ဖို့တ်ဝိန်းရောက် မြန်မာများက လက်ပံတောင်းတောင်အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

ဖို့တ်ဝိန်းရောက် မြန်မာများက လက်ပံတောင်းတောင်အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံသတင်း၊ ကိုအောင်မြင့်ထွန်းဖေ့စ်ဘွတ်ဓာတ်ပုံများကို ယူသုံးပါတယ်

ဒီဇင်ဘာ ၉ ၊ ၂၀၁၂

ဒီဇင်ဘာ ၈ရက်နေ့၊ အင်ဒီယာနာပြည်၊ ဖို့ဝိန်းမြို့၊ မြို့တော်ခန်းမရှေ့မှာ မြန်မာအရေးလှုပ်ရှားသူများ စုဝေးပြီးတော့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုဆန္ဒပြကြတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၂၉ မှာ အစိုးရက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသူ သပိတ်စခန်းများအား အကြမ်းဖက်စီးနင်းဖြိုခွဲပြီးနောက် နိုင်ငံတကာရောက် မြန်မာမိသားစုများက အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။