ကဗျာ ကမာပုလဲ

မျက်ရည်စများနဲ့ထုဆစ်ခဲ့တဲ့ အပြုံးများ

ကမာပုလဲ
ဒီဇင်ဘာ ၂၈၊ ၂၀၁၂

နှင်း …
ကြွင်းကျန်လက်စ မိုးစက်တွေကြားမှာ
ချာလီချက်ပလင်ရဲ့ မျက်ရည်စတွေကို
ရှာဖွေခံစား ကြည့်လို့ရပါစ … ။

ချာလီ
သူ့ကို ဟစ်တလာက မုန်းတယ်
သူ့ကို …
(အမေရိကန် မက်ကာသီနစ်)
အက်ဖ်ဘီအိုင် ဘုရင်ကြီး အက်ဂါဟူးဗားကလည်း
ကွန်မြူနစ်တယောက်လို့ သံသယဖြစ်
ရန်သူအဖြစ်နဲ့ သတ်မှတ် မုန်းတီးခဲ့သေးတယ် …။

တကယ်တော့
ချာလီရဲ့ ဘ၀တလျှောက်လုံးဟာ
ပရိသတ် ရယ်မောစရာ ပြက်လုံးတွေလို့ ဆိုခဲ့ရင်
အဲဒီ ရယ်စရာ ပြက်လုံးတွေဟာ သူ့မျက်ရည်တွေနဲ့ ထုဆစ်ထားခဲ့တာ …
သူ့ကို …
နိုင်ငံတကာ ပြည်သူတွေက သိပ်ချစ်ကြတယ်လေ …။

၁၉၇၇ ခုနှစ် ခရစ်တော်ဖွားမြင်တဲ့နေ့ရက်မှာ
သူတပါးနိုင်ငံမှာ ခေါင်းချခဲ့ရတယ်
ပြည်သူ့အတွက် ပြည်သူ့ဖက်က ရပ်တည်ခဲ့
ပြည်သူ့လူရွင်တော်စစ်စစ်ကြီး …
သူ့သမိုင်းကို သူ့ပေးဆပ်မှုနဲ့ ရေးခဲ့တယ် …။ ။

(ဒီ- ၂၅၊ ၁၉၇၇ နေ့ Vevey, Switzerland တွင် ကွယ်လွန်ခဲ့သော ချာလီချက်ပလင် …. သို့)

ကမာပုလဲ
၂၇၊ ၁၂၊ ၂၀၁၂။

 http://en.wikipedia.org/wiki/Charlie_Chaplin


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts