လူများ၊ ရုပ်ပုံလွှာများ

စိတ်ဝင်စားဖွယ် လူမှုဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုနေမျိုးဇင်တို့၏ လှုပ်ရှားမှုများ

စိတ်ဝင်စားဖွယ် လူမှုဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုနေမျိုးဇင်တို့၏ လှုပ်ရှားမှုများ

မိုးမခကောက်နုတ်ချက်၊ နိုဝင်ဘာ ၂၇၊ ၂၀၁၂

 

စစ်မှုထမ်းဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ နိုင်ငံရေးနဲ့ လူမှုရေး နိုးကြားတက်ကြွ လှုပ်ရှားသူ ကိုနေမျိုးဇင်နဲ့ မိတ်ဆွေစေတနာရှင်များ စုပေါင်းဆောင်ရွက်နေတဲ့ လူမှုဖွံဖြိုးရေးကွန်ယက်ဖွဲ့စည်းပုံကို သူတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ဆက်ထားတာကို ကူးယူဖော်ပြလိုက်ပါတယ်။

သူတို့ကွ            န်ယက်လှုပ်ရှားမှုက ဗီဒီယိုမှတ်တမ်းများကိုလည်း ယူကျု ချန်နယ်မှာ တင်ဆက်နိုင်သလောက် စုစည်းတင်ဆက်ထားတာကို တွေ့ရပါတယ်။

ယခုအချိန်မှာတော့ အလုပ်သမားများ၊ တောင်သူလယ်သမားများနဲ့ အာဏာရှင်များ၊ လုပ်ငန်းရှင်များရဲ့ အငြင်းပွားမှုများ၊ အရေးအခင်းများဆီကို ကိုယ်တိုင်သွားရောက် လေ့လာမှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ ကျေးလက်တောရွာများကို သွားရောက်ပြီး ကွန်ပျူတာနဲ့ နည်းပညာအသုံးချ အခြေခံသင်တန်းများ ပို့ချ မျှဝေပေးနေတာကိုလည်း တွေ့ရပါတယ်။

သူတို့စတင်ခဲ့တဲ့ အခြေခံကို အောက်ပါအတိုင်း တွေ့ရပါတယ်။

 

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် ဧ။် ရည်မှန်းချက်များ Our Obective..

by Nay Myo Zin on Saturday, 26 May 2012 at 08:12 ·


မိမိတို့ ကွန်ယက် ရည်မှန်းချက်များ

§  မကြာခင် နိုင်ငံတွင်း အရှိန်အဟုန်ပြင်းပြင်း လုပ်ဆောင်ရတော့မယ့် စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ်ခံယူချက် ပြုပြင်ပြောင်းလဲရေးတွေမှာ ကနဦး တာထွက်အဖြစ် ကျနော်တို့ ကွန်ယက်က စံပြဖြစ်စေချင်ပါတယ်။

Our Obective..

We aim our network to be the role model one with good start at speedy forthcoming drastic changes in economy, society and people’s mindset in our country- Myanmar.

……………………….

ဘယ်လို ရှေးရှုချက်မျိုးမှာ မဆို အခြေခံ အကျဆုံးနဲ့ အလိုအပ်ဆုံးက ရိုးသားဖြောင့်မတ်သော စေတနာနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လူငယ်တွေက ကနဦး စံနမူနာ အဖြစ် လူထုယုံကြည်အောင် လူအများ အကျိုးကို ပရမျှတတဲ့ ထမ်းဆောင်ခြင်းမျိုးနဲ့လူငယ်များ ကိုယ်တိုင် ဦးဆောင်ပြသစေလိုခြင်းဖြစ်ပါတယ်။

All plan basically needs to be implemented with honest and sincere attitude by its team. Our group of youth wish to prove this ethic and build the public confidence by leading volunteer services for needy people.

…………………………………

-လူထု အကြားသွားလာ လှုပ်ရှား၊ လူထု ဘ၀ကို အခြေခံကျကျ လေ့လာပြီး နိုင်ငံစနစ်သစ် အတွက် အံဝင်ဂွင်ကျ အလောတော်ဖြစ်နိုင်မယ့် ပြုပြင်ပြောင်းလဲမှု နည်းနိသျည်းတွေကို လေ့လာစူးစမ်းပြီး တဖြည်းဖြည်းနဲ့ နိုင်ငံသားတို့ကို စိတ်ဓါတ်၊ စည်းကမ်း ၊ အတွေးအခေါ်၊ လူနေမှု ဘ၀တို့ တိုးတက်ပြောင်းလဲလာအောင် အကူအညီပေးသင့်တာပေးနိုင်အောင် ဆောင်ရွက် ပေးမယ်။ လက်တွဲခေါ်သင့်တာ ခေါ်မယ်၊ အဓိကဖြစ်တဲ့ လူထု စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေကို ရတန်သမျှသော နည်းတွေသုံးပြီး မြင့်တင်ဖေးမ ထိန်းသိမ်း ပေးဖို့ လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

………………………

We will mingle among public and observe the Myanmar nationals in their all walks of  lives and help them adapt with fast-developing country and promote their status of lives (morality, discipline, way of thinking) by inrroducing most suitable methods and systems. We will organize to perform the tasks whatever is necessary – teaching, guiding, supporting..etc to raise up their social status by any means.

လုပ်ဆောင်ချက်တွေ

သုံးခွ ဒေသမှာ ကျနော်တို့ လုပ်ပေးနိုင်ခဲ့တာတွေ-

– အခုဆို လတ်တလော လူထု အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေရှားပါးမှု ပြသနာကို ကျနော်တို့ ကွန်ယက် လူငယ်တွေက ကိုယ်စီအသိနဲ့ ချိတ်ဆက် တာဝန်ယူပြီး ရသလောက်ဖြည်းဖြည်း အကူညီပေးလာတာ စက်ရေတွင်း ၈ တွင်းနဲ့ အထက်   တူးဖေါ်လှူဒါန်းနိုင်ပြီဖြစ်တယ် လူဦးရေအားဖြင့် ငါးထောင်နဲ့ အထက်ကို ပူပင်သောက ကြောင့်ကြခြင်းကနေ ကင်းဝေးစေနိုင်ပြီဖြစ်တယ်။

သူတို့ သောက်သုံးရေကန်ကြီးတွေကို ပိုမိုခိုင်မာထုထည်ကြီးအောင် ရေသှိုလှောင်မှု ပိုများအောင် ငွေအား စက်အားနဲ့ ၀ိုင်းဝန်းတည်ဆောက်ပေးခြင်း လုပ်ပေးနိုင်ပါတယ်။

What we have done..

In Thone-gwa area, part of works which our network team has been done for local people with their basic needs were – providing water and sanitary services. By now, eight     motor-pumping wells have been donated which can sufficiently provide some 5000 people who are now away from worries about water.

Future Plan (ရည်ရွယ်ချက်တွေ)

-ပြည်သူလူထု သောင်းသိန်းမက ကို သူတို့ တွေ့ကြုံရင်ဆိုင်နေရတဲ့ ဘ၀ အခက်အခဲ ၊ လူလုပ် အခက်အခဲ၊ ရိုးရာ အခက်အခဲ၊ အုပ်ချုပ်သူတို့ ကန့်သတ်မှု အခက်အခဲ၊ ဒေသတွင်း မငြိမ်းချမ်းခြင်းကြောင့် ဖြစ်တဲ့ အခက်အခဲ၊ စနစ်ဟောင်းက ပုံသွင်းကျန် မှားလွဲတဲ့ အယူအသုံး စံနှုန်းတွေကနေ ဖယ်ခွါတိုးတက်ရေး အဟန့်အတားဖြစ်နေတဲ့ အခက်အခဲ စတာတွေ အများကြီးကို တာဝန်အသီးသီးနဲ့ ကိုယ်စီဆက်စပ် ချိတ်ဆက်ပြီး ဖြေရှင်းပံ့ပိုး လမ်းဖေါက်ကြဖို့ စိတ်ကူးထားပါတယ်

Another part of our plan is to try to unitedly construct a new  path by clearing the various obstacles which millions of people has been experiencing and suffering for many decades in their daily lives, chances for earning,  cultural barriers, unfair limitations by rulers, wrong standards of old-fashioned eras,

တဆက်ထဲမှာပဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဆိုင်ရာ ဒေသတွင်း ချို့ယွင်းချက်တွေကို ကုစားပြင်ဆင် တိုးချဲ့ထောက်ကူပေးနိုင်ဖို့ အရှိအတိုင်း ကွင်းဆင်းသုတေသနတွေကို လုပ်ပါမယ်။ လိုအပ်ချက်တွေကို နိုင်ငံတော် အစိုးရ ဌာနဆိုင်ရာတွေနဲ့ညှိနှိုင်းပြီး တကယ့်ကို လူထုအတွက် ထိရောက်တဲ့ အကူညီပံ့ပိုးမှုတွေ ဖြစ်အောင် ကွန်ယက်ဝင်တွေက ရိုးသားဖြောင့်မတ်စွာ လူထု အကျိုးပြု လုပ်ငန်းတွေကို  သယ်ပိုးပါမယ်။

At the same time, field research works will be carried out to recuperate the weak points of local education, health and economy system. Network team will perform frank and honest cooperation with authourities to establish effective supports for public needs.

Example

§  သူတို့ ဒေသမှာ သိပ်ပံနည်းကျကျနဲ့ ရေချိုဘယ်လို ရှာဖွေတူးဖေါ်ပြီး ထုတ်လုပ်ရင် ရမလဲ ဆိုတာ စနစ်တကျ ကွင်းဆင်းလေ့လာပြီး စက်ရေတွင်းတွေ တကယ် လိုအပ်တဲ့ နေရာမှာ ဖူလုံသည်အထိ တူးဖေါ်လှူဒါန်းပေးတာမျိုးတွေ လုပ်လို့ရမယ်။

Example

Field study will be carried out to find out scientifically and systematically how fresh water can be explored and retrieve, followed by installing sufficient motor-pumping wells as donation for the needs of people.

နောက်ဆုံး မြေအောက်က ရေချို ဘယ်လိုမှ မထွက်နိုင်ဘူးဆိုတာသေချာသွားရင် ရရှိနိုင်တဲ့ တွင်းရေ နောက်ကျိနေတဲ့ ရေတွေကို ဘယ်လို သန့်စင်နည်းတွေ သုံးပြီး သောက်သုံးဖို့ ဘေးကင်းအောင် လုပ်ပေးနိုင်မလဲ နည်းလမ်းတွေ ရှာ နည်းပညာတွေ အထောက်အကူ တွေ တပ်ဆင်လှူဒါန်းပေးနိုင်တယ်။

Even if fresh water is not available in the area, we will find ways and methods how to purify the filthy water to transform to safe and hygienic  drinkable  water.

ဖြစ်နိုင်ရင်တော့ သဘာဝ နေရောင်ခြည်သုံးခြင်း ၊ လေအားကို အသုံးပြုပြီး မြေအောက်ရေ သော်လည်းကောင်း၊ ရေငန်ကို ရေချိုဖြစ်အောင် ပြောင်းလဲ ပေးနိုင်တဲ့ နည်းပညာမျိုး အထိ မျော်မြင်တွေးဆ လှူဒါန်းမှုတွေ လုပ်စေချင်ပါတယ်

If  possible, creative ideas to be encoiraged to invent the methods to transform ground water or sea water to drinkable fresh water using natural solar and wind energies.

 လောလောဆယ် အားဖြင့် မိမိတို့ ကွန်ယက်သည် ရေရှားပါးသော ဒေသများမှာ တပိုင်တနိုင် စက်ရေးတွင်းများလှူဒါန်းပေးယုံတင်မကပဲ။ သစ်ပင် ရှားပါးတဲ့ ရွာတွေမှာ သစ်ပင်ပေါက်တွေ အုံနဲ့ကျင်းနဲ သွားရောက်စိုက်ပျိုးတဲ့ ကမ်ပိန်းတွေ ဆက်လုပ်ဖို့ထိ ပြင်ဆင်နေပါတယ်။ ယခု ဒီစာများကို မိမိတို့ မိတ်ဆွေ နိုင်ငံခြားသားများ မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ မိတ်ဆွေကောင်းများ ဆီ လက်ဆင့်ကမ်း ဖြန့်ဝေပေးစေချင်ပါတယ်။

ဘာသာပြန်သူ ကိုခင်မောင်လေး

တင်ပြသူ

နေမျိုးဇင်  

ကွန်ယက် ညှိနှိုင်းဆောင်ရွက်သူ             


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “စိတ်ဝင်စားဖွယ် လူမှုဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုနေမျိုးဇင်တို့၏ လှုပ်ရှားမှုများ
  1. ကျေးဇူး တင်ပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ ဖေါ်ဆောင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း တွေနဲ့ နယ်လှည့် စာကြည့်တိုက် ရွေ့လျား ကား အစီအစဉ်တွေ အကောင်အထည်ဖေါ်ဖြစ်လာအောင် လှုံ့ဆော် ကူညီပေးစေချင်ပါတယ်။

Comments are closed.