နိုဝင်ဘာ ၂၄၊ ၂၀၁၂
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ ပြောင်းအလုပ်သမားများ၏ ကလေးသူငယ်များ အရေးကို အာဏာပိုင်များ လူမှုအဖွဲ့ အစည်းများနှင့် NGO များ အတိုက်အခံ ဆွေးနွေးနေကြဆဲဖြစ်သည်။ ရွှေ့ ပြောင်းမိခင်များ ကလေးမမွေးရေး – အရွယ်မရောက်သေးသောကလေးများ နိုင်ငံပြန်ပို့ရေး – မိဘနှင့်သားသမီး လူ့ အခွင့်အရေး စသဖြင့် ထောင့်စုံဘက်စုံဆွေးနွေးနေကြသည်။
ရွှေတွံတေးဆရာတော်က “ကလေးတွေကိစ္စကို ထိုင်းဘက် – မြန်မာဘက် ဆွေးနွေးနေကြပေမယ့် အဖြေမထွက်သေးဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ရသရွေ့ တော့ ကလေးတွေကို စာသင်ပေးနေရမှာပဲ။ ဉာဏ်ရည်တက်အောင် စာရိတ္တကောင်းအောင် လိမ္မာအောင် ၀ိုင်းပြီးကြိုးစားပေး ကြရမှာပဲလို့” မိန့် ကြားခဲ့သည်။