လူများ၊ ရုပ်ပုံလွှာများ

မင်းကိုနိုင် အတက် ခွေးဘီလူး က အကြွေ

မင်းကိုနိုင် အတက် ခွေးဘီလူး က အကြွေ

သူကွယ်လွန်ချိန်မှာ အသက် (၇၂) နှစ် ရှိပါပြီ။
ဖခင် ဦးမဲနက် နဲ့ မိခင် ဒေါ်မသိန်းနု တိုရဲ့သား ဖြစ်ပြီး ၁၉၄၀-ခုနှစ် နိုဝင်ဘာလ(၁၁) ရက်မှာ မွေးဖွားခဲ့ တယ်။
ငယ်ရွယ်စဉ်က ၁၉၆၅-ခုနှစ်ကနေ ၁၉၇၀-ခုနှစ်အထိ နာမည်ကြီး ရခိုင်ပြည်နယ် ကိုယ်စားပြု ဘောလုံးသမားဖြစ်ခဲ့ဖူးတဲ့ ဦးစံရွှေဦးကို သူငယ်ချင်းအရင်း ခေါက်ခေါက် တွေက သူ့ရှေ့တင် မှာ၊ စစ်တွေမြို့သားတွေကတော့ သူ့ကွယ်ရာမှာ သူ့ကို ခွီးဘလူး (ခွေးဘီလူး) လို့ခေါ်ကြတယ်။
ငယ်ရွယ်စဉ်ကာလမှာ တုံးဆိုတိုက် ကျားဆိုကိုက်တဲ့ အဘ ခွီးဘလူးဟာ စစ်တွေမြို့ လမ်းမကြီးပေါ် က ခြင်္သေ့တစ်ကောင်ဖြစ်ခဲ့ဖူးတယ်။
၁၉၈၈-ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့အခါ စစ်တွေမြို့နယ် သပိတ်ကော်မတီဝင်ဖြစ်တဲ့ ဦးစံရွှေဦးဟာ အရှောင်အတိမ်းကောင်းလို့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့်၊ ၂၀၀၁-ခုနှစ် ဘင်္ဂါလီဆူပူမှုကာလမှာ ဘာရယ်လို့မဟုတ် ‘နောက်ကွယ်က ကြိုးကိုင်သူ’ လို့ နာမည်တပ်နိုင်မယ့် သူတစ်ဦးဦး ကို ထောင်ထဲပို့ချင်နေတဲ့ စစ်ထောက်လှမ်းရေးတွေ လက်ချက် နဲ့ ထောင်ငါးနှစ်ခွဲ ကျခဲ့တယ်။
မကွယ်လွန်ခင် အချိန်အထိ ဦးစံရွှေဦးဟာ စစ်တွေမြို့ရဲ့ “အစိုင်အလာမပျက် ရခိုင် ယိုင်ကျေး မှု ဖော်ထုတ်ရေး” အဖွဲ့ရဲ့ ဦးစီးနာယက အဖြစ်ဆောင်ရွက်ပြီး ရခိုင့်ရိုးရာ ရထားဆွဲပွဲများ ကို ပြန်လည် ဖော်ထုတ် ခဲ့တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မင်းကိုနိုင် အတက် ခွေးဘီလူး က အကြွေ
  1. သူရဲကောင်းတယောက်တော့သွားပြန်ပြီပေါ့..အားလျော့သွားသလိုပဲ..။

Comments are closed.