ကဗျာ အောင်ဝေး

၂ ၀ ၁ ၃ က ဗျာ တ ပ် မေ တာ် သ စ် အ တွ က် အ မိ န့် 

 

၂ ၀ ၁ ၃ က ဗျာ တ ပ် မေ တာ် သ စ် အ တွ က် အ မိ န့်
အောင်ဝေး၊ ဇန်န၀ါရီ ၂၊ ၂၀၁၃
ရဲဘော် ကဗျာဆရာ ညီနောင် အပေါင်းတို့ -

ခေတ် ဘယ်လောက် ပျက်ပျက်
ကဗျာ မပျက်စေနဲ့ ။

ဘယ်သူတွေ ဘယ်လို လက်နက်ချချ
ကဗျာ မချနဲ့ ။

“အမျိုးသားပြန်လည်သင့်မြတ်ရေး“
“အကြမ်းမဖက်ရေး“
“ငြိမ်းချမ်းရေး“
ဟောင်းနွမ်းအသုံးမကျတဲ့
အဲဒီ စကားလုံးတွေ
ကဗျာထဲ ထည့်မရေးနဲ့ ။

ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးမှာ
စစ်တပ် မပါမှ (မပါမှ) ဖြစ်မယ်။

နောက်ပြန်လှည့်မှာစိုးတဲ့
လူထုခေါင်းဆောင် ဆိုသူတွေ
ထားရစ်ခဲ့ကြတော့။

၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံဥပဒေ
ပြင်ဖို့ မကြိုးစားနဲ့ ။ (ဖျက်မှ ရမယ်)

ခေတ်ပျက်သူဌေးတွေနဲ့ မပေါင်းနဲ့ 
ခေတ်ပျက်ကဗျာတွေ မရေးနဲ့ ။

ကဗျာကိုင်တိုက်ပွဲကို
လူထုအုံကြွမှုနဲ့ ပေါင်းစပ်ကြ။

ဗမာ့အရေးတော်ပုံ အောင်ရမယ်။     ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
၁-၁-၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၂ ၀ ၁ ၃ က ဗျာ တ ပ် မေ တာ် သ စ် အ တွ က် အ မိ န့် 
  1. ကောင်းလိုက်ပါတဲ့ ပြတ်သားတဲ့အမိန့် ၊လိုက်နာရန် “အသင့်”

Comments are closed.