ဓာတ်ပုံသတင်း နိုင်ငံတကာရေးရာ

နယူးယောက်မြန်မာများက လက်ပံတောင်းတောင်အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

နယူးယောက်မြန်မာများက လက်ပံတောင်းတောင်အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံသတင်း၊ ဓာတ်ပုံ ကိုအောင်မိုးဝင်း၊ ကိုသိန်းမင်းတို့၏ ဖေ့စ်ဘွတ်က ကူးယူပါတယ်။

ဒီဇင်ဘာ ၉ ၊ ၂၀၁၂၀

ဒီဇင်ဘာလ ၈ ရက်ကေ့ နယူးယောက်မြို မြန်မာကောင်စစ်ဝင်ရုံးရှေတွင် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများက မြန်မာအစိုးရ၏ လက်ပံတောင်းတောင် အကြမ်းဖက်မှုအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြသည်။

 လက်ရှိမြန်မာအစိုးရသည် နိုဝင်ဘာ ၂၉ ၊ ၂၀၁၂ နံနက်တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ရှိ ဒေသခံပြည်သူများနှင့် ရဟန်းသံဃာများ၊ ကျောင်းသား လူငယ်များက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊မီးလောင်တိုက်သွင်းပြီး ဖြိုခွဲဖျက်စီးခဲ့သည့်အတွက် ပြည်ပရောက် မြန်မာတို့က ၎င်းတို့နေထိုင်ရာ မြို့နယ်များမှနေ၍  ဆန့်ကျင်ရှုတ်ချ တောင်းဆိုပွဲများကို အသီးသီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

တောင်းဆိုချက်များအဖြစ် –

၁။ အစွန်းရောက်အကြမ်းဖက်မှု ကြောင့် ထိခိုက်ဒဏ်ရာ့ရသော ရဟန်းသံဃာများအား အတိအလင်း ဝန်ချတောင်းပန်ရန်နှင့် နောက်နောင် ထိုကဲ့သို့ မပြုလုပ်ရန်

၂။ လက်ပန်တောင်းစီမံကိန်းကို -ကော်မရှင်မှ စုံးစမ်းစစ်ဆေးနေစဉ်၌ ယာယီရပ်တန့်ထားရန်  ပြည်သူ့ဆန္ဒခံယူပြီး ဒေသခံအများပြည်သူ သဘောမတူညီပါက ချက်ချင်းဖျက်သိမ်းရန်

၃။ မတရား ဖမ်းဆီးထိမ်းသိမ်းထားသူများအားလုံး ယခုချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts