နိုင်ငံတကာရေးရာ

မဲဆောက်အဖမ်းအစီးကြမ်း မြန်မာများ မြ၀တီသို့ ရှောင်နေရ

မဲဆောက်အဖမ်းအစီးကြမ်း မြန်မာများ မြ၀တီသို့ ရှောင်နေရ

ရွှေ့ပြောင်းသတင်းထောက် (ခေတ္တမဲဆောက်)၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂

မဲဆောက်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ နံနက် လင်းအားကြီးအချိန်တွင် ထိုင်လုံခြံရေး အရာရှိများ ၊လ.၀.က များပါဝင်သော ပူးပေါင်းအဖွဲ့များက စက်ရုံများ၏ အိပ်ဆောင်များ ၊မြန်မာပြည်သားများနေထိုင်သည့် တန်းလျားများသို့ အင်အားဖြင့် ၀င်ရောက်ဖမ်းစီးကြရာ ယနေ့ မဲဆောက်အချုပ်တွင် လူများပြည့်နေကြောင်း သိရပါတယ်။

မြ၀တီ-မဲဆောက် နယ်စပ်လှေဂိတ်များတွင်လည်း မြန်မာဘက်သို့ ယာယီရှေင်တိမ်းရန်အတွက် မြန်မာများဖြင့် ပြည်နေပြီး မြ၀တီသို့ လှေများဖြင့် နံနက်မှစတင်ကာ ကူးနေကြကြောင်း သိရပါတယ်။

တစ်ချို့မြန်မာများကတော့ ထိုင်းရဲများ၏ ဖမ်းစီးခြင်းမှ လွတ်ကင်းရန်ရည်ရွယ်ချက်ဖြင့် နေအိမ်များတွင် မနေရဲဘဲ လယ်ကွင်းများ၊ခြုံဘုတ် များတွင် သွားရောင်အိပ်စက်ကြပြီး အေးချမ်းသော ဆောင်ရာသီ၏ဒဏ်ကို ခံနေကြရကြောင်းလည်း သိရပါတယ်။ စက်ရုံ-အလုပ်ရုံပိုင်ရှင်များကလည်း လက်မှတ်မရှိသူများကို တာဝန်မယူသဖြင့် ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပြောပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “မဲဆောက်အဖမ်းအစီးကြမ်း မြန်မာများ မြ၀တီသို့ ရှောင်နေရ
  1. အမင်္ဂလာသတင်း ပါလား စိတ်မကောင်း စရာပဲ။

  2. Politive view…one day (in 1 year?), many factories in Maesot will move into Myawaddy. Fight corruption at border trade, then Burmese worker can get similar salary as Burmese in Thailand…

  3. အဲဒါတရားဝင်လူမှောင်ခိုကုန်ကူးခြင်းကို ဖွင့်ပေးလိုက်တဲ့ အစပါ ဒီနယ်စပ်ကိုပဲ တာဝန်ရှိသူတွေကရမည် ရှာပြီးဖမ်းနေတာကို မရိုးသားဘူးလို့ ဆိုခြင်ပါတယ် ဒီတာဝန်ရှိသူတွေကိုယ်တိုင်မဲဆောက်ဘယ်အလုပ်ရုံမှာတရားမ၀င်မြန်မာပြည်သားတွေဝင်ရောက်အလုပ်လုပ်နေသလဲဆိုတာလည်းနဂိုကတည်း ကို ကသိသိကြီးပါ လုပ်ငန်းရှင်ကိုတော့အရေးယူတာ ယနေ့ထိမဲဆောက်မှာထင်ထင်ရှားရှားမတွေ့ ရဘူး ဒါ လူမှောင်ခိုကုန်ကူးရာမှာတရားဝင်တာဝန်ရှိသူတွေကိုယ်တိုင်ပါဝင်ပတ်သက်နေတာပြသလိုက်တာပဲ

Comments are closed.