ဓာတ်ပုံသတင်း

လူ့မိတ်ဆွေ စာအုပ်ဈေးရောင်းပွဲတော်

မိုးမခ
နိုဝင်ဘာ ၂၇၊ ၂၀၁၂
လူ့ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များကို စာအုပ်စာပေများတွင် မကုန်ခမ်းနိုင်အောင် လေ့လာဆည်းပူးနိုင်ခွင့်ရှိသည့်အလျောက် လူ့မိတ် ဆွေစာအုပ် (Book for All) အမည်ရတဲ့ မန္တလေးစာအုပ်အရောင်းပွဲတော်တခုကို မန္တလေးတိုင်း၊ ချမ်းမြေ့သာဇံမြို့နယ် ၃၅ လမ်း၊ ၈၉ – ၉၀  လမ်းကြား ပြန်ဆက်ရုံးရှေ့တွင် ပြုလုပ်ကျင်းပနေပါတယ်။
အဆိုပါစာအုပ်အရောင်းပွဲတော်ကို မန္တလေးခရိုင် ပြန်ဆက်ဌာနမှ ဦးစီးပြီး မြန်မာပြည်ကြော်ငြာလုပ်ငန်းကုမ္ပဏီလီမိတက်တို့မှလည်း ပူးပေါင်းပါဝင်ထားတဲ့ အသိပညာပေးစာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖြစ်ပါတယ်။

မြန်မာပြည် စာပေတိုက်မျိုးစုံက ထုတ်လုပ်ထားတဲ့စာအုပ်ပေါင်းမျိုးစုံကို ခင်းကျင်းပြသလထားလျှက်ရှိပြီး နိုဝင်ဘာ ၂၆ ရက်နေ့ကနေပြီး ၃၀ ရက်နေ့ထိ ခင်းကျင်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်။

ရင်းမြစ် – ဤနေရာမှ ရယူသည်။
ဓာတ်ပုံ – ကိုဇော်မင်းလတ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts