မှတ်စုမှတ်တမ်း

တိုင်တစ်လုံးဘုရား

မွန်ဦးမြေ
နိုဝင်ဘာ ၂၄၊ ၂၀၁၂

ဗီယက်နံအခေါ်အားဖြင့် Chua Một Cột
ရှေးအခေါ်အားဖြင့် Dien Hưu t ư  – or –  Lien Hoa Dai

 တိုင်တစ်လုံးဘုရား ရေကန်နှင့် ဗောဓိပင်

တိုင်တစ်လုံးဘုရား၊ ဟနွိုင်းမြို့ တော်၊ ဗီယက်နံနိုင်ငံ မှာရှိသော ရှေးဟောင်းဘုရားမှာ အရေးကြီးသော သမိုင်းဝင်ဗုဒ္ဓဘာသာ ဘုရားတစ် ဆူဖြစ်ပါသည်။ အရင်တခါက တင်ပြဘူးသော ရနံထုံဂူဘုရားကဲ့သို့ ဗီယက်နံနိုင်ငံ၏ အရေးပါအရာရောက်သော သမိုင်းအစဉ်အလာ တစ် ခုဖြစ်ပါသည်။ ဟနွိုင်းမြို့ တော်၏ အနောက်ဘက်ပိုင်း လူစည်ကားရာအရပ်၊ ဟိုချီမင်း အာဇာနီဂူဗိမာန်အနီး၊ Ong Ich kieur St., Ngoc Ha, Ba Dinh District, Hanoi တွင်ရှိပါသည်။

 တိုင်တစ်လုံးဘုရား ကွန်ကရစ်တိုင်ကြီးနှင့် သစ်သားယက်မများ၊ ကျောင်ဆောင် အတက်အုတ်လှေခါး
● သမိုင်းနောက်ခံကား
နိုင်ငံတော်၏ ဧကရစ်မင်းကြီး Ly Thai Tong (အေဒီ ၁၀၂၈ ~ ၁၀၅၄ ခန့် ၊ မြန်မာနိုင်ငံ အနော်ရထာမင်း ကြီးနှင့်ခေတ်ပြိုင်) လောက်ရှိမည်ထင်ရသော အချိန်ကာလက ကြီးစိုးအုပ်ချုပ်၍ မင်းကြီးတွင် အမွေစားအမွေခံ သားသမီးမထွန်းကား ကဲ့ပေ။ တနေ့ တွင် ဘုရင်ကြီးအိမ်မက်ပုံက၊ ဘုရားအလောင်းတော် Avalokiteshavara က ကြာပန်းပေါ်ထိုင်ပြီး ဘုရင်ကြီးကို သား ယောက်ကျား ကလေးပေးတယ်လို့  မြင်ရပြီး၊ မကြာခင် ဘုရင်ကြီးလည်း လယ်သူမလေး တစ်ဦးနှင့် အိမ်ထောင်ဘက်ပြုပြီး၊ သားဦး ကလေးဖွားမြင်ခဲ့ လေသည်။ ဘုရ်ငကြီးလည်း ဘုရားအလောင်းတော်ကြီးအား ကျေးဇူးတင်ပြီး သာသနာပိုင်ဘုန်းတော်ကြီး Thien Tue အားပင့်ဖိတ် ကြီးကျပ်ပြီး ရေကန်ထဲမှာ ကြာပွင့်ကြီးပွင့်သကဲ့သို့ ၊ သူ့ အိမ်မက်မှအတိုင်း တိုင်တစ်လုံးဘုရားကို အေဒီ ၁၀၄၉ နှစ်တွင် တည် ဆောက်စေ ခဲ့ပါသည်။

ဌင်းဘုရားကျောင်း ဖွင့်ပွဲတွင် ဘုရင်ကြီးကိုယ်တိုင် ဘုရားရုပ်ပွားတော်ကို ရေသတ်ပယ်ပြီး ငှက်ခလေးကို ဘေးမဲ့လွှတ်ခဲသည်ကို အကြောင်းပြုပြီး တိုင်းသူပြည်သားများကလည်း ဘုရားရေသတ်ပယ်ခြင်း ငှက်ဘေးမဲ့ပေးခြင်းများကို ဂေါတမဘုရား၏မွေးနေ တိုင်း ဘုရားပွဲ ကျင်းပ ပါသည်။ ဗီယက်နံစကားအားဖြင့် Chua Một Cột ဟုခေါ်သော်လည်း၊ မူရင်းဘွဲအမည်မှာ Dier Huu tu ဟုခေါ် ပြီး၊ အဓိပ္ပါယ်မှာ (Long lasting happiness and good luck) အဒွန့် ရှည်သောမင်္ဂလာအပေါင်းနှင့်အတူ လပ်လာဘကောင်း စုတောင်းပြည့် ဘုရားဟု ခေါ်ပါသည်။

● တည်ဆောက်ပုံနှင့် ပိသုကာအနှစ်သာရ
ဒန္တာရီပုံပြင်အရ ဘုရားအလောင်းတော်ကြီး ကြာပန်းပေါ်မှာထိုင်နေသကဲ့သို့  ပိသုကာ ပညာဖြင့်ပုံဖေါ်သည့်အခါ၊ တကဲ့ကြာပန်းပုံနှင့်ဘုရားအလောင်းတော်ပုံကိုတင်ပြခြင်းမရှိပါ။ ၁.၂၅ မီတာ(၄-ပေခန့် ) အချင်းရှိသောကျောက်တိုင်ကြီးကိုမတည်၍ သစ်သားဘောင်ယက်မအထောက်အကူများဖြင့် အလေးဝန်ခံပြီး၊ ဘုရားကျောင်း ဆောင် ဆောက်လုပ်ထားသည်မှာ၊ အထူးအံသြစရာကောင်းပြီး အတုယူသင့်ပါသည်။
 တိုင်တစ်လုံးဘုရားစင်နှင့် မီးအိမ်များ

အေဒီ ၁၁၀၅ နှစ်တွင် ဧကရစ်မင်းကြီး Ly Nham Tong ကပြန်လည်မွန်းမံထားကြောင်း မှတ်တန်းများရှိပါသည်။ တဖန် အေဒီ ၁၁၀၉ တွင် အထက်ပါဧကရစ်ကပဲ ဘုရားကျောင်းအတွက် ကြေးခေါင်းလောင်းကြီးတစ်ခု သွန်းလုပ်ခဲ့ပါသည်။ သို့ သော် အလေးချိန်အင်မတန်ကြီးမားပြီး ဝေးလှသောနေရာမှ တိုင်တစ်လုံးဘုရားကျောင်းအရောက် သယ်ယူရန်မဖြစ်နိုင်ဘဲ ဌင်းသွန်းလုပ်သောနေရာနှင့်အနီး Nhat Tru Temple ကျောင်းပိုင်လယ်ကွင်းထဲတွင်ထားခဲ့ရပါသည်။ ဌင်းလယ်ကွင်းထဲတွင် လိပ်သတ္တ၀ါများ အများအပြားရှိနေခြင်းကို အကြောင်းပြုပြီး Quy Dien chung (Bell of the turtle farmland) လိပ်များ လယ်ကွင်း ခေါင်းလောင်းကြီးဟု အမည်တွင်ခဲ့ပါသည်။ အေဒီ ၁၅ ရာစု အစပိုင်းမှာ ဗီယက်နံနိုင်ငံကို တရုတ်ပြည် – မင် – မင်းဆက်ကတိုက်ခိုက်သိမ်းယူခဲ့ပါသည်။ ဌင်းကျူးကျော်စစ်ကို ဘုရင် Le Loi က ၁၄၂၆ ခုနှစ်တွင် တွန်းလှန်ခဲ့ပါသည်။ အရှုံး နှင့်ရင်ဆိုင်ပြီး တပ်ဆုတ်နေခဲ့သော တရုတ်စစ်သူကြီးသည် ဌင်းခေါင်းလောင်းကြီးကို အရေကြိုပြီး လက်နှက် လုပ်ခြင်းကြောင့် သမိုင်းဝင် ခေါင်းလောင်းကြီး ပျောက်ကွယ်ခဲ့ရပါသည်။

 အနောက်ဘက်မြင်ကွင်း။ မူလက ကျောက်တိုင်ကြီး စစ်ဘေးဒါဏ်ကြောင့် ပြိုကျပြီး ကွန်ကရစ်တိုင်ဖြင့်အစားထိုးထားပါသည်။

● မှတ်ချက် 
၁။ ကျနော်တို့ ဓမ္မစေတီမင်းခေါင်းလောင်းကြီးနှင့် ခေတ်ပြိုင်လောက်ဖြစ်ပေလိမ့်မည်။ သို့ သော် အဖျက်စီးခံရပုံမှာ နှစ် ၁၀၀ ခန်စောနေ မည်ဟုထင်ပါသည်။ ဓမ္မစေတီမင်းခေါင်းလောင်းကြီးမှာ ရန်ကုန်ပင်လယ်ဝ ရေအောက်တွင်ရှိနေသည်ဟု ကြားသိရသည့် အတွက် ဧရာမ သမိုင်းအထောက်အထားကြီး ရှိနေသည်ကို ကြိုဆိုပါ၏။

၂။ ၁၉၅၄ ခုနှစ် ပြင်သစ်ကိုလိုနီနယ်ချဲ့များ အင်ဒိုချိုင်းနားစစ်ရှုံးပြီး ဟနွီုင်းမှ မဆုတ်ခွါစဉ် ဌင်းတိုင်တစ်လုံးဘုရားကို ဖြိုဖြက်ခဲ့ပါသည်။ ယခုမြင်တွေ့ နေရသော ဘုရားမှာ ၁၉၅၅ ခုနှစ်တွင် ကွန်ကရစ် တိုင်တစ်လုံးဖြင့် ပြန်လည်တည်ဆောက် ထားသောရှေးယခင်ပုံတူ ဘုရား သာလျှင်ဖြစ်ပါသည်။

၃။ တိုင်တစ်လုံး ဘုရားအနီးတွင် ဟိုချီမင်း ဂူဗိမာန်ကြီး၊ ဟိုချီမင်းနေသွားသောအိမ်နှင့် ပြတိုက်တို့ မှာ ဌင်းဘုရားထက် အစတစ်ရာမက ကြီးမားလှသော်လည်း၊ လာရောက်ဖူးမျှော်သော လူထုပရိသတ်မှာ တိုင်တစ်လုံးဘုရားက ပိုပြီးများပါသည်။ စာရေးသူခေတ္တ ရောက်ချိန်မှာ မြင်တွေ့ ရသောမြင်ကွင်းဖြစ်ပါသည်။ အခြားအချိန်များ ကိုမသိပါခင်ဗျား။ စာရေးသူဆိုလို ခြင်သောအချက်မှာ။ ငါအာဏာရှိတယ်၊ ငါပိုက် ဆံရှိတယ်ဆိုပြီး အထည်အ၀ါကြီးမားလှတဲ့ အဆောက်အဦးကြီးတွေ ဆောက်လုပ်သော်လည်း၊ သမိုင်းဝင် အထောက်အထား ပြည့်ဝသော ပေနှစ်ဆယ်ပတ်လယ်မျှသာရှိသော ဘုရားနှင် ပြည်သူတွေ မည်သည်ကို ဖူးမျှော်ကြပါသလည်း ဆိုတာကိုမေးခွန်းထုပ်လိုပါသည် ? ? ? ။ ရွှေတိဂုံဘုရားကဲ့သို့  အစဉ်အလာ ကြီးမားလှတဲ့၊ သမိုင်းကြောင်းအရ ကမ္ဘာမှာအထင်ကရဘုရားကြီးကို ကျနော်မဆိုလိုပါ။ မနေ့ ကမှ ကျပ်ပြေးရွာကလေးကို နေပြည်တော်ခေါ်ပြီး ရွှေတိဂုံဘုရာကြီးလောက်နီးနီး ပြည်သူဘဏ္ဍာငွေနဲ့ မတရားတည်ထားတဲ့ စေတီကြီးကို၊ သမိုင်းဝင်ပါ တယ်လို့ မျက်စေ့မှိတ်အော်နေတာ၊ သမိုင်းလိမ်ကြီးပါဘဲ။

၃။ ယခုစာရေးနေရင်း၊ မိတ်ဆွေတစ်ဦးက ဖုံးနှင့်လှန်းပြောပါတယ်။ မော်လမြိုင် ကတိုး မှာလည်း တိုင်တစ်လုံး အိမ်ဆိုတာ ရှိပါတယ်တဲ့။ ရှိ့ ရင် အင်တာနက် ပေါ်မှာတင်ပေးပါလို့ ပြောတော့၊ ဖုံးချသွားတယ်။ တကယ်တော့ မော်လမြိုင် ကတိုးမှာ တိုင်တစ်လုံးအိမ်ဆိုတာမရှိပါ။ သက်သက်မြန်မာလူထုကို ယုံထင်ကြောင်ထင်နဲ့  အားမနာတန်း လှဲ့ စားထားတဲ့ စကားလုံးပါ။ စာရေးသူကိုယ်တိုင် မော်လမြိုင် ကတိုးက တိုင်တစ်လုံးအိမ်ကို ရှာဖွေဘူးပါတယ် – မရှိပါ။ မတွေ့ ဘူးပါ။ တိုင်တွေကို မမြင်ရအောင် ဖုံးထားသောအိမ်၊ တိုင်ဖုံးအိမ်သာရှိတယ်လို့ ဆိုပြီး ဧည့်သည်တွေကိုလိမ်ပြီး တဟား ဟားရယ် နေတဲ့ မြို့ ခံ တွေကိုသာတွေ့ ခဲ့ရပါတယ်။ စကားအဖြစ်သာကြားဘူးပြီး၊ မရောက်ဖူးသူလူများကို လူလိမ်ကြီးများဖြစ်အောင် ချောက်တွန်း ချက်ကြီး တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

၎။ အထက်ပါတိုင်တစ်လုံး ဘုရားကျောင်းကို နေ့ စဉ် နံနက် ၈း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ၀င်ကြေးမရှိဖွင့်ပါသည်။

၅။ ဒူးပေါ် ပေါင်ပေါ် လက်ပြတ်အင်းကျီ နှင့် ၀င်ရောက်ကြည့်ရှု့ ခြင်းကိုလက်မခံပါ။ အခြား ဗီယက်နံမှ ဘုရားကျောင်းများ လည်းထိုနည်းအ တိုင်းဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “တိုင်တစ်လုံးဘုရား
  1. ကြီမားသောကျွန်းပင်ကြီးတပင်ထဲနှင့် ခွဲစိတ်ပြီးအိမ်တစ်လုံးဆောက်ခဲ့သည်ဟုရှေးမွန်လူကြီးများ(ကျုပ်အဖွားအပါအ၀င်)ကပြောခဲ့ပါသည်။ကျွန်းတလုံးထဲတိုင်ထူပြီးဆောက်သည်ဟုမမှတ်ယူသင့်။ကျွန်းပင်ကြီးမားပုံကိုသာဆိုလိုရင်းဖြစ်ပါသည်။

  2. ဗီယက်နမ် လို့မရေးပဲ ဗီယက်နံ လို့စာလုံးပေါင်းရခြင်းကို သိလိုပါတယ်။

  3. ဗီယက်နမ် လို့ ရေးခြင်းက ဗီယက်နံလို့ ရေးခြင်းထက်ပို မှန်ပါသည်။ မှတ်ချက်အတွက်ကျေးဇူးတင်ပါသည်။ ဦးဇော်မင်းလှိုင်၏ မှတ်ချက်အပါ ကြီမားသောကျွန်းပင်ကြီးတပင်ထဲနှင့် ခွဲစိတ်ပြီးအိမ်တစ်လုံးဆောက်ခဲ့သည်ဟု ဆိုသည်မှာလည်း ဖြစ်နိုင်ပါသည်။ မှန်နန်းရာဇ၀င်မှာပါသော ကောက်နှုပ်ချက်ကိုဖေါ်ပြရသော် – မင်းတရားကြီးသည် (ဘုရင့်နောင်ကိုဆိုလိုပါသည်) ချစ်မြတ်နိုးလှသော ဓါတုကလျာသမီးတော်ကလေးကို ကမ္ဗောဇသာဒီ ရွှေနန်း၏ တစ်ပင်တိုင် ဆောင်တွင် စံမြန်းစေခဲ့သည်။ – ဟုဆိုထားသည်ကြောင့် တိုင်တစ်လုံးနန်းဆောင်လို့ ထင်ပါသည်။ မှတ်ချက်အတွက်ကျေးဇူးတင်ပါသည်

Comments are closed.