မိုးမခကို ပေးတဲ့စာ
ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား…. အစိုးရပိုင်စက်ရုံလား
ပြည်သူတဦး (မိုးမခပေးစာ)
နိုဝင်ဘာ ၂၄၊ ၂၀၁၂
အကြောင်းအရင်းမှာ ဒေါ်မို့မို့ဝင်းသည် ၎င်းစက်ရုံတွင် (စိတ်မှူး) ရာထူးဖြင့် နေ့ စဉ်ဌာနမှထွက်ရှိသော ဘိလပ်မြေ တန် ၅၀၀ ကျော်ခန့်အား ဘိလပ်မြေရရှိသူ ကိုယ်စားလှယ်များအား သတ်မှတ်ခွဲတမ်းများအား ဖြန့်ဝေပေးရကြောင်း၊ ယင်းသို့ဖြန့်ဝေရာတွင် ဒေါ်မို့မို့ဝင်းမှ သတ်မှတ် ခွဲတမ်းများအား ဖြန့်ဝေပေးရကြောင်း၊ ယင်းသို့ဖြန့်ဝေရာတွင် ဒေါ်မို့မို့ဝင်း ထံသတ်မှတ်ခွဲတမ်း ရရှိသူကိုယ်စားလှယ်များမှ ၁ တန်လျှင် (၅၀၀) ကျပ်နှုန်းအား တရားဝင်သဘောပေးရသည့်အပြင် ၎င်း၏ကိုယ်ပိုင်ယာဉ်များဖြစ်သည့် ၈ဆ/၉၆၀၆ (၁၀) ဘီး၊ ၂၈/၉၈၁၁(၁၂)ဘီး ယာဉ်နှင့် ၄ဃ/၄၆၂၅ (၂၂) ဘီးယာဉ်တို့ဖြင့် ကိုယ်စားလှယ်များ ဘိလပ်မြေသယ်ယူသွားလိုသည့် တိုင်းနှင့်ပြည်နယ်နေရာများသို့ ယာဉ်ဌား ရမ်းမည်ဆိုလျှင် ဘိလပ်မြေခွဲတမ်းအပြည့်အဝပေးပြီး၊ ၎င်းတို့ယာဉ်များဖြင့်မဌားရမ်းလိုဘဲ ကိုယ်စားလှယ်များမှ ၎င်းတို့၏အစီအစဉ်ဖြင့် ယာဉ်ဌားရန်မည်ဟုပြောဆိုပါက ခွဲတမ်းအား အကြောင်းအမျိုးမျိုးပြ၍  အပြည့်အဝမပေးဘဲ ရက်ရှည်အချိန်ဆွဲထားခြင်းဖြင့် ဘိလပ်မြေ ထုတ်ယူလိုသည့် ကိုယ်စားလှယ်များအနေဖြင့် ဒေါ်မို့မို့ဝင်း၏လုပ်ရပ်ကြောင့် ခရီးစရိတ်ထောင်းပြီး  အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ဒေါ်မို့မို့ဝင်း၏ ယာဉ်ဌားရမ်းခဈေးနှုန်းများမှာလည်း ပြင်ပဈေးနှုန်းများထက် ကြီးမြင့်နေကြောင်း၊ သို့ဖြစ်၍  အစိုးရတာဝန်ရှိသူများအနေဖြင့် ၎င်းဘိလပ်မြေစက်ရုံသည် ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား၊ အစိုးရပိုင်စက်ရုံလား၊ မသိဖြစ်နေရခြင်း  ဖြစ်ပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “ဒေါ်မို့မို့ဝင်းပိုင်စက်ရုံလား…. အစိုးရပိုင်စက်ရုံလား
  1. တကယ်တော့သူ့နောက်မှာ စပွန်ဆာဘိုးဘိုးကြီးရှိပုံရတယ်ဗျ
  2. Last 20 year ago, Bo Gyi Aye Mout also did it in,Tha Maing main ware house,Ministry (1).If you don’t believe Please ask Zay Ka Bar Khin Shwe.
Comments are closed.