနောက်နှောင်း ၊ ကောင်းထက်ကောင်းအောင် ၊ ပြောင်းခဲ့ရင် ..၊
         မကောင်းအကြောင်း ၊ ကောင်း နဲ့ ပြောင်း၍ ၊
          ကောင်းအကျိုးသစ် ၊ ဖြစ်ခဲ့ရင်
         စသည် စသည် ၊ အစချီ၍ ၊ မကောင်းကျိုးဖျောက် ၊
          ကောင်းကျိုးရောက်အောင် ၊စွမ်းဆောင်နိုင်မှ ၊ နှစ်သစ်နှစ်ဟောင်း ၊
          ဒီအပြောင်းသည် ၊ အကြောင်းကောင်းလို့ ၊ အကျိုးကောင်းသည့် ၊
          ပျော်ဖွယ်အစစ်  ၊ တကယ် နှစ်သစ်ဟု..
          တွေးပြုမိပါ ၊ ဒီအခါတွင် ၊ ရင်မှာ ပျော်ရွှင် ၊ ဆိုလိုက်ချင်သည် ….
          အားလုံးကို    HAPYY NEW YEAR ပါ ဟု ။
အရှင်နန္ဒဝံသ(ရမည်းသင်း)
 ဇေယျသုခ ဓမ္မရိပ်သာ ၊
 Amarillo, Tx, U.S.A


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Happy new year အတွေးများ (Ashin Nanda Wuntha)

Comments are closed.