ကဗျာ အရှင်ဉာဏိက
ပြည်တွင်းဖြစ် အမေ (Ashin Nanika)
ပြည်တွင်းဖြစ် အမေ
အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)
ဒီဇင်ဘာ ၉ ၊ ၂၀၁၂
ကြံသကာနဲ့ ထန်းလျက်
အညာထွက်ဖြစ်ပေမယ့်
ထန်းလျက်ကိုမှ သူချစ်
အဲဒါ အညာသား စစ်လို့တဲ့လေ။အညာချစ်တဲ့ ငါ့အမေ
သြဝါဒ ချွေတတ်တာပ။
သူ့အညာ သူ့ရွာ မဖြစ်ပေမယ့်
လက်ဖက်ကိုလည်း အမေချစ်
တိုင်းရင်းဖြစ် စစ်စစ်မို့သား တဲ့။ငါးပိနဲ့ငါးခြောက်
အောက်ပြည်ထွက် စစ်စစ်
အမေ့နှစ်သက်မှုကရော ဆိုတော့
ဒါကတော့ သားရယ်
မင်းတို့အဖေ ကိုရွှေငါးက
အောက်သားလေကွယ်တဲ့။
ထန်းလျက်ချစ် လက်ဖက်ချစ်
ငါးပိချစ်တဲ့ ငါ့အမေ
အညာနေ ရိုးရိုး
“စိန့်တိုင်း” ဖြစ်
ပိုးပုဆိုးကျ
အဆတိုးလို့ မျက်မုန်းကျိုးသပ။
ခုခေတ် ခုခါ
ဟိုဟာလည်း China ဖြစ်
ဒီအရာလည်း China ဖြစ်
အိမ်နီးနားလည်း China ဖြစ်
အရာရာ China ခေတ်မို့..
ထန်းလျက်ချစ်တဲ့ ငါ့အမေ
လက်ဖက်ချစ်တဲ့ ငါ့အမေ
ငါးပိချစ်တဲ့ ငါ့အမေ
ငါ့ပြည်ဖြစ်တဲ့ ငါ့အမေ
စိတ်ညစ်နေမယ့် ငါ့အမေ
“တရား အားမထုတ်” ချင်တဲ့ ငါ့အမေ
ဘယ်လိုများ နေရှာပ
တွေးကြည့်ကာ သနားမိပါရဲ့။ ။
(* စိန့်တိုင်း-တရုတ်ပြည်
China- တရုတ်ပြည်
တရား အားမထုတ်= တရုတ် အားမထား)
(အင်္ဂလန်ခရီး မပြီးသေးပါ-မှ )
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
One thought on “ပြည်တွင်းဖြစ် အမေ (Ashin Nanika)
  1. အာဏာရှင်ကြီး ဦးနေ၀င်းလက်ထက်က၊ ပြည်တွင်းဖြစ် နိုင်ငံခြာအရက်ဆိုတာတော့ကြားဘူးပါသည် ဘုရား။
Comments are closed.